ရှုံး...... ရှုံးသွားမှာစိုးတယ်

ငါက အပေါ်ယံကြည်ပေမယ့်
အတွင်းမှာ အိုင်နေတဲ့ ...ပုံဆောင်ခဲတစ်ခုပါ
ဘယ်သူ့ ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့
ဘယ်သူ့ဘယ်သူ့ကမှ အားမနာတတ်ခဲ့ဘူးကွယ်
ပြောလိုက်ပါရစေ
..
ချစ်သူရေ
ငါဘယ်သူ့ဘယ်သူကိုမှ မရည်ရွယ်ပါဘူးကွယ်.လို့

လွန်လေပြီးသောလား
တစ်ချိန်ကလား..
ကြာမြင့်နေတဲ့ အတိတ်လား
ငါက နင့် သမိုင်းမှာ
ခုတော့ ရိုင်းလောက်နေပါပြီ..။..။

ဒီရင်ထဲက နေရာတစ်ခု ကို ရောက်ဖို့ရယ်
ဒီရင်ထဲမှာပဲ ခြေရာတစ်ခုဖျောက်ဖို့ရယ်
တစ်ပြိုင်နက်ထဲမှာပဲ နင်ကျွမ်းကျင်ခဲ့တယ်..။


“က” လက်စ ကြိုးတွေဖြတ်ပါ..။
ငါက ၀ါသနာရှင်အဆင့် သက်သက်..။
မာယာရဲ့ နရီစည်းဝါးကို
ငါလိုက်မမီခဲ့..။

ဒီကြိုးကို ဖြတ်ပါ..
နင်ငါ့ကိုလွှတ်ပါ..
အဝေးဆုံးကို တစ်ခုခုအော်ရင်းပြေးလိုက်ချင်ရဲ့
မုန်းတယ် ဆိုတာမျိုးပေါ့..။

ခက်နေတာ
ဒီမျက်လုံးတွေကို ငါမရုန်းနိုင်ခဲ့...တော့..။

ရှုံး..ရှုံး သွားမှာစိုးတယ်..။