တစ်နေ့နေ့မှာ ကျွန်မ မရှိတဲ့အခါ ...ဘယ်အရာက အဓိက သူ့ကို လွမ်းဆွတ်စေမလဲ..
တစ်နေ့နေ့မှာ ကျွန်မ မရှိတဲ့အခါ .. သူအရင်ဆုံး မေ့သွားမှာ ကျွန်မ ရဲ့ ဘာအကြောင်းကိုလဲ..။
အိပ်ရာထ ပျင်းတာကိုများ သူ စမေ့မလား..။
ကျွန်မချက်ကျွေးတဲ့ဟင်းလေးတွေကို သူ စမေ့မလား..။
ကျွန်မက နောက်ပြောင်တတ်တယ် ဆိုတာ ကို သူ စမေ့မလား..။
တစ်ခါတစ်လေ အလုပ်က ပြန်လာရင် ကျွန်မအတွက် မုန့်လေးတစ်ခုခု ၀ယ်လာဖို့ သူမေ့နေတတ်သည်။
တစ်ခါတစ်လေကျ ချစ်သူများနေ့မှာ အနမ်းလေးတွေ ပေးဖို့ မှ သူက မေ့နေတတ်သည်.။
တစ်ခါတစ်လေကျ ...သူက သူ့ဘေးမှာ ကျွန်မ ရှိနေတာကိုမေ့နေတတ်ပြီး အိပ်ရာမ၀င်ပဲလဲ နေတတ်သေးတာပဲ..။
ဒါဆို တစ်နေ့ကျ သူတကယ်မေ့သွားမှာပဲ ..။
ကျွန်မ မရှိတော့ရင်.. သူတကယ်မေ့သွားရလွယ်မှာပဲပေါ့..။
ကျွန်မ သူ့အနားမှာ မရှိတော့တာ သေချာတဲ့တစ်နေ့မှာ ကျွန်မကို သတိရနေစေရန် အတွက်နဲ့တော့စာလေးတစ်စောင်တောင်မထားခဲ့ချင်ပါ။
သူရုတ်တရက် သတိရတဲ့အခါ ကျွန်မက သူ့အနားကို ပြန်လာနိုင်တော့မှာမှ မဟုတ်တာ..။
ကျွန်မ မှာခဲ့ချင်တာလေးတွေတော့ ရေခဲသေတ္တာပေါ်မှာ စာရွက်တိုလေးနဲ့ပေါ့ပေါ့လေး ရေးပြီးမှာခဲ့မည်..။
ရေမှန်မှန်ချိုးရန်
ညအိပ်ရာစောစောဝင်ရန်
အစားများများ စားရန်..
ခေါင်းကိုက်လျှင် ဆေးသောက်ရန်မပျင်းရန်
ဒီ၎ခုက ကျွန်မ သူ့အပေါ်မှာ ထားခဲ့တဲ့ မျှော်လင့်ချက် အကုန်ပါလို့ပြောရင်လဲ သူယုံမှာ မဟုတ်ပါဘူးလေ။
သူရယ်နေမှာ ..ကျွန်မ သိတယ်..။
ကျွန်မက နောက်ထပ် ၃လ ပဲ အသက်ဆက်ရှင်ရမယ် ပြောလဲ သူရယ်နေမှာပဲ..။
"ကိုယ်မယုံပါဘူး မင်းဒါ သက်သက်ကျပ်တာပဲ .".
အဲလို သူက လာပြောရင် ကျွန်မကလဲ ပြန်ရယ်နေမှာပဲ..
"သူ ဘယ်လိုသိသလဲ တော်လိုက်တာ"လို့တောင် ဟန်ဆောင်နောက်ပြောင်ပြန်ပြောမိဦးမယ်..။
သေချာတာတော့ အဲဒီ့အချိန် ကျွန်မတကယ် သူနဲ့မခွဲချင်ပါ..။
နောက်တစ်ခု က သူ့ကိုလဲ ကျွန်မကို လွမ်းဆွတ်တသနေတာမျိုးမဖြစ်စေချင်ပါ.။ကျန်တာလဲ ဘာမှ မလိုချင်ပါ.။
တစ်ခုပါပဲလေ...
သူနဲ့ ပတ်သက်ရင် အရာရာ အတ္တကင်းကင်း ချစ်နေနိုင်တယ်လို့ ထင်နေရပေမယ့်
သူနောက်ထပ် တစ်အိုးတစ်အိမ်ထူထောင်သွားရင်ရော ..
ဒီမေးခွန်းကိုတော့ ကျွန်မ သိသိသာသာ ရှောင်ရှားနေခဲ့မိပါသည်၊
ဘာဖြစ်လို့လဲဆိုတော့ လပေါင်းများစွာ မသာယာတဲ့ ကျွန်မတို့အိမ်ထောင်ရေးရဲ့ နောက်ကွယ်က သူ့ဖောက်ပြန်မှုက ကျွန်မကို ဒီသေစေလောက်တဲ့အထိပြင်းထန်တဲ့ နှလုံးရောဂါကိုတောင် ပေးနိုင်ခဲ့တာကြောင့်ပါပဲ။
ကျွန်မ မရှိတော့တဲ့အခါ သူပထမဆုံး ထလုပ်မှာ မင်္ဂလာဆောင် တစ်ခု မဖြစ်စေဖို့သာ ...ဆုတောင်းရင်းးးးးးး
တစ်ခါတစ်လေ အလုပ်က ပြန်လာရင် ကျွန်မအတွက် မုန့်လေးတစ်ခုခု ၀ယ်လာဖို့ သူမေ့နေတတ်သည်။
တစ်ခါတစ်လေကျ ချစ်သူများနေ့မှာ အနမ်းလေးတွေ ပေးဖို့ မှ သူက မေ့နေတတ်သည်.။
တစ်ခါတစ်လေကျ ...သူက သူ့ဘေးမှာ ကျွန်မ ရှိနေတာကိုမေ့နေတတ်ပြီး အိပ်ရာမ၀င်ပဲလဲ နေတတ်သေးတာပဲ..။
ဒါဆို တစ်နေ့ကျ သူတကယ်မေ့သွားမှာပဲ ..။
ကျွန်မ မရှိတော့ရင်.. သူတကယ်မေ့သွားရလွယ်မှာပဲပေါ
ကျွန်မ သူ့အနားမှာ မရှိတော့တာ သေချာတဲ့တစ်နေ့မှာ ကျွန်မကို သတိရနေစေရန် အတွက်နဲ့တော့စာလေးတစ်စောင်တောင်မထားခဲ
သူရုတ်တရက် သတိရတဲ့အခါ ကျွန်မက သူ့အနားကို ပြန်လာနိုင်တော့မှာမှ မဟုတ်တာ..။
ကျွန်မ မှာခဲ့ချင်တာလေးတွေတော့ ရေခဲသေတ္တာပေါ်မှာ စာရွက်တိုလေးနဲ့ပေါ့ပေါ့လေး
ရေမှန်မှန်ချိုးရန်
ညအိပ်ရာစောစောဝင်ရန်
အစားများများ စားရန်..
ခေါင်းကိုက်လျှင် ဆေးသောက်ရန်မပျင်းရန်
ဒီ၎ခုက ကျွန်မ သူ့အပေါ်မှာ ထားခဲ့တဲ့ မျှော်လင့်ချက် အကုန်ပါလို့ပြောရင်လဲ သူယုံမှာ မဟုတ်ပါဘူးလေ။
သူရယ်နေမှာ ..ကျွန်မ သိတယ်..။
ကျွန်မက နောက်ထပ် ၃လ ပဲ အသက်ဆက်ရှင်ရမယ် ပြောလဲ သူရယ်နေမှာပဲ..။
"ကိုယ်မယုံပါဘူး မင်းဒါ သက်သက်ကျပ်တာပဲ .".
အဲလို သူက လာပြောရင် ကျွန်မကလဲ ပြန်ရယ်နေမှာပဲ..
"သူ ဘယ်လိုသိသလဲ တော်လိုက်တာ"လို့တောင် ဟန်ဆောင်နောက်ပြောင်ပြန်ပြေ
သေချာတာတော့ အဲဒီ့အချိန် ကျွန်မတကယ် သူနဲ့မခွဲချင်ပါ..။
နောက်တစ်ခု က သူ့ကိုလဲ ကျွန်မကို လွမ်းဆွတ်တသနေတာမျိုးမဖြစ်ေ
တစ်ခုပါပဲလေ...
သူနဲ့ ပတ်သက်ရင် အရာရာ အတ္တကင်းကင်း ချစ်နေနိုင်တယ်လို့ ထင်နေရပေမယ့်
သူနောက်ထပ် တစ်အိုးတစ်အိမ်ထူထောင်သွားရ
ဒီမေးခွန်းကိုတော့ ကျွန်မ သိသိသာသာ ရှောင်ရှားနေခဲ့မိပါသည်၊
ဘာဖြစ်လို့လဲဆိုတော့ လပေါင်းများစွာ မသာယာတဲ့ ကျွန်မတို့အိမ်ထောင်ရေးရဲ့ နောက်ကွယ်က သူ့ဖောက်ပြန်မှုက ကျွန်မကို ဒီသေစေလောက်တဲ့အထိပြင်းထန်တ
ကျွန်မ မရှိတော့တဲ့အခါ သူပထမဆုံး ထလုပ်မှာ မင်္ဂလာဆောင် တစ်ခု မဖြစ်စေဖို့သာ ...ဆုတောင်းရင်းးးးးးး
10 ယောက်ကဒီလိုဒီလိုပြောကြတယ်:
ဖတ်လို့ ကောင်းတယ် .. မရှိတော့မှတော့ ဘယ်လောက်ကြာကြာ လွမ်းနိုင်မလဲ .. ချက်ချင်းတော့ မင်္ဂလာ ထမဆောင်လောက်ပါဘူးလေ .. :P
(နောက်တာ) :D
ပြောလို့မရဘူးးးး ..မမိုးးခါးး
ချက်ချင်း ထဆောင်ရင် ဆောင်နေမှာ ..
ဥပမာ .. အဆိုတော် ခေါဆုတင် ကိုကြည့်ပါလားး ...
ဟိုကတော့ မိန်းကလေးးပါ ...
ဟီးးဟီးးး
((စိတ်ကူးးတည့်ရာ မန့်တွားတယ်))
ကိုယ်သေရင်သူလဲလိုက်သေမယ်လို့လာပြောရင်နာ့တော့မယုံပါဘူး သေသွားရင်တော့မေ့သွားမှာဘဲ
ချက်ချင်းတော့မင်္ဂလာမဆောင်လောက်ပါဘူး
(ပိုက်ဆံမရှိသေးလို့ :P) ချစ်လို့စတာ
:) ဖတ်လို့ကောင်းတယ်..
ကျွန်မမရှိတော့တဲ့အခါ တဲ့
ဒီစကားလုံးက အရင်းနှီးဆုံးဖြစ်
နေတယ်..နေ့တိုင်းနီးပါးစဉ်းစား
မိလို့...တိုင်ဆိုင်စွာနဲ့ဝထ္ထုလေးကို
ဖတ်လိုက်ရတော့.....
သူ မရှိတော့သောအခါ
တကယ်က သူဟန်ဆောင်ကောင်း လှပါသည်။ ထို့အတွက် ထပ်တူဟန်ဆောင်ကောင်းသူ တယောက်ဖြစ်ရန် ကြိုးစားရသည်မှာ မလွယ်ကူမှန်း နှစ်ယောက်စလုံး သိကြလောက်ပါသည်။ သို့သော် သူတို့နှစ်ယောက်စလုံး ဆက်လက် ဟန်ဆောင်နေခဲ့ကြသည်မှာ တစ်ဦးကို တစ်ဦးမနာကျင်စေဖို့ မှန်း သိသာစေပါသည်။
သူမရှိတော့သောအခါ…..
သေချာသည်က မနက်တိုင်း မိုးလင်းသည်ကို အသိပေးဖို့ သူ့အနမ်းတပွင့် မရတော့သည်ကတော့ သေချာပါသည်။ ရုံးကိုရောက်သည်အထိ သူနှင့်ရောက်တတ်ရာရာတွေကို ဖုံးထဲတွင် ပြောဖို့ မရှိတော့။ ထို့အတူ ရုံးကို ရောက်ပြီ နေ့လည်စာ စားချိန်မှာ ပြန်ဆက်မယ်လို့ ပြောစရာမလိုတော့ပါ။
နေ့လည်စာ စားချိန်ရောက်ပြီဟု မက်ဆေ့ ရောက်မလာသဖြင့် နေ့လည်စာ စားချိန်များ ကျော်သွားနိုင်ပါသည်။ ဒီနေ့ စားလို့ကုန်တယ်လို့ ပို့အပြီးမှာ မက်ဆေ့က အနမ်းများ ရတတ်သည်ကို မေ့ပစ်နိုင်ပါတော့မည်။ တခါတခါ ညစ်ကျယ်ကျယ်ဖြင့် ထမင်းတွေ မကုန်ပါပဲ ကုန်ပါသည်ဟု ညာပြောစရာ လိုအပ်တော့မည် မဟုတ်ပါ။ ထို့ထက်ပို၍ သူ့အနမ်းတွေကို ကြီးကြီးလား သေးသေးလေးလားဟု အပျင်းပြေ ရစ်စရာ ရှိတော့မည်လည်း မဟုတ်တော့ပါ။
သုံးနာရီကျော်ကျော်မှာ နှိပ်နေကျ ခလုတ်တခုကို နှိပ်ပြီး အလုပ်ထဲက အကြောင်းတွေကို ဟိုဟိုဒီဒီ ပြောဖို့ မလိုအပ်တော့ပါ။ အလုပ်ရှုပ်နေသည်ဟု ဆင်ခြေကန်စရာလည်း မလိုအပ်တော့သလို သူ့ဆီက ဖုံးမလာတော့သည်ကို လည်း ပြဿနာ မရှာနိုင်တော့ပါ။
ငါးနာရီခွဲပြီ ရုံးဆင်းပြီလား ဘယ်နားရောက်နေပြီလဲ အခုထိ ဘာလို့ ဖုံးမခေါ်သေးတာလဲလို့ စိတ်ဆိုး စိတ်ကောက်စရာလဲ မဖြစ်နိုင်တော့ပါ။ အိမ်ရောက်တာကို အကြောင်းမကြားဘူး။ ဘာဖြစ်နေလဲ ဘယ်သူနဲ့ ဘာဖြစ်ပြန်လဲ စိတ်မကြည်ပြန်ဘူးလားဆိုပြီး တဖွဖွမေးရင်း ခေါင်းရမ်းပြမယ့် သူတယောက်ကို ဘယ်တော့မှ မတွေ့ရတော့ပါ။
ညမအိပ်ခင် သွားတိုက်ဖို့ သတိပေးဖို့ မလိုတော့ပါ။ ဆေးသောက်ပါလို့ အော်မယ့် သူမရှိတော့တဲ့အတွက် စိတ်လွတ်ကိုယ်လွတ်ဖြစ် မဖြစ် သိပ်မသေချာပါ။ နမ်းလိုက်မှ မင်းနှုတ်ခမ်းတွေ ခြောက်သွေ့နေတယ် ရေမသောက်ဘူးလားဆိုပြီး ဆူပစ်ဖို့ အဆင်သင့် စောင့်နေစရာမလိုတော့ပါ။
လမ်းပေါ်မှာ နမ်းရင်ရှက်တတ်သူ တယောက်၊ လူလစ်ရင် ခိုးနမ်းသူတယောက် လို့ စနောက်စရာ မရှိတော့ပါ။
သူနဲ့ပတ်သက်သော အရာများစွာ သူနဲ့ အတူ ပျောက်ဆုံးသွားပါဖို့ တိတ်တခိုး ကြိတ်ပြီးဆုတောင်းမိပါသည်။ သို့သော် ဆုတောင်းတိုင်း ပြည့်တတ်သည်တော့ မဟုတ်ပါ။
သူမရှိတော့မှာကိုသိနေသော သူ့ကိုချစ်သူတယောက်၏ရင်တွင်းဝေဒနာကို သူမမြင် မသိ မထိတွေ့အောင် ကြိုးစားရင်း သူမရှိတော့မယ့် အချိန်တွေထက် အဆပေါင်းများစွာ နာကျင်ငိုရှိုက်ရင်း ဆွံ့အ နေခဲ့သည်မှာ ကြာခဲ့ပါပြီ…………………..
မောင်ကိုကို
ကိုမောင်ကိုကို ..............ရေ
စာလေးကို ၀တ္တုလို မြင်ပြီး ဖတ်နေရာကနေ အမည်မသိ ရေးလိုက်တဲ့ ကော်မန့်ကြောင့် တကယ့်အဖြစ်အပျက်များလားလို့ အလန့်တကြား ဖြစ်သွားတယ်။
သူ ရော သူမ ရော မရှိတော့တဲ့ အခါကို မစဉ်းစားကြပဲနဲ့ ရှိနေတဲ့အချိန်လေးကို တန်ဖိုးထားကြဖို့ တိုက်တွန်းလိုပါတယ်လေ။
Anonymous ကပြန်ရေးထားတယ်လေ
စိတ်ချ.........
သူဘယ်တော့မှမေ့မှာမဟုတ်ဘူး......
ဟားဟား.........စတာ
အရမ်းကောင်းတဲ့အရေးအသားလေးပဲ
ကြိုက်တယ်
ကျွန်မမရှိတော့တဲ့အခါကျွန်မအမျိုးသားဘယ်လိုကျန်ခဲ့မလဲသိချင်လိုက်တာ
Post a Comment