သူငယ်ချင်းဘ၀..

´ဒါပဲနော်..ပျော်ရွှင်ပါစေ..´

ချစ်သူဘ၀..

´အရမ်းချစ်တယ် ..အရမ်းလည်းလွမ်းနေတယ်.. အစစ အရာရာ ဂရုစိုက်နော်..အဆင်ပြေတာနဲ့လာခဲ့နော်´

အိမ်ထောင်ကျတော့..

´ကားလက်မှတ် မရလို့ လိုက်မလာဖြစ်သေးဘူးနော်..အဆင်ပြေရဲ့လား..´

ကလေးလည်း ရ..

`ဖေကြီးရေ.. နာဂစ်ကြောင့် အိမ်ခေါင်မိုးကြီးလန်သွားတယ်

မေကြီးကို ပိုက်ဆံပို့ပေးဦးနော်..ကလေးတွေလည်း အရမ်းလန့်နေကြတယ်..`

ဒီလိုနဲ့ပေါ့……

………………….

`ကိုဘမောင်ရေ..ဒီတစ်ခေါက် ရှင် သမီးကြီးဆီက ပြန်လာရင် ကျုပ်တို့ အရှင်ဆေကိန္ဒ တရားပွဲလေးသွားရအောင်..နော်..´

9 ယောက်ကဒီလိုဒီလိုပြောကြတယ်:

လွမ်းသုရင် said...

ရုံးမှာ ဘလော့ခ်ခိုးရေးနေသလား :P
စတာ ဟီးဟီး
ပေးစာစတိုင်တွေကတော့ အလန်းပဲ
ဆက်ရေး သူငယ်ချင်း
မြရေလျဉ်တို့ တကယ်ရေးတော့လည်း အကောင်းစားတွေချည်းပါပဲလား....
နင့်အိမ်က ကဗျာဟောင်းလေးတွေရော ပြန်တင်ချင်စိတ်ရှိသေးဝူးလား...

( ချစ်တာပျောက်တာ ရှစ်ခါရှိပြီ မေတ္တာကြောက်တာ ဆန်းသလား... ဆိုတာမျိုးလေးတွေလေ :P ခုတော့လည်း GTC ချိန်ပါရာမတွေ အကုန်စွံကုန်ပါပြီဟာ ( မျက်စိ) :D )

ဖိုးသင်္ကြန် said...

သယ်ရင်း ...ငါကို ချိန်လိုက်စမ်းပါ။ စွံ့ချင်လို့။ ပြီးရင် ငါ နင့်ကို ပြန်ချိန်ပေးမယ်။ စတာနော်၊ စိတ်မဆိုးရဘူး။ :P

လွမ်းသုရင် said...

ဘယ်သူကို ချိန်ခိုင်းတာလဲ ကိုဖိုးသင်္ကြန်...
မြရေလျဉ်ကိုလား.. GreenGirl ကိုလား
ရှင်းရှင်းပြောပါ။ သယ်ရေးလို့ ပြောထားတဲ့အတွက် နှစ်ယောက်လုံးနဲ့ သက်ဆိုင်နေပါတယ်။
မရှင်းမရှင်းပြောရင် တော်ကြာ ဒွတ်ခဖြစ်နေပါဦးမယ်။
ဘယ်သူကိုချိန်ခိုင်းသလဲဆိုတာ ရှင်းရှင်းပြောပါ :P

မြရေလျဉ် said...

ငါ့ ဘလော့မှာ ခုလို စကားလာပြောပေးတဲ့ နင်တို့၂ယောက်ကို ကျေးဇူးတင်လွန်းလို့.....
ကျေးဇူးဆပ်တဲ့ အနေနဲ့ ..
၂ ယောက်လုံးကို ...ဟဲ ဟဲ....
...:P

သက်ပိုင်သူ said...

အမယ်.... နာမရှိတုန်း.... အကုန်လုံး လူထွက်ပေါက်ဆီ.. အဲယောင်လို့.... စိတ်ထွက်ပေါက်ဆီရောက်နေကြပါလား..... အမေရေလျဉ်ရေ... များများရေးဟေ့.... ဖတ်ရတာ အားမရတော့လူးဟ.... ငှဲ... ငှဲ....

ပိုင်ဖြိုးကို said...

သူငယ်ချင်း ရေယျဉ် ရေ...ပို့စ်တွေက သွက်လှချေလား ...
လူ အတိုင်းဘဲ .... :P

emayarKhin said...

ပေးစာများနဲ့အတူသံဝေဂပါရရှိသွားကြောင်း.........

မိုးခါး said...

စိတ်ကူးတွေ စိတ်ကူးတွေ .. :D

ဆောင်းချမ်းမိုး said...

ဒါပေါ့..ဒါပေါ့