အတောင်ချိုးထားတဲ့ငှက်ပါ
ချစ်နေလျက်နဲ့လဲ ..ချစ်နေတဲ့သူဆီမပျံနိုင်ဘူး..။
မိသားစုအတွက်
မောင်လေး အတွက်
ညီမလေးအတွက်..
အတွက် အတွက် အတွက် ..

တွက်နေရင်းကပဲ.
ငါဟာ(ကျေကျေနပ်နပ်) ထိုးကျွေးခံမယ့် ကျားတစ်ကွက် ဖြစ်လာတယ်..။

နင်စောင့်နေတဲ့ ရက်တွေ အရင်လို လင်းလက်သေးရဲ့လား..။

မနက် ပြီးတော့ ည
ငါလည်း လွမ်းတတ်ပါတယ်လို့ တစ်ခါတစ်ခါပြောပြော ပြ ချင်သေး..။
ချစ်သူချော့တေးကတော့ အလှမ်းဝေးဆဲပါ..။
အထင်လဲလွဲပါ..အမြင်လဲကွဲပါ..
ငါနင့်ရင်ထဲ တိုး လာ ချော့မရဘူး..
ရင်ပဲအကွဲခံလိုက်တယ်..
နင်လဲ မျှော်လင့်ရတာမောရောပေါ့..။

တစ်ခါတစ်ခါကျတော့လဲ..
လွမ်းလိုက်တာလို့ ပြောဖို့ရယ်
အဆင်ပြေရဲ့လားမေးဖို့ရယ်..
လွဲနေတဲ့တစ်ချို့တစ်ချို့လေးတွေ ညှိဖို့ရယ်တောင်မှ
(နင်မသိလို့ပါ)
ဂဂျောင်ကျ ကျနေတဲ့နေ့တွေ..
ငါလေ အဝေးတစ်မြေကနေ
တွေးမပြေနိုင်တဲ့ အားမလိုအားမရစိတ်တွေနဲ့..
ရင်ဘတ်တွေ ကြေအောင် အော် လိုက်ချင်ရဲ့..

ချစ်သူရေ
ကျေးဇူးပြုပြီး
ခဏခဏ စိတ်မကောက်ပါနဲ့..။



(အငြိမ့်မလာခင် တင်လိုက်တာပါ..ကြော်ညာဖြတ်တယ်ပေါ့နော်....:D)

18 ယောက်ကဒီလိုဒီလိုပြောကြတယ်:

မေလေး said...

နာ့လဲလွမ်းနေဒယ်
နင်လို ဖွန်တွေ ဟုတ်ဖူး
အိမ်ကို
အဟင့်

Unknown said...

ကောင်းလိုက်တာသူငယ်ချင်းရယ်၊ လွမ်းဖူးတဲ့သူတိုင်းသိတာပေါ့။ တကယ်ကိုနင့်နင့်နဲနဲခံစားရတယ်။

မြရေလျဉ် said...

ဘာကွ!

ကိုရေတမာ said...

အောက်က သုံးကြောင်းလေး ပြောဖို့အရေး ဖတ်လိုက်ရတာ... ချစ်သူတိုင်း ဆုံဆည်းနိုင်ကြပါစေ

မိုးခါး said...

ဘာကွ

max အချိုရေ :P

အလကား နောက်တာ .. စိတ်လား
ကောက်မှာပဲ ကောက်မယ်ကွာ .. ဘာဖြစ်လဲ .. ချော့ခံချင်လို့ ကောက်တာ ကောက်မှာပဲ .. ချော့ ချော့ ချော့ ..................း)))

ပျော်ရွှင်ပါစေ ..

ပြောဦးမယ် ချစ်ရင် word verification ဖြုတ်ပေးဆို ...............

စိုင်းစိုင်းလားရှိုး said...

လွမ်းလို့တဲ့ မျက်နှာလေးကို ဖြီးနေတာပဲ

တောင်ပေါ်သား said...

စိတ်မကောက်နဲ့တဲ့ ကောက်မှာပေါ့ သွားစတာကိုးးးးးး
အမြန်ဆုံး အဆင်ပြေပါစေ

လေးစားလျက်
တောင်ပေါ်သား

emayarKhin said...

စိတ်ကောက်နေတဲ့
ချစ်သူကိုချော့ထားတဲ့
ကဗျာလေးကို တော်တော်ခိုက်တယ်....

Unknown said...

အမယ်.. ကောင်စရာ ရည်းစားရော ရှိလို့လား

သီဟသစ် said...

သြော် သူလွမ်းတာ ငါလွမ်းတာထက် ပက်ပက်စက်စက်ပိုပါ့လား

:D

စည်သူ said...

အော်.. လွမ်း.. လွမ်း.. လွမ်း

လာလာ လာလာ
လွမ်းလွန်းလို့ လေ
လည်လည်လာလှည့်
လာလှည့်လည်လည်
လည်လည်လှည့်လာ
လည်လာလှည့် လွမ်းလို့ 
လွမ်းလို့  လည်လာလှည့်လေ..။

လာလာ လာလာ
လည်လာလှည့်လာ
လှည့်လာလည်လည်
လာလှည့် လေ့လာ
လာလေ့လာလှည့်
လာလေ့လာလိုလျှင်
လာလေ့လာလို့ လည်း
လာလေ့လာလို့ လေ
လိုလိုလားလား
လာလေ့လာလှည့်လေ..။

လာလာလာလာ
လာလည်လှည့်လေ
လာလည်လှည့်လျှင်
လာလည်လို့ လေ
လာလည်လို့  လွမ်းလိုက်လေ..။

လာလာလာလာ
လည်လာလှည့်လေ
လည်လာလှည့်လျှင်
လည်လာလို့ လေ
လိုလိုလားလား
လှိုက်လှိုက်လှဲလှဲ
လွမ်းလွန်းလို့  လည်လည် လာလှည့်လေ..။

ကိုကကောက်မလို့.. သူများတွေကောက်သွားပြီး
အဲဒေါ့.. လွမ်းပဲ လွမ်းလိုက်တော့မယ်..

နွေးနွေးသဲမွန် said...

မိုက်တယ်..း-)

Unknown said...

ကဗျာလေး ကောင်းပါတယ်
“ ငါလေ အဝေးတစ်မြေကနေ
တွေးမပြေနိုင်တဲ့ အားမလိုအားမရစိတ်တွေနဲ့..
ရင်ဘတ်တွေ ကြေအောင် အော် လိုက်ချင်ရဲ့..ဆိုတဲ့ စာသားလေးကို အကြိုက်ဆုံးပဲ
အားပေးလျှက်ပါ
နှင်းဟေမာ

ကောင်းကင်ပြာ said...

သူလဲ လွမ်းတတ်သကိုးးးး

အိုင်လွယ်ပန် said...

ကောင်းပ ..
စိတ်ခဏ ခဏ
ဖြောင့်ပါ ချစ်သူရယ်ပေါ့ :)

Phyo Maw said...

comment

(ဖတ်ပြီး comment ရေးသွားတယ် :)

ပုံ့မေ said...

အဟေးဟေး...... စိတ်ကောက်ချင်ယောင်များဆောင်နေလေလား။။

ကောက်ချင်ယောင်ဆောင်နေရင် ချော့ရခက်တယ်နော်။ ဟိဟိ

ဆောင်းချမ်းမိုး said...

ဟိဟိဟိ..
မှတ်ချက်။ ခပ်အုပ်အုပ်ရယ်သွားသည်။