ငါကအိမ်မက်ပေမဲ့.....သူကအိမ်ဘက်တောင် မလာဘူး။
စိတ်နာလို့ထင်ပါရဲ့ ...လိပ်စာသိတာတောင်စာမပြန်တဲ့ လူ။
နေမကောင်းဘူးဆိုရင်တောင်..ခုဆိုသေကြောင်း..နင်ဆုတောင်းနေမလား။
ဩော်..အချစ် အချစ်..
မနှစ်ကနဲ့ကို မတူဘူး။

သူုပဲအရူးအမူး..ပဋာလိုမြေမှာလူးလို့..
ခုဆိုပြန်ပြောရင်တောင်..ရူးချင်ယောင်ဆောင်နေမှာငါမြင်ယောင်သေး..

ဝေးမှာကြောက်တဲ့သူ..
ဈေးမှာတွေ့ရင်တောင်..ရှောင်တတ်နေပြီပေါ့..

တခြားလူကြည့်တာ မကြိုက်ဘူးဆို
ခုတော့
အနားဘယ်သူရှိရှိ..မသိသလိုပဲနော်။

နေနိုင်ပါတယ်ကွယ်
မကျေနိုင်မချမ်းနိုင်..မုန်းနေမယ့်အစား
ခုလိုပဲသွားပါ။

ငါ့သားငါ့သမီး
အရွယ်တွေကြီးလာမှ
တိတ်တိတ်လေးလက်ညှိုးထိုး
တိုးတိုးလေးပြောပြမယ်................
'ရည်းစားဦး အချစ်ဦး
ယုံကြဖို့ စိတ်မကူးနဲ့ ...လို့'......။


့မြရေလျဉ်
(၁၅.၁၀.၀၈)

11 ယောက်ကဒီလိုဒီလိုပြောကြတယ်:

အလင်္ကာ said...

ပြတ်စဲသွားတဲ့ ရည်းစားတွေအကြောင်းပြောရရင် စိတ်နာစရာတွေပါ ပါပါလာမယ်။
ဟီးးးးးးးးးးးးးးးးးးးးး
ဘလော့ဂ် အသစ်မှာ ကွန်မန့်ပေးခွင့်ရတာ ၀မ်းသာပါတယ်။ :)

မြရေလျဉ် said...

ဟာသလုပ်ပြီးရေးထားတာပါ။
အဲဒီလောက်တော့.....
မဟုတ်နိုင်ပါဘူး..
;p

လွမ်းသုရင် said...

"တခြားလူကြည့်တာ မကြိုက်ဘူးဆို
ခုတော့
အနားဘယ်သူရှိရှိ..မသိသလိုပဲနော်။"

မိုက်တယ်ကွာ၊ ဒီစာသားလေးကို တော်တော်ကြိုက်သွားပြီ :)

emayarKhin said...

ပြတ်စဲသွားသောရည်းစားတွေ
တော်တော်များသလားဟင်????
ဘာဘဲပြောပြောဖတ်လို့တကယ်ကိုကောင်းပါတယ်။
အရင်ကထက်ကိုပိုပြီးတော့ကောင်းပါတယ်။

မောင်ဖားကြီး said...

ကာရံတွေကတော့ အစ်မလက်ရာလို့ မပြောရဘူး ။ ကောင်းပါ့ဗျား။ ဟာသလည်းမြောက်ပါတယ်

Unknown said...

good fri.

သဇင်ဏီ said...

မိုက်တယ်ဟ..
အိုင်ဒီယာလေးလန်းတယ်...
သဘောကျတယ် ဒီကဗျာလေးကို

မီးငယ် said...

မှတ်သားသွားပါတယ်မမ...

တီချမ်း said...

အင်းကဗျာကို စကားပြေပုံစံလေးနဲ့ရေးထားတာ
စိတ်ဝင်စားစရာကောင်းအောင်တင်ပြတတ်တယ်
တော်တယ်

မလိခ said...

ကဗျာတွေရော စာတွေရော တကယ့်ကိုကောင်းတယ်....

မိုးခါး said...

ဟယ်
ကလေးတွေကို လက်ညိုးထိုးပြီး ပြဦးမလို့လား :D
တကယ်ချစ်ရင် word verification ကြီး ဖြုတ်ပေးပါလားဟယ် :D