ငါကအိမ်မက်ပေမဲ့.....သူကအိမ်ဘက်တောင် မလာဘူး။
စိတ်နာလို့ထင်ပါရဲ့ ...လိပ်စာသိတာတောင်စာမပြန်တဲ့ လူ။
နေမကောင်းဘူးဆိုရင်တောင်..ခုဆိုသေကြောင်း..နင်ဆုတောင်းနေမလား။
ဩော်..အချစ် အချစ်..
မနှစ်ကနဲ့ကို မတူဘူး။
သူုပဲအရူးအမူး..ပဋာလိုမြေမှာလူးလို့..
ခုဆိုပြန်ပြောရင်တောင်..ရူးချင်ယောင်ဆောင်နေမှာငါမြင်ယောင်သေး..
ဝေးမှာကြောက်တဲ့သူ..
ဈေးမှာတွေ့ရင်တောင်..ရှောင်တတ်နေပြီပေါ့..
တခြားလူကြည့်တာ မကြိုက်ဘူးဆို
ခုတော့
အနားဘယ်သူရှိရှိ..မသိသလိုပဲနော်။
နေနိုင်ပါတယ်ကွယ်
မကျေနိုင်မချမ်းနိုင်..မုန်းနေမယ့်အစား
ခုလိုပဲသွားပါ။
ငါ့သားငါ့သမီး
အရွယ်တွေကြီးလာမှ
တိတ်တိတ်လေးလက်ညှိုးထိုး
တိုးတိုးလေးပြောပြမယ်................
'ရည်းစားဦး အချစ်ဦး
ယုံကြဖို့ စိတ်မကူးနဲ့ ...လို့'......။
့မြရေလျဉ်
(၁၅.၁၀.၀၈)
Subscribe to:
Post Comments (Atom)
11 ယောက်ကဒီလိုဒီလိုပြောကြတယ်:
ပြတ်စဲသွားတဲ့ ရည်းစားတွေအကြောင်းပြောရရင် စိတ်နာစရာတွေပါ ပါပါလာမယ်။
ဟီးးးးးးးးးးးးးးးးးးးးး
ဘလော့ဂ် အသစ်မှာ ကွန်မန့်ပေးခွင့်ရတာ ၀မ်းသာပါတယ်။ :)
ဟာသလုပ်ပြီးရေးထားတာပါ။
အဲဒီလောက်တော့.....
မဟုတ်နိုင်ပါဘူး..
;p
"တခြားလူကြည့်တာ မကြိုက်ဘူးဆို
ခုတော့
အနားဘယ်သူရှိရှိ..မသိသလိုပဲနော်။"
မိုက်တယ်ကွာ၊ ဒီစာသားလေးကို တော်တော်ကြိုက်သွားပြီ :)
ပြတ်စဲသွားသောရည်းစားတွေ
တော်တော်များသလားဟင်????
ဘာဘဲပြောပြောဖတ်လို့တကယ်ကိုကောင်းပါတယ်။
အရင်ကထက်ကိုပိုပြီးတော့ကောင်းပါတယ်။
ကာရံတွေကတော့ အစ်မလက်ရာလို့ မပြောရဘူး ။ ကောင်းပါ့ဗျား။ ဟာသလည်းမြောက်ပါတယ်
good fri.
မိုက်တယ်ဟ..
အိုင်ဒီယာလေးလန်းတယ်...
သဘောကျတယ် ဒီကဗျာလေးကို
မှတ်သားသွားပါတယ်မမ...
အင်းကဗျာကို စကားပြေပုံစံလေးနဲ့ရေးထားတာ
စိတ်ဝင်စားစရာကောင်းအောင်တင်ပြတတ်တယ်
တော်တယ်
ကဗျာတွေရော စာတွေရော တကယ့်ကိုကောင်းတယ်....
ဟယ်
ကလေးတွေကို လက်ညိုးထိုးပြီး ပြဦးမလို့လား :D
တကယ်ချစ်ရင် word verification ကြီး ဖြုတ်ပေးပါလားဟယ် :D
Post a Comment