ချစ်ခြင်းမေတ္တာ အနန္တနဲ့
ဘ၀ က တနံတလျား..

သူနဲ့ငါ ဆိုတဲ့ ဆက်သွယ်ချက်နဲ့
အပြန်အသွားတွေ ကြည့် ကြည့်ပြီး
ရင်မချိတာတွေများ...ပါပေါ့။


ဟိုမှာအပြာရောင် မိုးသား။
မုန်တိုင်းလည်း လွင့်စင်သွားရော
ခံစားနိုင်စရာ အင်အားကမရှိ
ငါဘယ်လိုမှ ထ မကြည့်နိုင်ခဲ့။
`ငွေရောင်အနားသတ်ရှိစမြဲ´ လို့ အားပေးဖူးသူတွေကိုတော့
ကျေးဇူးတင်ပါရဲ့...။


အနှောင်အဖွဲ့ခံရင်းနဲ့ပဲ
လှောင်ခဲ့ ပိတ်ခဲ့တဲ့ ကိုယ့်အတ္တတွေကိုလည်း ရွံတယ်။
ဒါပေမယ့် ဒီနွံထဲမှာပဲ တ၀ဲလည်လည်။

မျှော်လင့်ချက် ဆိုတာကိုတော့
လက်ဖွဲ့အင်းအိုင် တစ်ခု လို..
မယုံတစ်ဝက် ယုံတစ်ဝက် စိတ်နဲ့..
လိုရမယ်ရ လက်မောင်းမှာချိတ်ထားရတယ်။

ဒီလိုနဲ့ပဲ လာခေါ်မယ်ထင်တဲ့ ရထားကလည်း
ဘူတာစဉ် အ၀င်နောက်ကျနေလားမသိ..
အချိန်တွေ မတိကျတော့ဘူး။


(ပို့မယ့်ပို့ပြီ ဆိုတော့လည်း.....)
ကူးတို့ရောက်အောင် ပို့ကြပါကွဲ့..
ငါတို့ရဲ့ နောက်ဆုံး အိမ်ပြန်ချိန်လေ..။

5 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Unknown said...

လူ့ဘဝရဲ့အနှစ်သာရဆိုတာမျှော်လင့်ချက်မပါဘဲ ဘယ်ပြည့်စုံပါ့မလဲ။ အရမ်းကောင်းတယ်။

သက်ပိုင်သူ said...

ဟိုမှာအပြာရောင် မိုးသား။
မုန်တိုင်းလည်း လွင့်စင်သွားရော
ခံစားနိုင်စရာ အင်အားကမရှိ
ငါဘယ်လိုမှ ထ မကြည့်နိုင်ခဲ့။
`ငွေရောင်အနားသတ်ရှိစမြဲ´ လို့ အားပေးဖူးသူတွေကိုတော့
ကျေးဇူးတင်ပါရဲ့...။

သည်စာသားလေးကို အရမ်းသဘောကျတယ်...
ကဗျာတွေ ကောင်းလာတယ်

အိုင်လွယ်ပန် said...

နင့်အရင်ကလက် နင်ပြန်မှီဖို့ ....
နီးလာပြီ ....

တလနွန် said...

ကဗျာလေးထဲက “မျှော်လင့်ချက် ဆိုတာကိုတော့
လက်ဖွဲ့အင်းအိုင် တစ်ခု လို..
မယုံတစ်ဝက် ယုံတစ်ဝက် စိတ်နဲ့..
လိုရမယ်ရ လက်မောင်းမှာချိတ်ထားရတယ်။”
တွေးထားတာလေးကို သဘောကျတယ်။ ကောင်းတဲ့
ကဗျာတစ်ပုဒ်ပါဗျာ။

ခင်မင်ခြင်းနှင့်
တလနွန်

emayarKhin said...

ညီမလေးရေ....
အတိုးချပြီးဖတ်သွားတယ်...
ကဗျာတွေတော်တော်ကောင်းတယ်....