ငယ်ငယ်ကရာဇ၀င်လေး


ကျောင်းသားတွေ အားလုံးတိတ်ဆိတ်.... တုပ်တုပ်မျှမလှုပ်ရဲ..
(၇)တန်းအေ အခန်းထဲမှာပေါ့.....။
ဒေါ်သန်းသန်း ဆိုရင် အားလုံးကကြောက်ရသည်။အင်္ဂလိပ်စာ အသင်ကောင်းသလို ဒဏ်ပေးကလည်း ကြမ်းသည်။
မှားပြီလားဟေ့ .တစ်လုံး..ပြေးလိုက်စမ်းဟေ့ ခွေးလို။
ဒီနှစ်.... ဒီနှစ်ထပ်စာသင်ဆောင် အပေါ်ထပ်ရောက်တာ ကံကောင်းသည်။ မဟုတ်ရင် သူ ဒီလို ကြမ်းပြင်ပေါ်ပြေးခိုင်းပုံနဲ့ မသက်သာ။အောက်ထပ်တမံသလင်းပေါ်မှာဆို ဒူးတွေတောင် ဆုတ်ပြဲလောက်ရဲ့။စာသင်ခုံတွေ တစ်တန်းပြီးတစ်တန်းပြီးသွားပြီ။
အာဇာနည် သန်းသန်းကလည်း ဒဏ်ပေးကောင်းဆဲ။
ဖတ်စာအုပ်ထဲကကြည့်ကူးတာတောင်မှားတယ် ဟုတ်လား...ဟိုဘက်ဒီဘက် ၁၀ခါပြေးမယ်။
နားထဲသို့ ဆရာမအသံ ထိုးဖောက်လာလေလေ ကြောက်လေလေ။ရှေ့က စာသင်ခုံတွေကသူငယ်ချင်းတွေ အလှည့်တောင်ပြီးပြီ။ဒါပြီးရင် ငါတို့ အတန်း ငါတို့ခုံ။ထပ်ကာတလဲလဲ စစ်ထားသော စာမျက်နှာများကိုပဲ ထပ်ကြည့်ရပြန်သည်။

နောက်တစ်တန်း..
ရင်ထဲ ဒိန်း ကနဲ..။မော့ကြည့်တော့ ဆရာမ။ ဟင်း ..... သွားရမှာပေါ့လေ။
`.............´ညည်းတို့ ခုံတန်းကလူတွေ အလှည့်လေ။

ဟုတ်ကဲ့ ဆရာမ။ပြီးတော့ ကမန်းကတမ်း အပြေး။
အမလေး လဲပြီတော့။


ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးဟားးး


တစ်တန်းလုံး ရယ်သံတွေ နားထဲမှာ..။

အဲဒီ့နေ့က စ လို့ ပြောကြတယ်။ သူပေါ့ ဆရာမကိုကြောက်ပြီး ဒူးတွေချောင်ကျသွားတာ တဲ့။


ရဲမင်း ဆိုတဲ့မော်နီတာ က စခေါ်လိုက်တဲ့ နာမည်ပြောင် တစ်ခုကလည်း ဒီနေ့အထိ ငယ်သူငယ်ချင်းတွေကြား ရေပန်းစားဆဲ။

`ဒေါင်ချူး´ တဲ့။

ဟဲ ဟဲ စိတ်ဝင်စားအောင် စာသံပေသံနဲ့ ရေးလိုက်တာ။ နာမည်ပြောင်ကြီး က မလှလို့လေ။

နောက် တစ်ခါတုန်းက တက္ကသိုလ် မှာပေါ့..

ကျောင်းကားပေါ်မှာ လိုက် လိုက် စတတ် တဲ့ မျက်လုံးပြူးပြူးကောင်လေးတစ်ယောက် ကြောင့် ရခဲ့တာက ` သာလိကာ´ တဲ့။
အေးပေါ့ ကိုယ်က သူ့ ကို `ဇီးကွက် ´ လို့ ခေါ်ပြီး အရင် စဖဲ့ တာကိုး။သူ့နဖူးက မှဲ့ကြောင့် လူတိုင်းက ကျားခင်စိန် လို့ခေါ်တာကိုတောင် အဲဒါ ပဲပြုတ်စေ့ ကြီး ကပ်နေတာဟ ဆိုပြီး `ပဲပြုတ်´လို့ လည်းနာမည်ပေးမိသေးတယ်။ မြရေလျဉ် နာမည်ပေးတော်တာတော့ သက်ပိုင်သူ ပြောပြီး ဖြစ်ပါလိမ့်မယ်။ဒီလို အပေးတော်တော့ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို ပြန်ပေးလိုက်တဲ့ နာမည်တွေကလည်းမနည်းပါဘူး။

ငယ်ငယ် ကပါပဲ။ဒါက ကိုးတန်းကျူရှင်မှာ။ နေရာတကာ စွာ ..စွာ နိုင်လွန်းတဲ့ မြရေလျဉ် က ဘယ်ကျားမှလည်း ဗိုလ်မထားချင်ဘူး။ဒီတော့ ဆရာ စာသင်ရင် ကောင်လေးတွေနဲ့ ပြိုင်ပါတယ်။ဆရာ နဲ့ ငြင်းပါတယ်။တော်တော်များများ ကောင်လေးတွေကလည်း အမြင်ကပ်ပါတယ်။တစ်စုံတစ်ယောက်က လွဲရင်ပေါ့လေ။အဟဲ ဒါက ကြော်ငြာနော်။နောက်တော့ နေရာတကာ ပါလွန်းတဲ့ မြရေလျဉ် ကို သူတို့ ကွယ်ရာ ကခေါ်ပါသတဲ့။
`ပါပါ´တဲ့။
ရင်နာစရာကောင်းတာကတော့ အဲဒီ့ခုနကပြောတဲ့ တစ်စုံတစ်ယောက်ကလည်း နောက်ပိုင်း လူချင်းကွဲသွားတော့ကိုယ့်ကို သတိရကြောင်း လူကြုံနဲ့ မှာတမ်းချွေတိုင်း `ပါပါ့ ကို သတိရတယ် ရည်းစားရနေပြီလား´တဲ့။ကြားရတာ နားထဲ ကလန့်ပြီး ကဗျာမဆန်မှုကြောင့် သူ့ကိုလည်းရင်မခုန်ဖြစ်တော့ပါဘူး။



ခုတော့ အသည်းကွဲသယောင်ဘာယောင်ယောင်နဲ့ ဘလော့ဘာလေးရေးမယ်ပေါ့။ဘလော့ပေါ်တက်တယ်။
သက်ပိုင်သူ ကစပြီးဈေးဦးပေါက်ခေါ်ပစ်လိုက်တယ်။ အမေရေယာဉ်တဲ့။မော်တော်ဘုတ်လို့ မခေါ်တာပဲကျေးဇူးတင်ပါတယ်။

ကဲ ..သက်ပိုင်ပြောင်ရေ..အမှတ်တရ နစ် အကြွေးကြေပြီနော်..။
ဘာလဲ တကယ့် နစ်ကို ထည့်မရေးလို့ မကျေနပ်ဘူးလား။အိုကေလေ။ပြောလိုက်ပါ့မယ်။အဓိက သူပြောစေချင်တာက ဒါကိုး။

ဒီလိုပါရှင် ။ငယ်ငယ်ကရော။တက္ကသိုလ်ရော။အခု ဘလော့ ရေးနေတဲ့ ကာလတွေမှာရော တော့..အားလုံးက တစ်ညီတစ်ညွတ်ထဲခေါ်ကြတဲ့ နာမည်လေးက..
`ချောစုခင်´တဲ့။

တူမတူတော့ အထက်ကပုံတွင်ကြည့်ပါ။

23 ယောက်ကဒီလိုဒီလိုပြောကြတယ်:

nini said...

ဟုတ် သလိုလို ပဲ နော်၊၊ စ တာ၊၊ တူပါဘူး၊၊sis ကပိုချောတယ်၊၊ ဟင်းချက်ကျွေးနော်၊၊ :P

တလနွန် said...

ငါးမည်ရ မြရေလျဉ်တဲ့ ဟားဟားးး
မဇီးကွက်လို့ ခေါ်တဲ့ တစ်ယောက်ကို ကျွန်တော်သိသလို
ပဲ။ (ဟဲဟဲ) ။ အစ်မနာမည်ကို ကျနော စခေါ်ကြည့်မယ်။
(၁)မဒေါင်ချူး
(၂)ပါပါ
(၃)သာလိကာ
(၄)အမေရေယဉ်
(၅)ချောစုခင်

ချောစုခင်နှင့်တော့ မတူပါဘူးးးးး(မုန့် ကျွေးပါ)

ခင်မင်ခြင်းနှင့်
တလနွန်

Unknown said...

tu hma tu! hehehehe

Unknown said...

ဘယ်သူပြောတာလဲ ချောစုခင်လို့ဟင်...ငါ့သူငယ်ချင်းကိုများ.. ဆုရွှန်းလဲ့ ဟဲ့ ဆုရွှန်းလဲ့ ဟားဟားဟား တော်တော်ရီရတယ်နော်..ဆုရွှန်းလဲ့။

မြရေလျဉ် said...

ဟင်း မ ရီပဲပြောတာမဟုတ်ဘူး။ခုတော့ တစ်မျိုးကြီးပဲ။
မသင်္ကာဘူးနော်။

ပိုင်ဖြိုးကို said...

ငါက ငါးမည်ရသွားတယ်ဆိုလို့ စိတ်ပူလိုက်ရတာ၊ နောက်မှ နင့်ဘာသာနင်ရတာဆိုလို့ စိတ်အေးသွားတယ်။ နင်ပဲစဉ်းစားကြည့်လေ နင်ကငါးမည်ဆိုတော့ ငါးယောက်နဲ့များ ..... :P

သက်ပိုင်သူ said...

ဟားဟား..
ဘယ်ကပုံကို ဘယ်လိုပြင်ပြီးတင်ထားတာလဲ .. ချောရဲ့..
ချောစုလေး...
တူလား.. မတူလား.. အနော်ရဲ့ နှစ်၃၀ကို လာဖတ်ကြပါကုန်
.. ဒူေ၀.... ေ.....၀

Sein Lyan Tun said...

ချောစုခင်ထက်ချောပါတယ်
အမေယဉ်ရယ်
ခုနှစ်မိုင်အကွာကနေကြည့်
ပိုတောင်ချောသေး
အဟီးးးဟီးး
ဂယ်ပြောတာ ရှစ်ရှာလေးးး
ခင်မင်စွာဖြင့်
ဖိုးစိန်
စိတ်ဆိုးနဲ့နော်
နောက်တာ

သက်ပိုင်သူ said...

ဟား.. ဟား.
ချောတို့များ.. ဓါတ်ပုံလေးတင်ပြီး.. လုပ်စားလိုက်တာ
ကိုကိုစိန်လို လူမျိုးတွေ ရစ်သီရစ်သီ လုပ်လာပီ..
ငါလည်း တင်ဦးမှ
ဟီး

Sein Lyan Tun said...

ပိုင်ပိုင်ရယ်... မရစ်ပါဘူး
ပျားပိတုန်းလေး လို ပျံဝဲနေတာပါ...
လိပ်ပြာလေးလှလှလေးတစ်ကောင်က အဆင်းလှလှ မွေးကြိုင်နေတဲ့ ပန်းတပွင့် အပေါ်ကို နားချင်တာပါ
အဟားးဟားးး
အမေယဉ်လှော်တဲ့ လှောက်တက်လေးဖြစ်ချင်တာပါ..

သက်ပိုင်သူ said...

ဟား ဟား..
ကိုကိုကျောက်စိန်က .. တယ်လာတဲ့ စာပါလား..
ကြည့်ဝဲဦးဗျ..
ဝဲနေတဲ့ ပန်းက ရိုးရိုးပန်း မဟုတ်ဘဲ Venus Trap ဖြစ်နေဦးမယ်.. တခါတည်း ကွိခနဲ ဂန့်သွားမယ်.. Venus Trap တွေက ပါးစပ်ကြီး ဟထားသလို ပြဲပြဲကြီး... အနံ့လည်းတော်တော်ဆိုးတယ်ဗျ..

ဟီးဟီး..
လှော်တက်လေးလည်း ဖြစ်ချင်သေးတယ်ပေါ့.. ပြောချင်တော့ဘူး

puluque said...

အမေရေယာဉ်တဲ့...မိုက်တယ်ဗျာ...ချောစုခင်ထက် ချောပါတယ်ဗျာ ဓါတ်ပုံထဲမှာနော်...ဟိဟိ

ဖိုးသင်္ကြန် said...

ဓာတ်ပုံကြီး အိမ်ဝမှာတွေ့လိုက်ရတော့ ဘာများဖြစ်ပါလိမ့်လို့ စိတ်တောင်ပူသွားတယ်။
ကလူ ကလူ...
:P

GreenGirl said...

ဟယ်..ငါ့သယ်ရင်းကိုများ ၀ိုင်းနှိပ်ကွပ်နေလိုက်ကြတာ ကြည့်စမ်း။ ချောစုခင်နဲ့ တူချင်တိုင်းတူလို့ ရလို့လားလို့ ပြန်ပြောလိုက်။ ချောစုခင်တို့များ သွားလေးသာ လေသလပ်ခံထားတာပါ အသံကတော့ ရှယ်ပဲနော်။ ဟုတ်တယ်မလား။ အဲ့လိုပြန်ပြောလိုက်သိလား။
ဘယ်သူဘာပြောပြော မြရေလျဉ်ဆိုတဲ့ နာမည်လေး လှပါတယ်ဟ။ ငါတော့ကြိုက်တယ်။

မြရေလျဉ် said...

သေပြီဆရာ.

GreenGirl said...

ချိတ်ချိုးပါနဲ့ သယ်ရင်းရယ်။ ငါပြောတာ ချောစုခင်ကိုပြောတာပါ။ လူတွေမှာ ကောင်းတဲ့အချက် တော်တဲ့အချက်တစ်ချက်စီတော့ ရှိတယ်လို့ ပြောချင်တာပါ။ နင့်ကိုလည်း ဒီသဘောပါပဲ။

တက်တော့ရေးပေးနော်း)

မြရေလျဉ် said...

အမလေး ပြောနေကြပုံတွေ က တကယ်တူနေလို့ ငါက အားငယ်နေပုံနဲ့ နော်.....ဟီး ။

သက်ပိုင်သူ ...သူတက်ဂ်တာဆို တစ်သက်လုံးမရေးဘူး တော်ပြီ။

မောင်မောင် said...

ဒေါ်သန်းသန်း ဆိုတာ ထ(၅) မရမ်းကုန်း က ဆရာမလည်း ဗျ။
စပ်စုတာ မဟုတ်ပေမယ့်လည်း တူနေလို့ ပါ။
အင်္ဂလိပ်စာလည်းသင်သလို အပေါက်လည်းဆိုး အရိုက်လည်းကြမ်းပါတယ်။

မေလေး said...

ချောစုခင်လောက်တော့ နာ့သယ်ရင်းက သနားသေး

Phyo Maw said...

ဒေါ်သန်းသန်းအေးက ပုံထဲမှာကျတော့ ခန့်သား

"မင်းကိုချစ်တဲ့သူ" said...

၅ ခုမဟုတ်တော့ဘူး ၆ ခုဖြစ်သွားပြီလေ... မနေ့ကပဲ သူ့ကိုသူ ခိုင်သင်းကြည်တဲ့......

သဇင်ဏီ said...

:D လန်ထွက်နေတာ

ဆောင်းနှင်းရွက် said...

သူများတွေ က ဘာတွေ
ပြောသွားကြမှန်းလဲ
သိဘူးနော် ...
မမမြ က
ချောစုခင် ထက်တောင်
ချော် လွန် ပါ ..
(မှားလို့)
ချော လွန်း ပါ သေး တယ် .>>>