ဘလော့ဂါတို့ရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ အတွက် အငြိမ့် ငှားပါတယ်တဲ့။ဦးဆောင်တဲ့ ကာလသားတွေက တော့ ကာလသားခေါင်း ကိုမိုးကုတ်ခေါ် သမားတော်ဦးဘိုကြီးကိုတောင်ပေါ်သား၊ကာလသားပေါက်စနောက်လိုက်တွေကတော့

ဖိုးသင်္ကြန်၊တလနွန်နဲ့ ရေတမာတို့ အဖွဲ့တွေပေါ့လေ။အားလုံးကလည်း သိတော်မူတဲ့ အတိုင်း လယ်ရှင်ယာရှင် သူဌေးသားတွေကလား။ငွေစလေးရွှင်တော့လည်း မြို့က နာမည်ကျော် မင်းသမီးချော `မြရေလျဉ်´ပါတဲ့ အငြိမ့် ကို မှ သွင်းချင်ပါတယ် လို့ သူကြီး ဦးသီဟသစ် ကို ဂျီကျတယ်။ဦးသစ်ကလည်း သူက သိပ်စိတ်မပါပေမယ့် သူကြီးကတော် မနှင်းဆီဖြူက ရွာမှာ ပွဲပြတ်နေတာ ကြာပြီ၊ကလေးတွေ အကြိုက် စီစဉ်ပေးလိုက်ဘာညာလေသံပစ် လိုက်တာနဲ့ ပြာပြာသလဲ ကို စီစဉ်တော့တာကိုး။(ဩော် ..သူကြီး ..သူကြီး)

တကယ်တမ်း ပွဲလည်း စကာနီးရော ..၀ါသနာမပါဘူးဆိုတဲ့ ဦးသစ်ကပဲ လူရွှင်တော် ၀င်လုပ်ချင်လာရော..။

ဒီတော့ ဥာဏ်နီဥာဏ်နက် ထုတ်တယ်။ရွာသားတွေ ၀ါသနာပါရင် စင်ပေါ်တက်ပြီးဖျော်ဖြေခွင့်ရမယ်။တစ်ယောက် ဖောင်ဖိုး ဒေါ်လာ ၅၀ ပေးရမယ်တဲ့။နဂိုကတည်းက အနုပညာပိုးက ရွနေတဲ့ ဖိုးသင်္ကြန်က အရင်စ ပြီး စာရင်းသွင်းတယ်လေ..။ W ကို မွေးနေ့လက်ဆောင်ဝယ်ပေးဖို့စုထားတဲ့ဒေါ်လာ ၁၀၀ ထဲကနေ စွန့်စွန့်စားစား ၅၀ ပေးပစ်လိုက်တာ .နည်းတဲ့ ၀ါသနာတော့ မဟုတ်ဘူးနော်..။တလနွန် ကလည်း မိညို တားတဲ့ကြားက စာရင်းလာသွင်းတယ်။သူကတကယ်တော့ သီချင်း ပဲ ဆိုချင်တာ။သူကြီးက `သိပ်တော့မသေချာဘူး..ကြုံရာ ကျရာ ကသရုပ်ဆောင်တာမျိုးလည်း ဖြစ်နိုင်တယ် ။အခမ်းအနားမှူးကနေ ..ပြဇာတ်မင်းသားအထိ နေရာရှိတယ်..ကံပဲ ´ ဆိုမှပဲ ဘာပဲဖြစ်ဖြစ် ဆိုပြီး မျက်စိမှိတ်စာရင်းပေးပြီး ပြန်သွားတယ်။ဒီလိုနဲ့ ပွဲက ရွာသားတွေပွဲ လို့ပဲ နောက်ဆုံးပြောရမှာပေါ့လေ..။

ဒီသတင်းကြားကတည်းက ရွာထဲက ကွမ်းတောင်ကိုင်.ပန်းတောင်ကိုင်.မက်မက်တို့ ၊ရောင်ပြန်တို့ ၊မေဇင် တို့တွေက ပွဲ ကို စိတ်ဝင်စားနေပြီ။ကိုယ့်ရွာသားတွေ ကို အားပေးမယ်ပေါ့..။ဝတ်ရမယ့် အ၀တ်တွေတောင် ရွာထဲက ထင်းထင်း တေလာ မှာ အပ်ပြီး ကြပြီ။ မြန်ကြပုံ။

ခက်နေတာ က အဆိပ်ခွက်နဲ့ ဆောင်းချမ်းမိုး ပဲ။သူတို့ က ပြဇါတ်မင်းသားလုပ်ချင်တာ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ က အဲဒီက ဇာတ်အဖွဲ့မှာပါလာတဲ့ .ပြဇာတ်မင်းသမီး ကြယ်ဖြူစင် ကို ကြိတ်ခိုက်နေကြတာကိုး။မင်းသမီး ကလည်း ရွာ ကို ပွဲကိစ္စနဲ့ လာရင်းတည်းရင်း က သူတို့ ကို ထင်းခွေရေခပ် မှာ အကူအညီတောင်းရပုံရပါတယ်။ လိုက်လျောညီထွေတော့ ပေါင်းရတာပေါ့..။

ဒီလိုသာ နေရာတိုင်းရွာသားတွေချည်း သရုပ်ဆောင်ကြ…၀င်နွှဲနေကြရင် တစ်ည ကို ၂၀ နဲ့ငှားလာတဲ့ ဇာတ်မင်းသား ရှင်ရဲထွဋ် တို့ ကို ပေးထားရတာက အလကားဖြစ်တော့မှာ..။နောက်ဆုံးတော့ သူကြီးဦးသစ်က ရှင်ရဲထွဋ်တို့ နဲ့ ညှိရတာပေါ့..။သူတို့ကလည်းအိုကေတယ်။ Tiger ဆယ်ကဒ် ၀ယ်ပေးထားရင် ရွာသားတွေ ကို လည်းမနှောင့်ယှက်ဘူး…၀င်လည်း မပါဘူး ..။ဒါ့ အပြင် သရုပ်ဆောင်တာပါ အပိုအနေနဲ့ သင်ပေးလိုက်မယ်တဲ့။။အိုကေချက်နော်။

အဲသလိုနဲ့ပေါ့လေ…ပွဲကမယ့်နေ့ ကိုရောက်လာတော့…..။

(အပိုင်း ၂ မျှော်)

16 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Dream said...

လုပ်ပြီလုပ်ပြီ... မြ၀တီကပြတဲ့ ကိုရီးယားကား ကျနေတာပဲ..ဆန့်တငန့်ငန့်နဲ့..ဟွန်... လူဆိုး...

SongChanMoe said...

ဟိုက်..

အငြိမ့်ကကြတော့မယ်ပေါ့..
ဗျာ
လာမယ့်စနေနေ့.. ဟုတ်လား

ဒုက်ခပဲ
အိုးနင်းခွက်နင်းတွေဖြစ်ကုန်တော့မယ်။

သီဟသစ် said...

သူကြီးလာတယ်ဟေ့
သူ့ကိုယ်သူကျတော့ မင်းသမီးဆိုပဲ
:D

Mogok Thar said...

နာက ကာလသားခေါင်းကွ။
လာကြစမ်း။ ကွမ်းတောင်ကိုင်လေးတွေ။
အငြိမ့်ထဲ ၀င်ချင်ရင် ကာလသားခေါင်းကို လာဘ်ထိုးမှ ရမယ်။
မင်းသမီး လှချက်ကတော့ ကြည့်ရက်စရာမရှိဘူးဗျာ။
ဟဲ ဟဲ ဟဲ...။

မေလေး said...

အေးလေ မုန်းလိုက်ထာ ယောက်ခမသူကြီးရယ်။
တူကျမင်းသမီးတဲ့ နာ့တိဒယ်နော်
တူ့ကဆောင်းဆောင်းနဲ့ တွဲကချင်တာကိုးးး
နာ့ကျ စက်ချုပ်သမ
အီးးးးးးးးးးးးးး(ငိုတာ)

ကြယ်ဖြူစင် said...

အောင်မယ်လေးမင်းသမီးတဲ့..ဇတ်ကတော့
ပျက်ပါပြီ..သွားပါပြီ...မင်းသားကိုတော့
လှလှလေးနဲ့တွဲပေးမှဖြစ်မယ်နော်...

မြရေလျဉ် said...

တို့က အငြိမ့်မင်းသမီးနော်..ကြယ်ဖြူစင်က ပြဇာတ်မင်းသမီး မတူဘူးနော်...
ခိခိ..
တို့ က လူရွှင်တော်တွေနဲ့ပဲတွဲပါ့မယ် မေလေး ရယ်..
ပူပါနဲ့...

ရေတမာ said...

အင်း ဆက်ရန်ကို ခပ်လန့်လန့်စောင့်နေတယ် လက်ခုပ်တီးးပြီးလည်းအားပေးနေပါတယ်။ ပစားတော့ပေးနော် မဟုတ်ရင် ပွဲဆူအောင် လုပ်လိုက်မယ်။ ကျုပ်တို့ရွာသားတွေ ဇ ရှိတယ်ဆိုတာသိတယ်နော်။

Sein Lyan Tun said...

အင်းးးး မင်းသမီးလေးနဲ့တော့ တွဲက ချင်သား

ခက်တာက ဘယ်နေရာကနေကရမလဲ မသိတာ

ချစ်ခန်းကြိုက်ခန်းဆိုရင်တော့ စဉ်းစားအုံးမယ်ကွယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

တလနွန် said...

ဘဝက သနားစရာပါလား။ :( ကျုပ်တို့ 
ကာလသားပေါက်စလေးတွေ စင်ပေါ်တက်ဖို့ အတွက်ကို
ဒေါ်လာ နဲ့  သူကြီးကို လဘ်ထိုးရတယ်။ သူကျတော့
နာမည်ကျော် အငြိမ့်မင်းသမီးတဲ့..... :(

တောင်ပေါ်သား said...

လုပ်နေတာ လုပ်နေတာ ဘလော့လောကမှာရှိတဲ့ ဘလော့ဂါတွေလဲ အငြိမ့်သမားတွေ ဖြစ်တော့မယ် အဟေးဟေးးး

လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

ဟဟဟ... သူကြီး က လူရွှင်တော် လုပ်မတဲ့လား... ကဲပါလေ... ကာလသား ခေါင်းက ကွမ်းတောင်ကောင် တွေက သူ့ကို လာဘ်ထိုးမှ ရမယ် တဲ့... ဘာဆိုင်လို့လဲနော်... ကွမ်းတောင်ကောင်နဲ့သူ နဲ့က ...သူ က ကာလသားပေါက်စ တွေနဲ့ပဲ ဆိုင်တာကိုများ... ကဲအေ... ပွဲ ကတဲ့အခန်းက ကြည့်ချင်ပါပြီ... ။ မြန်မြန်လေးဆက်ပါ...။

moekhar said...

ကဲ
မင်းသမီးရေ
ကပါတော့
ပရိတ်သတ်တွေ မျှော်လှဘီ :D

ဖိုးသင်္ကြန် said...

အားလုံးငြိမ်ငြိမ်နေပါ။
မင်းသမီး စင်ပေါ်တက်ကဖို့
၁၆နာရီတိတိ ရေချိုး၊ အလှပြင်နေပါသည်။

သက်ပိုင်သူ said...

"အားပေးကြပါဦးရှင်.. ကိုကြီးများရဲ့ မြရေလျဉ်....
အားပေးကြပါဦးရှင် .. ဦးကြီးများရဲ့ မြရေလျဉ်....."

ဘာမှန်းညာမှန်းမသိ.. မိမော်လွင် သီချင်းနဲ့ အခုလို အားပေးလိုက်ရမလား.. ဟီ... ဟိ

မင်းသမီင်္း ပြုံးရင် သွားမပေါ်စေနဲ့နော်
ခွိ

စိုင်းစိုင်းလားရှိုး said...

ဟင် လုပ်ပြီ ညကြေးက 50 ပြောထားတာလေ။
ဖြတ်စားမယ်မကြံနဲ့ ဟွန်းဟွန်း.......