ပွဲစမယ့်ည..

အရင်ဆုံး ပရိသတ်တွေရဲ့ မြင်ကွင်း..နဲ့ ပတ်ဝန်းကျင်အခြေအနေလေးတစ်ချက်ပြောပြမယ်..။
ထုံးစံအတိုင်းပေါ့လေ..ရွာသူရွာသားတွေ ကွမ်းတွေဝါးလို့ ပွဲကြည့်ဖျာတွေ လုကြ..မိန်းကလေးတွေကလည်း ပွဲခင်းမစခင် အတင်းတုတ်ကြပေါ့လေ..

အဓိက ကတော့ ရွာမှာ လတ်တလောမင်္ဂလာဆောင်မယ့် တောဂေါ်လီစိုင်းသာအေး အကြောင်းပဲ။ရွာတောင်ပိုင်းက မိကြယ် ကပဲဖွတာ။အမယ် ဒီသတင်းက ဂေါ်မစွံကိုဘိုတို့တော့စိတ်အလွန်ဝင်စားတဲ့ သတင်းဗျ။နောက်တစ်ခုက ထင်းထင်းတေလာ ကောင်းကြောင်း၊ ..ချုပ်ပြီးရင် လက်မလွှတ်နိုင်ကြောင်း၊
ပြောနေတုန်း မက်မက် ရောက်လာတယ် ။စကပ်လေး ကို ခါးက ကိုင်လို့..။လက်မလွှတ်နိုင်ဘူးဆိုတာ အဲလိုလေ၊ပွဲကလည်း စကာနီး
ထင်းထင်း ကလည်း လာချင်၊အပ်ထားတဲ့ မက်မက် တို့ လည်းဝိုင်းတောင်းတော့ စကပ် ကို ခါးမှာသားရေကြိုးထည့်ပေးဖို့ မေ့သွားသတဲ့..။ဒါကြောင့် မမရောင် က ခုနပြောနေတာ။ လက်မလွှတ်နိုင်ဘူး ဆိုတာ ...။
ဒီလို ဒီလို အစရှိသဖြင့် ရှော့သေးသေးလေး တွေကတစ်မျိုး..၊
ဒီကြားထဲ မေလေး ကိုယ်က ပိစိကွေး မိကြယ် ဖျာပေါ်ရောက်တာနဲ့ ပွစိပွစိငြင်းကြခုံကြ..၊
လူရွှင်တော်ကြီး ဦးသစ်ကလည်း တစ်မျိုးရယ်...မင်းသမီးတွေ အ၀တ်လဲနေတဲ့ ထရံနားကပ်ပြီး ပါးစပ်ကလည်းအော်သေးတယ်
`အားပါး´
နောက်လိုက် လူရွှင်တော်ငယ်လေးတွေ ဖြစ်တဲ့ ဖိုးသင်္ကြန် တို့ ကလည်း စိတ်ဝင်တစားနဲ့ မေးတယ်
`ဦးသစ် ဘာမြင်လို့လဲ´
`နင့် အဘ ထရံစ စူးတာဟ´

အဲလိုနော်.။


....ဒီလိုနဲ့ ပွဲက စရော...................


ဒလန့် ဒလန့် ဂျိမ်း..
ပလို့ဂျိ..

တီးတီးတီ ..တီးတီတီတော်........
ဦးသစ် ------`ဗုဒ္ဓံ ဓမ္မံ သံဃံ သုံးဖြာရတနာ၊ စိတ်ဝယ်ပိုက်ပါလို့၊ အမယ်မင်း စေရာတွေးရပါတော့မယ်၊
ရွှေဘဝင် လေယာဉ်ဆောင့်သလိုနှယ်၊ ပီပီပြင် ဝီထီ စိတ်ယိုင်တဲ့
ပန်းတို့သခင်၊ ပန်းဘုရင်တို့အကြောင်း.ဟောင်းဟာင်း ပန်းတို့သခင် အကြောင်းဟောင်...´

ရေတမာ-------`ခွန်းထောက်လွှာ ပဏာမနဲ့ စာသလို့ချွေလိုက်တာ ကိုကြီးသစ်လားဗျာ´
ဦးသစ်-------`မှန်ပါ ရေတမာရဲ့..´


ဦးသစ်-------`ကဲ ဒီလို နိဒါန်းပဏာမ စကားဟပြီးလို့မို့ အေးအေးမနေ၊ သဟာဆွေ ဟဒယမြူးရအောင်
ဤကဗျာ ဟိုဒီ မရောက်ကိုဖြင့်သညာဉာဏ်တံခါးလှစ်လို့ရယ်၊
(Typing မြန်မြန်နဲ့) အသာကြည် ရမ်းကာစပ်လိုက်မယ်၊
လာရော့လဟယ်..´

ဖိုးသင်္ကြန်-------`ကောင်းလိုက်တဲ့ စာသားဗျာ´.
ဦးသစ်-------ဖိုးသင်္ကြန်ရေ..
ဖိုးသင်္ကြန်----ဗျာဗျ ဦးသစ်..
ဦးသစ် ---------ပျော်တယ် မဟုတ်လားဗျာ..
ဖိုးသင်္ကြန် ----ပျော်တာပေါ့ ဦးသစ်ရယ်

`ဩော် တစ်နှစ်တစ်ခါ ရောက်လာနေကျ တော်သလင်းးးလ...လ..လ.´

ဦးသစ် စကားမဆုံး သတင်းစာလိပ်ဖြင့် ရေတမာက ချလိုက်ရင်း


` ဗြန်း ဗြန်း ဗြန်း ဟင် သူ့ အဘ တော်သလင်း ...သီတင်းကျွတ်လုပ်ပါဗျ..ခင်ဗျားက´
`မှားသွားလို့ပါကွာ..မင်းတို့ ကလည်း..´
`ဩော် တစ်နှစ်တစ်ခါရောက်လာနေကျ ခုလို သီတင်းကျွတ်ကာလ လေးမှာ ..ရွာသားတွေ စုစုစည်းစည်း နဲ့ ခုလို ကကြရတာ မပျော်ဘူးလားဗျာ´

ဒီအချိန်မှာ ပွဲဝင်ကြေး ဒေါ်လာ ၅၀ ပေးရလို့ မကျေနပ်နေတဲ့ တောင်ပေါ်သား က ယောင်ပြီး
`မပျော်ဘူးဗျာ´ ဟုအော်မိလေသည်..။

အမှန်က `ပျော်တော့ပါဗျာ ဘာညာ´
ရုတ်တရက် သူကြီး ဦးသစ်ကြောင်သွားတယ်။
ဘာပြောရမလဲ မသိတော့ဘူး။
သူကပါယောင်ပြီး

`ဟုတ်တာပေါ့ဗျာ ..ဘယ်ပျော်စရာကောင်းမတုန်းဗျနော်..´
သူကလည်း မနက်က မိန်းမ က သူအနုပညာပိုးထပြီး ဒီဇါတ်ကိုထွင်တာ ငွေခုနစ်သောင်းဆိုက်ရတာနဲ့ မကျေမနပ် လိမ်ဆွဲခံထားရတာကို သတိရသွားတာကိုး။

အင်း ဒီလိုသာ ထင်ရာပြောနေကြရင် ပွဲက ပျက်မယ်..မင်းသမီး အမြန်ခေါ်မှပါဆိုပြီး...ရေတမာက စကားလမ်းကြောင်းပြောင်းသည်..။
`ဦးသစ်ရေ..မင်းသမီးခေါ်ဗျာ..ခင်ဗျား အစွမ်း ကြည့်မယ်..´

`ဟဲ ဟဲ ရေတမာ ရ ကျုပ်က သူများလူရွှင်တော်တွေ
မင်းသမီးခေါ်တာ ကြည့် ပြီးရိုးသဗျာ..ဆန်းဆန်းလေးခေါ်ချင်တာဗျ´
`အလဲ့ ဘယ်လိုတုန်းဗျ´
` မင်းသမီး ဒီမှာ
ဧည့်သည်ရောက်နေတယ် ..ထွက်ခဲ့..´
` အင် အင် အင် ..သေစမ်းသေစမ်း ခင်ဗျား အဲဒါ မင်းသမီး ကို အသစ်အဆန်းခေါ်တာလားဗျ´
`တိဘူးလေကွာ ဘယ်သူနဲ့ မှ မတူအောင် ခေါ်တာကို´

ဦးသစ်က လက်ညှိုးလေးအား ပါးစပ်ထဲ ထည့်
၍မျက်လုံးလေးအား ပတ်ချာလည်ဝိုင်းလိုက်လေသည်..။

ပရိသတ်ကလည်းတွေးသည်..။ သူကြီး က ဘယ်ဆိုးလို့ လဲပေါ့..။



.......အပိုင်း (၃)မျှော်..အိပ်ချင်လာလို့ ..ဆောဒီး.....



14 ယောက်ကဒီလိုဒီလိုပြောကြတယ်:

မေလေး said...

ညည်းအေ့
စားထားတာမှ အားမနာ
ရက်တောင်မကူးသေးဘူး
ကျုပ်ကို နာမည်ဖျက်ပြီ။
နာ့ချုပ်ပေးတာ အကောင်းပါအေ့
သူဘာသာ ဘာလုပ်လိုက်လဲမှ မတိဘဲ
သေချာမေး
လက်မလွှတ်နိုင်တာတော့ သေချာတယ်
လက်ကောက်ပျောက်မှာစိုးလို့
သူကြီးကို သိပ်မပေါနဲ့
ဒါဘဲ

(မြန်မြန် ဆက်အေ့)

သက်ပိုင်သူ said...

မြန်မြန်ဆက်...
မင်းသမိး ကခါနီးမှာ
နှဲဆရာနဲ့ လိုက်ပြေးသွားပိလား

မယ့်ကိုး said...

မင်းသမီးလေးကို မြင်ဖူးတော့ ပုံဖော်ကြည့်လို့ ရသွားပြီ။ :)
စောင့်ဖတ်နေမယ်နော်။
စကားမစပ် ကြိုက်တဲ့ Music ချင်းလည်း တူတယ်။:)

ချစ်ခင်စွာ

Mogok Thar said...

ပြဇတ်တွေသာ စတယ်
ကာလသားခေါင်းက ဘယ်ကွမ်းတောင်ကိုင်မှ အနမ်း မခံရဘူး။

တော်ဘီ။ ဒီပြဇာတ် ဒီတင် တခန်းရပ်
:-P

မေဇင် said...

အမေမော်တော်ဘုတ် ရေ ထွက်ပါတော့ ဗျို့...။ ဦးဘို ကြီး ၇ပ်ခိုင်းတိုင်း မရပ်ပါနဲ့....း))

ဆောင်းချမ်းမိုး said...

မင်းသမီး မြန်မြန်ထွက်ပါဗျို့
မီးစက်ဆရာ..မီးစက်ဆရာခင်ဗျာ..မီးလေးနည်းနည်းလောက်တင်ပေးပါ..
ဟယ်လို.တက်စီ..၀မ်း..တူး..၀မ်းတူး..
ဟေ့ ကလေးတွေ..ပြောင်းဖူးရိုးနဲ့ မထုကြနဲ့လေ..
ဒုန်း..ဂွမ်း..ဟာ..ဦးသစ်ခေါင်းကို မှန်သွားပြီ..

သီဟသစ် said...

ငလျင်မ

လုပ်ထားတာ ကျုပ်တောင် ထရံဆူးခိုင်းသေး
တွေ့မယ်ဟွန်း

ကိုရေတမာ said...

လာသမျှ ပြန်ကြပါတော့ အိပ်ချင်ပြီ

မိုးခါး said...

အိပ်ချင်တာတောင်ဟယ်
ကြိုးစားလိုက်ပုံများ

တောင်ပေါ်သား said...

လုပ်ထားဟ အပိုင်းတွေ ဘယ်လောက် လာမလဲ ကြည့်ရဦးမယ် ကိုးရီးယား ကားကျနေတာပဲ အပိုင်းလိုက်ပဲ အဟေးဟေးးးးးးး


လေးစားလျက်
တောင်ပေါ်သား

Ree Noe Mann said...

ဆက်ရန် ကိုမျှော်နေတယ်ဗျို့။

ခင်တဲ့ ရီနို

တလနွန် said...

မြန်မြန်ဆက်ပါ။။။များများရေးပါ။မင်းသမီးမြန်မြန်ထွက်ပါ။

Phyo Maw said...

ဖတ်မလို့ပဲ အိပ်ချင်လာလို့ ..ဆောဒီး.....
^_^

Mogok Thar said...

တူညား ကို ဂေါ်မစွံတဲ့။
မင်းသမီးတို့ ကျိတ်ပိုးလို့တောင် တုပ်တုပ် မလှုပ် အိနြေ္ဒ အပြည့်၊ သိက္ခာအပြည့်နဲ့ လူပျိုကြီး ဂုဏ် ထိန်းသိမ်းထားတာ။ နောက်တခါ လာပြီး ချစ်စကား ပြောလို့ကတော့...

ဟွင်းဟွင်းးး မင်းးးသမီးးးးးး
သတိသာထားးးးးးး