ရှုံး...... ရှုံးသွားမှာစိုးတယ်

ငါက အပေါ်ယံကြည်ပေမယ့်
အတွင်းမှာ အိုင်နေတဲ့ ...ပုံဆောင်ခဲတစ်ခုပါ
ဘယ်သူ့ ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့
ဘယ်သူ့ဘယ်သူ့ကမှ အားမနာတတ်ခဲ့ဘူးကွယ်
ပြောလိုက်ပါရစေ
..
ချစ်သူရေ
ငါဘယ်သူ့ဘယ်သူကိုမှ မရည်ရွယ်ပါဘူးကွယ်.လို့

လွန်လေပြီးသောလား
တစ်ချိန်ကလား..
ကြာမြင့်နေတဲ့ အတိတ်လား
ငါက နင့် သမိုင်းမှာ
ခုတော့ ရိုင်းလောက်နေပါပြီ..။..။

ဒီရင်ထဲက နေရာတစ်ခု ကို ရောက်ဖို့ရယ်
ဒီရင်ထဲမှာပဲ ခြေရာတစ်ခုဖျောက်ဖို့ရယ်
တစ်ပြိုင်နက်ထဲမှာပဲ နင်ကျွမ်းကျင်ခဲ့တယ်..။


“က” လက်စ ကြိုးတွေဖြတ်ပါ..။
ငါက ၀ါသနာရှင်အဆင့် သက်သက်..။
မာယာရဲ့ နရီစည်းဝါးကို
ငါလိုက်မမီခဲ့..။

ဒီကြိုးကို ဖြတ်ပါ..
နင်ငါ့ကိုလွှတ်ပါ..
အဝေးဆုံးကို တစ်ခုခုအော်ရင်းပြေးလိုက်ချင်ရဲ့
မုန်းတယ် ဆိုတာမျိုးပေါ့..။

ခက်နေတာ
ဒီမျက်လုံးတွေကို ငါမရုန်းနိုင်ခဲ့...တော့..။

ရှုံး..ရှုံး သွားမှာစိုးတယ်..။

21 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ဆောင်းချမ်းမိုး said...

ဘယ်သူကိုပြောတာလဲ မသိဘူး..
မျက်စိလည်သွားပီ။

တလနွန် said...

ရုန်းထွက်လို့ မရရင်လည်း အရှုံးပေးလိုက်ပေါ့ :)ဟိဟိ စတာ ! ကဗျာလေး ကောင်း၏

တလနွန် said...

အဟမ်း အဟမ်း အပေါ်ကလူကြီးကတော့လေ :P

Anonymous said...

ဒီကြိုးကို ဖြတ်ပါ..
နင်ငါ့ကိုလွှတ်ပါ..
အဝေးဆုံးကို တစ်ခုခုအော်ရင်းပြေးလိုက်ချင်ရဲ့
မုန်းတယ် ဆိုတာမျိုးပေါ့..။

ကောင်းတယ်ကွာ မိုက်တယ်

ဒါနဲ့ နင့်ကို ဘယ်သူက ကြိုးတုတ်ထားလို့လည်း ဟိဟိ နင့် လို လူကို ကို ကြိုးတုတ်ထားနိုင်တဲ့ သူ ငါသိချင်တယ်ဟာ တကယ်တကယ် လေးစားသွားမှာ ဟိဟိ

မေလေး said...

နင်ရင်ထဲရောက်အောင်လာနိုင်တယ်ဆိုတော့ တော်တော်တော်တာဘဲ မောင်ဆောင်းက အဲလေ သူလေးက....းP
ဗညားပြောတာ နာ့လဲထောက်ခံတယ်ဝေးးးး
ချစ်လို့စတာ

မရှုံးနိုင်ပါဘူးအေ့
စိတ်ပူနဲ့
နာတို့ချိတယ် သဲလေးး

သံလွင် HeRo said...

ဟင်း....ဟင်း....ဟင်း

ငချမ်းကောင် said...

အင်းးးးး ချည်သွားတာကို။ တကယ်လျင်တယ်။ ဒါကြောင့် အနားချည့် ကပ်နေတာကိုး။ တရုတ်ဓါးကြီး ထင်တယ်။ အနားကပ်ပြီး ပါးပါးချင်းလှီးသွားတာ။

ငချမ်းကောင် said...

ဂျီးတော်လေးက ရေးလိုက်ရင် အနှစ်တွေချည်းပဲ။ ကဗျာအကုန်လုံးကို ကြိုက်တယ်။

moekhar said...

GooD ပဲ
ကြိုက်တယ်
း))

ညလင်းအိမ် said...

ဘယ်မျက်လုံးတွေကို မရုန်းနိုင်လို့လဲ...

နောက်တခါသွားမကြည့်နဲ့ သိလား... :)

ပိုင်ဖြိုးကို said...

အော် ပိန်ပိန်ပါးပါးနဲ့ ပါးပါးလှပ်လှပ်လေး ချည်သွားတော့လဲ မြ ခမျာမှာ ......

Sein Lyan Tun said...

ဝဋ်.... ဝဋ်


မီး တောက် မီးလျှံတွေနဲ့လောင်ကျွမ်း
ကြာမြင့်နေတဲ့ အတိတ်မှာ
ကြမ္မာရိုင်းတွေက အကြင်နာသမိုင်း မရေးတော့ဘူး။။

မရည်ရွယ်ပါဘူး
မကျီစယ်ပါဘူး
ငါ့ကြိုးတွေကို ဖြည်ချလိုက်ပါ
ငါလွတ်မြောက်ချင်ပါရဲ့...။


မျက်ရည်သိုင်းနင်းကွက်ကြားမှာ
ခြေအစုံရပ်
မင်းရဲ့မာယာတွေက
ငါ့အတွက်တော့ အားဆေးတစ်ခွက်။

ခက်တာက
ငါကိုယ်တိုင် ဒီဆေးတွေကို လိုလိုချင်ချင် သောက်သုံးနေခဲ့တာ..။

ခါးပေမယ့် ကုန်သွားမှာစိုးတယ်...။


မရှုံးပါရစေနဲ့



ချစ်ခင်စွာဖြင့်

ဖိုးစိန်

စည်သူ said...

ရေးထားတာ.. ကဗျာက အတော်လေးကို ကောင်းတယ်
(သိုပေသိ)
လူကမချည်
ကဗျာကသာချည်လို့
ရုန်းထွက်မရ
အခက်တွေ့နေတာက..

ဘူလေးလဲ.. အဲဒါဘူလေးလဲ.. အဟအဟး-)

မေဇင် said...

ကြိုးကိုလဲ မဖြတ်နိုင်ဘူး...လက်ကိုလဲ မလွှတ်နိုင်ဘူး... နင် ပြေးရာ...တရွတ်လိုက်ပါမယ့်.......ပိန်ပိန် ဘ၀ ကိုသနားပါ ငဲ့ညှာပါ...။ :)))

ပုံ့မေ said...

အင်း ဂိုဏ်းချုပ်ကဗျာက မိုက်တယ်... တခါတခါ မုန်းတယ်လို့ အော်ချင်လောက်အောင် ဘာခံစားချက်မှ မကျန်တော့.... ခက်ကုန်တာပေါ့... =)

Anonymous said...

အချစ်ကြောင့် ဒုက္ခရောက်နေတဲ့ငါ
ဒီကဗျာဖတ်အပြီး.............

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!

emayarKhin said...

ရှုံး...ရှုံး...သွားမှာစိုးရင်..
အရှုံးမခံနဲကတော့ကွာ..
စတာ..
ခံစားချက်တွေအပြည့်နဲ့ပါလား..