ငါ့ ဖောက်ထားတဲ့ လမ်းကိုတောင် ငါဟာငါ ပြန်ရွှေ့
နင့်ဖို့် အနာဂတ်နေ့ ကိုး.................

ငါ့လက်တွေ ကြမ်းရှ.....
နင့်ရဲ့ `အာရုံခံစားမှု´ အတွက်တော့ အရသာမဲ့
သိထားဖို့က နင်ချမ်းရင် ခြုံတဲ့စောင်ကို ဒီလက်နဲ့ ချုပ်ဖြစ်ခဲ့..
တစ်ခါတစ်လေ..
နေစရာ စားစရာ အတွက်မြေယာတွေ ငါ ဒီလက်တွေနဲ့ ထွန်ယက်ခဲ့လို့..
`သာယာမှု´ ကို ပေးတတ်ဖို့ဆို ငါက `၀ိုင်`လို မချိုခဲ့ဘူး..

နင်ပြန်ကြည့်ပေးမယ့်အပေါ်ယံအတွက်
ငါ့ဖက်မှာ မှန်မရှိပါဘူး.

ကူးပါသန်းပါ..
လွမ်းလိုက်စမ်းပါ တခြားတစ်ယောက်

ငါကလေ နင့်ကို တအားသဘောပေါက်တယ်.။

စာနာစိတ်ကိုအားကိုး
တိုးတိုးလေးငို..ဒီကမ္ဘာပဲ မပြိုအောင်ထိန်း
နင်တိမ်းချင်ရာတိမ်းပါစေ.။
ခဏတဖြုတ်တော့ ငါသိမ်းထုပ်ထားတတ်ပါတယ်..။

ဒီလိုနဲ့ တစ်ကိုယ်ရေည..
အဆုံးကနေ အစပြန်ရောက်ဖို့
ပျောက်သွားတဲ့ နေ့တွေကို ပြန်ရှာ
ငါတစ်ယောက်ထဲနေတတ်လာတယ်..။

တစ်ခါတစ်ခါ
(သူအကြိမ်ကြိမ်ပြောဖူးတဲ့)
သစ္စာဆိုတာ
သစ္စာဆိုတာ
သစ္စာဆိုတာ..
................
.........................။


ပုစ္ဆာတွေတော်တော်ပေးနိုင်ခဲ့.။













´

15 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ဏီ(န်)ကင်း said...

ကောင်းတယ်သူငယ်ချင်း.... ကြိုက်တယ်အဲဒိကဗျာလေးကို`

တလနွန် said...

ကောင်းတယ် အစ်မ


ငါ့လက်တွေ ကြမ်းရှ.....
နင့်ရဲ့ `အာရုံခံစားမှု´ အတွက်တော့ အရသာမဲ့
သိထားဖို့က နင်ချမ်းရင် ခြုံတဲ့စောင်ကို ဒီလက်နဲ့ ချုပ်ဖြစ်ခဲ့..
တစ်ခါတစ်လေ..
နေစရာ စားစရာ အတွက်မြေယာတွေ ငါ ဒီလက်တွေနဲ့ ထွန်ယက်ခဲ့လို့..
`သာယာမှု´ ကို ပေးတတ်ဖို့ဆို ငါက `၀ိုင်`လို မချိုခဲ့ဘူး.

ဒီအပိုဒ်ကို ပိုကြိုက်တယ်

msd said...

nice post, fri.

ငချမ်းကောင် said...

ဂျီးတော်လေးက လုပ်လိုက်ချလိုက်ရင် အနှစ်တွေကြည့်ပဲ။ ဘာတဲ့....ငါ့ ဖောက်ထားတဲ့ လမ်းကိုတောင် ငါဟာငါ ပြန်ရွှေ့
နင့်ဖို့် အနာဂတ်နေ့ ကိုး.................
ဒါမျိုး။

သံလွင် HeRo said...

အို...........ဘာတဲ့
ဒီလောက်ကြင်နာမှုတွေ
ပေးနေရင်တော့
ပစ်သွားတဲ့သူက
တော်တော့်ကိုအချစ်မရှိတဲ့လူပဲဖြစ်ရမယ်။

ကောင်းကင်ပြာ said...

သိပ်ချစ်မပြနဲ့လေ..း)

တောင်ပေါ်သား said...

အဟမ်းးးးးး အဟမ်းးးးးးးးး
ကဗျာလေးရဲ့ အစွန်းကို ခံစားသွားတယ်
အစစအရာရာ အဆင်ပြေပါစေ


လေးစားလျက်
တောင်ပေါ်သား

ဆောင်းချမ်းမိုး said...

နည်းနည်းလိုနေသလိုပဲ..။
မကြိုက်သေးဘူး။

မိုးခါး said...

ဒီလိုနဲ့ တစ်ကိုယ်ရေည..
အဆုံးကနေ အစပြန်ရောက်ဖို့
ပျောက်သွားတဲ့ နေ့တွေကို ပြန်ရှာ
ငါတစ်ယောက်ထဲနေတတ်လာတယ်..။

တယောက်တည်း နေတာပဲ ကောင်းပါတယ် ...

ZT said...

မိုက်တယ်။ ရင်ဘတ်နဲ့ ခံစားလို့ ရတယ်။

Mogok Thar said...

"သစ္စာ" ဆိုတာ..
"မေတ္တာ" အခြေခံပါမှ
ခိုင်မြဲရသတဲ့.....

လွမ်းလိုက်စမ်းပါ
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို
နင့်စိတ်တွေ ငါ့ဘေးမှာ မရှိမှတော့
ကူးပါသန်းပါ..ရင်ခွင်သစ်ရှာပါ....
နင်ပျော်ရာ.... သွား..ပါ....။

အတိတ်က ချစ်ခြင်းတွေအတွက်
နင်ပြန်ကြည့်ပေးမယ့် အပေါ်ယံထက်
မင်း ရက်စက်ထားခဲ့တာ ပိုကောင်းမယ် ချစ်သူ....

တိုးတိုးလေးငို..
မင်းရှေ့မှာတော့ မလဲပြိုပါရစေနဲ့
နင်...မလွမ်းတတ်မှတော့
နင့် စိတ်ပေါ့ပါးမှုတွေ... ငါ့မျက်ရည်နဲ့ မလေးလံစေတော့ဘူး...။

နှစ်ယောက်အတူမက်ခဲ့တဲ့ အိပ်မက်တိုင်း
အပိုင်းပိုင်း ပဲ့ကြွေကျနေခဲ့တာ
ရင်နာစရာတော့ ကောင်းလှပါတယ်

ငါ ဖောက်ထားတဲ့ လမ်းကိုတောင် ငါဟာငါ ပြန်ရွှေ့
နင့်ဖို့် အနာဂတ်နေ့ ကိုး.................။

နင် သာယာမူးရစ်တဲ့
ဝိုင် တစ်ခွက်ဟာ ငါမဟုတ်ခဲ့
နင့် အိပ်မက်ထဲကသူရဲကောင်းပုံရိပ်ဟာ
ငါ.. မဟုတ်ခဲ့မှတော့လေ.......။

နေသားကျနေတဲ့ တစ်ကိုယ်ရည်ဘ၀ထဲ
(ပြတ်စဲမယ်ဆိုတော့မှ)
နေ့တွေညတွေက
နှစ်ယောက်တစ်ဘ၀ အိပ်မက်တွေဆီ
မျှော်ရည် ကြေကွဲနေရပုံများးး.....
အဆွေးသမားရဲ့ ပုစ္ဆာ
ရင်ထဲမှာ....
ဗလာ မကျန်ခဲ့လေတော့.....။
သစ္စာ သာ... ကိုယ် တည်ဖို့ပေါ့..။ ။

ပိုင်ဖြိုးကို said...

ချစ်တယ်ဆိုတာ ကိုယ်ချစ်ရသလောက် ကိုယ်ကရှုံးနေရတာပဲ သူငယ်ချင်းရေ ......
ဖြစ်နိုင်ရင် မချစ်နဲ့ဟ .......... :)

Anonymous said...

့မြ မြ မြ ငါနင့်ကိုလေးစားသွားပြီး ငါ့ထက်တော်တယ် တကယ်တကယ် တစ်ပုဒ်လုံး ငါ့ကို ဆွဲဆောင်သွားနိုင်တယ်ဟာ . . .

ဘာတဲ့

နေစရာ စားစရာ အတွက်မြေယာတွေ ငါ ဒီလက်တွေနဲ့ ထွန်ယက်ခဲ့လို့..
`သာယာမှု´ ကို ပေးတတ်ဖို့ဆို ငါက `၀ိုင်`လို မချိုခဲ့ဘူး..

နင်ပြန်ကြည့်ပေးမယ့်အပေါ်ယံအတွက်
ငါ့ဖက်မှာ မှန်မရှိပါဘူး.
ဒီလိုနဲ့ တစ်ကိုယ်ရေည..
အဆုံးကနေ အစပြန်ရောက်ဖို့
ပျောက်သွားတဲ့ နေ့တွေကို ပြန်ရှာ
ငါတစ်ယောက်ထဲနေတတ်လာတယ်..။

ထိလိုက်တဲ့ ရှတတပြင်းပြရိုက်ချက်လေး . . . ရင်ဘတ်ထဲ မိုးကြိုးအစင်းစင်း ပစ်ဝင်လာသလို ထိတယ် . . . တကယ်ခံစားမှု ပြည့်တဲ့ ကဗျာလေးပဲ

မေဇင် said...

မြ က ကဗျာရေးတာ..တော်တယ်.

emayarKhin said...

ရင်တွင်းဖြစ်တွေကို
ခံစားသွားတယ်ကွယ်..