ရိုးရိုးသားသားတောက်ပပါလား
အဆင်တွေ ပွေရှုပ်နေချိန်မှာ..။

Branded , Standard တဲ့
မက်လောက်အောင်ပြောတော့
ငါထင်တာ အချစ်က ဈေးပိုပေါသွားတယ်။

လက်ဖျားတွေ ခါခါပြတယ်
လိုက်မမီအောင်ရူးပြတယ်
မူးတယ်
အချစ်က မူးတယ်
အချစ်ကို မူးတယ်..။

ကြုံလာဖူးတဲ့ သမိုင်းဦးကလဲ မကောင်းခဲ့တော့
ရွှေရောင်မြင်လဲ မယုံချင်
နေရောင်မြင်လဲ မလှုံချင်
ယုန်ထင်ကြောင်ထင်နဲ့

အချစ်ကိုကြောက်တယ်.။
နောက်တယ် ဆိုတာ တစ်ချိန်တုန်းကရင်ခွင်ဦးရဲ့ အသည်းခွဲစကားတစ်ခွန်းပေါ့.။

လူပီပီပျော်ဖို့
အိမ်ယာတည်ထောင်ကြမယ်ဆိုတော့လဲ
လက်ဆုပ်လက်ကိုင်နဲ့
ရင်ဆိုင်ပြစရာက သင်ခန်းစာတစ်ချို့ပဲကျန်တော့တယ်


ပီပီပြင်ပြင်.............

မြတ်နိုးသူရေလို့
ခေါ်လိုက်တဲ့ အခိုက်မှာ
ချစ်မိုးမစွေတော့မှာ

နောက်တစ်ကြိမ် စိုးတယ်..။

18 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Mogok Thar said...

အော်
တစ်ခါ ခဲမှန်ဖူးတဲ့ စာသူငယ်မလေး ပေပဲလားး
ညီမရယ်

အချစ်စစ် ဆိုတာ ရှိတော့ ရှိတယ်

ဒါပေမဲ့...

ရှားတယ်... ညီမလေးရဲ့။

မိုးခါး said...

နောက်တယ် ဆိုတာ တစ်ချိန်တုန်းကရင်ခွင်ဦးရဲ့ အသည်းခွဲစကားတစ်ခွန်းပေါ့.။

ဒီလိုပဲ နောက်နောက်နေကြလား မသိဘူး ..း))

နောက်တာ :D

မေဇင် said...

နောက်ထပ်...ဘာဖြစ်လဲ သူ နောက်ထပ် ကိုယ့် နောက်ထပ်ပေါ့...။း))

Anonymous said...

တော်ပါတော့
ကဗျာတွေ မရေးပါနဲ့တော့
ခံစားရလွန်းလို့ပါ

ဆောင်းချမ်းမိုး said...

နောက်တာ

kaungkinpyar said...

အဖြူထည် လေးပါ..

တောင်ပေါ်သား said...

ဖြစ်ရမယ် အတိတ်ကို ပြန်မတွေးနဲ့ အနာဂတ်အတွက် ရင်ဆိုင်နိုင်ပါစေ

လေးစားလျက်
တောင်ပေါ်သား

ကိုရေတမာ said...

တကယ်ကောင်းတယ် ကဗျာက ခံစားချက်အစစ်တွေမို့လို့လားမသိဘူး။
အရောင်တွေနဲ့ လှပလိုက်ပါ့လားးP

Unknown said...

ကဗျာလေးကိုတော့ ကြိုက်သွားပြီ။
နောက်တယ် ဆိုတာ တစ်ချိန်တုန်းကရင်ခွင်ဦးရဲ့ အသည်းခွဲစကားတစ်ခွန်းပေါ့.။
အဲတာလေးကို တော်တော်ကြိုက်တယ် :) ။

ပုံ့မေ said...

နောက်တတ်ကြတာလဲ အတတ်ပညာတခုပေပေါ့လေ... အဟတ်ဟတ်

ဆီတွေလဲ မစစ်တော့သလို... စိတ်ခံစားချက်တွေ အချစ်တွေ မစစ်တော့တာလဲ အပြစ်ပြောမရပြန်။

=D

သံလွင် HeRo said...

မူးမှာစိုးလို့ အဘထ လာပေးတယ်....
ရော့....များများ ရှူ

ငချမ်းကောင် said...

နင့်ခနဲ့ပါပဲ

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေးကို နှစ်သက်စွာဖတ်သွားမိတယ်..

အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရင်း
အသစ်အသစ် ဘဝတွေအတွက်....
အားတင်းပြီး ဆက်လျှောက်ရအောင်..

ခင်မင်စွာ ချစ်ခြင်းအားဖြင့်..

ဏီ(န်)ကင်း said...

မြောက်ပါပေ့...စကားလုံးတွေရယ်....
တန်တယ်...ဒီကဗျာဖတ်ရတာ..

libratun said...

အမှန်ပဲ။ တစ်ခါအနာတရ ဖြစ်ဖူးလို့ အားလုံး အဲလိုအနာတရဖြစ်အောင် လုပ်မယ့်သူတွေချည်းပဲလို့ ထင်မယ့်စိတ်က အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးစေလိမ့်မယ်။

ဖိုးသင်္ကြန် said...

ငါ့ စောင်းမရေးနဲ့

သီဟသစ် said...

စကားလုံးလေးတွေက တယ်လှပါလား မယ်မြရဲ့
:)

ခင်မင်စွာဖြင့်
သီဟသစ်

emayarKhin said...

စာသားတွေကောင်းတယ်ကွ...