လောလောလတ်လတ် သင်ခန်းစာပေါ့လေ..
သရုပ်လဲ မပျက်နဲ့
အလုပ်လဲ မထွက်နဲ့
ရုတ်တရက် ဆိုတဲ့ အခါတိုင်း..
မိတ်ဆွေစစ်ကလဲ ရှား ရှားသွားတယ်....။

ဒါပေါ့ လောက
မနာလိုသူရှိမယ်
အသာလျှိုသူရှိမယ်..
ကိုယ့်အလှည့်ကိုတော့..လာမမေးနဲ့ဦးလေ..
သဒ္ဒါတိုတာလဲ မဟုတ်ဘူး..
အထာပိုတာလဲ မဟုတ်ဘူး...။
တစ်ရာ နှစ်ရာတောင် ပရိဟိတ အတွက် မပိုခဲ့တာလဲ....ငါဖက်က အလွန်..။

မိတ်ဆွေတွေပါ လို့ပြောပြောပြီး ပုခုံးဖက်ပြီးပြုံးပြလိုက်တိုင်း..
ပြုံးပြပြီးမှ ပုခုံးဖက်လိုက်တိုင်းရောပေါ့.....
ငါ့ ရင်ထဲက ကျောချမ်းတယ်.....။
ငါပြန်လွမ်းတာ အမေပဲ
သူကပဲသေချာတယ်..
စိတ်ချရတယ်
အာမခံကောင်းတယ်....လေ..။

စောသေးတယ် လို့ ကျောပေးလိုက်ချိန်မှာ
အပြောလေးတွေ ဆင်ခြင်ပေးကြပါ..။
အချစ်က သပ်သပ်
အတ္တက တခြား
ငါ့ဘ၀ အဆင်မပြေတာနဲ့ကတော့ အဲဒါတွေနဲ့ လားလားမျှမဆိုင်ဘူးလို့ ပြန်ပြောချင်လိုက်တာ..။

လူအလစ်မှာတော့ ဘယ်သူက မချစ်ဘူး
ဘယ်သူကချစ်တယ်..ဆိုတဲ့
ခင်တွယ်မှုအမြစ်တွယ်စကားတွေ မပြောချင်ဘူး
နောင်တစ်နေ့ကျ ယူပစ်သလိုပျောက်သွားမှာလဲ..အဲဒီ့အလ္လာပ သလ္လာပတွေပါပဲ

ဒီပါးစပ်ကတော့ ချစ်တယ် လို့လဲ ပြောဖို့ခက်..
မုန်းတယ်လို့လဲ အလကားသက်သက် တစ်ဖက်သားကို မပြောရက်လို့..............
ခင်ဗျားတို့လက်နက်ကိုတော့ သိမ်းပေးထားကြပါ..ကုတ်အင်္ကျီဝတ် လူတန်းစားတို့ရယ်..။
နှုတ်ခမ်းမွှေးတကားကားနဲ့ သူတို့တဟားဟား ရယ်တိုင်း..
ငါ့စိတ်တွေလဲ ရိုင်းတယ်..။
ကိုယ့်ကိုယ်ကို လဲ သူတော်ကောင်းပါလို့မှ မနှိုင်းဖူးတာ..။


ကိုင်း ..တာ့တာ
လူ့လောက မာယာတွေကို လက်လျှော့
ချစ်သူလက်ပျော့ပျော့လေးကိုပဲ ကိုင်..
ကမ္ဘာကုန်တိုင်အောင်ပြေးထွက်..
မျက်ရည်စက်လက်နဲ့မှ မနေချင်တော့တာပဲ မေမေ..။

13 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ဆောင်းနှင်းရွက် said...

အို ...
ရှက်လိုက်တာ ... :P

Sein Lyan Tun said...

မြက

ချစ်သူ လပျော့လေးကိုကိုင်

အဲလေ... စာရိုက်မှားလို့

လက်ပျော့တယ် လား။။။

အင်း စဉ်းစားစရာပဲ။။။

မိုးခါး said...

အင်း
ချစ်သူလက်ကိုင်ရုံပဲနော်
ဟိုအပျိုကြီး ရှေ့မှာလို သွားမလုပ်နဲ့ .. :P

noblemoe said...

အဟင့် ဟိုအပေါ်ကတစ်ယောက်ဘာတွေပြောသွားပါလိမ့် 
ပြောတော့ပါဖူးလေ ရှက်သွားအုံးမယ် ကဲပါလေ နောက်ဆိုအတွဲတွေ ရှေ့ မှာမျက်စေ့ မှိတ်နေတာကောင်းဆုံး
ပါပဲလေ။
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပါစေနော်
မိုး

တောင်ပေါ်သား said...

ကဗျာဆရာရဲ့ ရင်ထဲက ခံစားချက်တွေကို လှမ်းဖတ်သွားတယ် ကြိုက်ပါတယ် မိတ်ဆွေစစ်ဆိုတာ ရှားပါးပေမဲ့ ရှိသေးတယ်မလား ဒါဆို အားငယ်စရာမလိုပါဘူး...

အမြဲတမ်း မျက်ရည်တွေနဲ့ ဘ၀ကို မကုန်ဆုံးရပါဘူး ဘေးမှာ ချစ်ရတဲ့လူလဲ ရှိနေတာပဲ ပျော်ရွှင်မှုတွေ သူပေးနိုင်ပါတယ်။ အားမငယ်နဲ့ လုပ်စရာရှိတာ ဆက်လုပ်း)


လေးစားလျက်
တောင်ပေါ်သား

သိင်္ဂါကျော် said...

“မိတ်ဆွေတွေပါ လို့ပြောပြောပြီး ပုခုံးဖက်ပြီးပြုံးပြလိုက်တိုင်း..
ငါ့ရင်ထဲက ကျောချမ်းတယ်.....။
ငါပြန်လွမ်းတာ အမေပဲ
သူကပဲသေချာတယ်..
စိတ်ချရတယ်
အာမခံကောင်းတယ်”

မိတ်ဆွေတုတွေ ကြားထဲရောက်နေတဲ့ အခါ အိမ်ကို တမ်းတမိတာ အမြဲပဲပေါ့..။

Mogok Thar said...

အတု အစစ်ဆိုတာ ခွဲရခက်ပေမဲ့

ကိုယ့်ကိုယ်ကိုတော့ အတုအစစ် ခွဲလို့ရပါသေးတယ်...

မိတ်ဆွေ ဆိုတာက အတုဖြစ်ချင်ဖြစ်မယ် အစစ်ဖြစ်ချင်ဖြစ်မယ်..

ကိုယ့်ဘက်က မိတ်ဆွေစစ်သာ ဖြစ်ပေးလိုက်မယ်လေ...

ချစ်သူလက် အစစ်ကိုလဲ သေချာ မှတ်ထားအုံး...

ချစ်သူ့လက်နေရာမှာ တခြားသူလက် အသာလျှိုဝင်လာတာ မသိပဲ လှမ်းကိုင်နေမိအုံးမယ်...

အော်.. ကဗျာလေး ဖတ်ပီး မနောက်တော့ပါဘူးဆို နေနိုင်ပြန်ဘူး... နောက်မိပြန်တယ်

ကဗျာလေး.. ကြိုက်တယ်..

;-D

မေဇင် said...

ကဗျာလေး မိုက်တယ်။

Unknown said...

ဘေးမှာ ချစ်သူရှိနေတယ်ဆိုတော့လည်း အားရှိတာပေါ့။ အရာရာတိုင်းမပြည့်စုံပေမဲ့ တစိတ်တပိုင်းတော့ပြည့်စုံတာပေါ့။

Libratun said...

It's cool. Shows true emotions in real world. The things I need to remind myself to be a better friend.

ညလင်းအိမ် said...

ကိုင်း ..တာ့တာ
လူ့လောက မာယာတွေကို လက်လျှော့
ချစ်သူလက်ပျော့ပျော့လေးကိုပဲ ကိုင်..
ကမ္ဘာကုန်တိုင်အောင်ပြေးထွက်..
မျက်ရည်စက်လက်နဲ့မှ မနေချင်တော့တာပဲ မေမေ..။

ကောင်းလိုက်တဲ့ ရေးချက် ...း)

ဏီ(န်)ကင်း said...

ကိုယ့်သူငယ်ချင်းမို့လို့...ပြောတာမဟုတ်ဘူး...
အရေးအသားတွေပြောင်မြောက်နေတယ်နော်..
တကယ်..ကြိုက်တယ်...
အစကခေါင်းစဉ်ကြည့်ပြီးတမျိုးပဲ...
ဖတ်ကြည့်ရင်းခံစားလို့ကောင်းလာတယ်...
ကြိုးစားထားကွ...

ကျော်ညိုသွေး said...

ကဗျာလေးကို သဘောကျသွားတယ်
ဘယ်နေရာကို လက်ညှိုးထိုးပြီး ကောင်းတယ်လို့ ပြောရမှန်းတော့မသိဘူး။