တိမ်တွေကိုဆုတ်ကိုင်ပြေးချင်သူ....ငါ
ငါဟာ လက်တွေ့မကျဘူး။

မြက်ခင်းတွေပေါ်လှဲအိပ်ချင်တဲ့....ငါ
ဘ၀ရဲ့ရှေ့ရက်တွေအကြောင်း ခေါင်းထဲမထားချင်ဘူး။

မိုးရေထဲမှာ ပြေးနေချင်တဲ့..ငါ
ငါဟာ ခေါင်းရှောင်တတ်သူပါ။

အဆင်သင့်နေ အဆင်သင့်စား
ဘာမှ ဗျာမများချင်တော့ဘူး။

မပြောကြပါနဲ့..
လူတွေက မာယာများတယ်လို့
ဟန်ဆောင်တတ်တယ်တို့
အတ္တကြီးတယ်တို့
နောက်ပြီး ငွေရှိမှဖြစ်မယ် ဆိုတာတို့..တွေလေ.။
ဖြစ်ချင်တာဖြစ်ပေါ့
ငယ်ငယ်ကတည်းက မေမေပြောတဲ့ နတ်သမီးပုံပြင်တွေပဲ ကြားဖူးနေတဲ့ငါ..
ဒီလူ့လောကမှာ မယဉ်ပါးလာဘူး။

ရဲတိုက်ကြီးရှိတယ်
တန်ခိုးရှင်ရှိမယ်
စိတ်ထားကောင်းလေး တစ်ခုပါမယ်
ဘုရင်ကြီးပါမယ်
နတ်သားလေး ဒါမှမဟုတ်ကြင်နာတတ်တဲ့ မင်းသားလေးပါမယ်..။

အဲဒီလိုနဲ့ ပုံပြင်လေးတွေ ပြီးပြီးသွားတယ်။

အတ္တနဲ့ငွေ ကအဲဒီ့နေရာမှာအချည်းနှီးပဲ။

ဒီလိုအတွေးနဲ့ ငါ..
ဘာတွေပဲ အဆင်မပြေ မပြေ..

မေမေ လို့ တ ပြီးအော်..
နတ်သမီးပုံပြင်တွေကိုတော်တော် လွမ်းသွားတယ်။

8 ယောက်ကဒီလိုဒီလိုပြောကြတယ်:

လွမ်းသုရင် said...

တကယ့်လောကကြီးနဲ့ နတ်သမီးပုံပြင်တွေက သိပ်ခြားနားတယ်။ တကယ်တော့ငါလည်း နတ်သမီးပုံပြင်တွေနဲ့ပဲပျော်ချင်တဲ့သူပါ။ တကယ့်ဘ၀ကြီးက ပုံပြင်ထဲမှာလောက် နေပျော်စရာမရှိသလို အပေးအယူလည်း မျှတမှုမှမရှိခဲ့ပဲ...

ဆောင်းနှင်းရွက် said...

မလွမ်းးးပါနဲ့ ကွာ ..

အဲ့ဒါ ပုံပြင် လေ .. !
ဒါပေမယ့်
ပုံပြင် ထဲကအတိုင်း ထပ်တူ မကျတောင်
တစ်ချို့ အရာ အတွေက
ကိုယ် တကယ်လိုချင်ရင်
ကြိုးစားပြီး ယူလို့ရပါတယ် ..

မိမိရဲ့
စိတ်ပေါ်မှာပဲ မူတည်ပါတယ် .. >>>

Unknown said...

နတ်သမီးပုံပြင်တွေမှာ အဓိကမင်းသမီးက စိတ်ညစ်စရာတွေကြုံရပြီးမှ မင်းသားလေးလာတာလေ။ ဒါပေမယ့် မင်းသမီးလေးအစွမ်းနဲ့ပဲ အခက်အခဲတွေကို ဖြေရှင်းတဲ့ပုံပြင်တွေလည်း ရှိတာပဲ။ တို့လည်း နတ်သမီးပုံပြင်တွေလိုပဲ "Happy everafter" ကို လိုချင်တယ်။
ပျော်ရွှင်ပါစေဗျာ။

emayarKhin said...

ကဗျာလေးကလွမ်းစရာ...

မိုးခါး said...

ပုံပြင်တွေမှာ ပျော်ရွှင်မှုနဲ့ အဆုံးသတ်နိုင်ဖို့ ရင်းနှီးရမယ့် အရင်းနှီးတော့ ရှိတတ်တာကြီးပဲ
ခုချိန်က မင်းသမီးကို ဇာတ်နဲနဲ နာခိုင်းထားရုံပါ ..း)
ဇာတ်သိမ်းပိုင်းက ပိုအရေးကြီးတယ် ..း))

noblemoe said...

ကဗျာလေး ကဖတ်လို့ ကောင်းလိုက်တာ။
ငယ်ငယ်တုန်းက တော့ နတ်သမီးလှလှလေးပုံတွေ
ကြောင့် တော်တော်ရူးခဲ့ပါတယ်။ဘာဖြစ်ဖြစ်ပါလေ
စိတ်ကူးထဲကအတိုင်း ရည်မှန်းချက်တွေအောင်မြင်ပါစေ
ကယ်ကယ် နတ်သမီးလေးဘေးမှာ ကြင်နာတတ်တဲ့ 
မင်းသားလေး အမြဲရှိနေပါစေသား ဆုတောင်းပေးလိုက်ပါတယ်ရှင်းးးးးးးးးးးးးးးးးးးးးးးးးးးး
သာယာချမ်းမြေ့တဲ့ ဘ၀ကိုပိုင်နိုင်ပါစေနော်
ိမိုး

ညလင်းအိမ် said...

ဘ၀ဆိုတာ လက်တွေ့လေ...
တကယ်တော့ ဘ၀မှာ လက်တွေ့ကျမှုတွေကြောင့်ပဲ စိတ်ဆင်းရဲတဲ့ အခါရှိမယ်... အားပြန်ပြည့်တဲ့ အခါတွေရှိမယ်...နိမ့်ချည်မြင့်ချည်လောကကြီးထဲ ကူးခေတ်ကြအုန်းစို့လေ...

Anonymous said...

နတ်သားလေးပုံပြင်ကိုရော..
ပြောပြရဦးမလား
ဟဟဟ