အမြဲတသ
မနေ့ကလို၊ အလှစိုသည်။

ကြည်ချိုနာရီ၊စိတ်မှန်းရည်လဲ

မပီကြောင်းကံ၊ မှိုတက်ဖန်များ

အသနားမ၀င်၊ကိုယ့်သခင်က

ကြည်လင်စိမ့်အေး၊မေတ္တာဆေးကို

မပေးလိုက၊အရေးမလှ

ဒီဘ၀မှာ

စာမျက်နှာများ ၊ကျော်ကာသွားချင်.။



(တက္ကသိုလ်ဝင်တန်းနှစ်တွင် လက်စမ်းခဲ့သည့် ကဗျာတစ်ပုဒ်ကို အမှတ်တရ ပြန်တင်ပါသည်။)

10 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ဏီ(န်)ကင်း said...

ငယ်ငယ်တုန်းကကာရန်တွေခေတ်စားတယ်ထင်တယ်..
အငွေ့အသက်လေးတွေခံစားသွားပါတယ်ဗျ

Mogok Thar said...

အချစ်ဆိုတာ
တစ်ယောက်က ရေးစပ်၍
တစ်ယောက်က သီဆိုရသော သီချငးေ်လးတစ်ပုဒ်
ဖြစ်တယ်။
အချစ်ဆိုတာ
တစ်ယောက်က သီကုံးပေး၍
တစ်ယောက်က ပန်ဆင်ရသော ခရေကုံးလေးလဲ
ဖြစ်တယ်။
အချစ်ဆိုတာ
တစ်ယောက်က ရေးသား၍
တစ်ယောက်က ဘာသာပြန်ဆိုပေးသော
စာတစ်ပုဒ်လဲဖြစ်တယ်။
အချစ်ဆိုတာ
တစ်ေယာက်ကမေး၍
တစ်ယောက်ကဖြေရသော ပုစ္ဆာတစ်ပုဒ်လဲ
ဖြစ်တယ်။
အချစ်ဆိုတာ
တစ်ယောက်က ၀ှက်၍
တစ်ယောက်က ဖော်ရသော စကားထာတစ်ပုဒ်လဲ
ဖြစ်တယ်။
အချစ်ဆိုတာ
တစ်ယောက်ရဲ့ အမှောင်မှာ
တစ်ေယာက်က လင်းတဲ့ လမင်းလေးတစ်စင်းလဲ
ဖြစ်တယ်။

အချစ်ဆိုတာ
တစ်ယောက်ရဲ့ ခြောက်သွေ့မှုကို
တစ်ယောက်က စိုပြေစေတဲ့ မိုးစက်လေးလဲ
ဖြစ်တယ်။
အချစ်ဆိုတာ
တစ်ယောက်ရဲ့ နွေကန္တာကို
တစ်ယောက်က အမောပြေစေတဲ့
အိုအေစစ်လေးလဲ ဖြစ်တယ်..။
အချစ်ဆိုတာ
တစ်ယောက်ရဲ့ ပူပန်မှုကို
တစ်ယောက်က အေးမြစေတဲ့
နှင်းစက်လေးတွေလဲ ဖြစ်သေးရဲ့...။

အချစ်က.... အချစ်ကို သီကုံး
တစ်ဘဝလုံးစာ
အိပ်မက်ရာသီမှာ
ခရေတွေလို ထာဝရမွှေးမြတဲ့
ကြယ်ဖွဲ့တေးတွေ သီလို့....။

အဲဒီလိုပေါ့..
အချစ်ဆိုတာ
တစ်ယောက်က ဖွဲ့နွဲ့၍
တစ်ယောက်က ရွတ်ဆိုရသော
ကဗျာလေးတစ်ပုဒ်လဲ
ဖြစ်ခဲ့တယ်။

ဒီလိုနဲ့
နှစ်ယောက်တစ်ဘဝအတွက်
အိပ်မက်တစ်ခု....
အစပြုခဲ့ကြပြီလေ...။ ။

Mogok Thar said...

ကဗျာဆရာ ကိုဆောင်းချမ်းမိုးရဲ့
ကဗျာလေးကို ကျွန်တော် မိုးကုတ်သား လက်ဆော့ထားတာလေးး.. စိတ်ထွက်ပေါက်သခင်မ..
မြ အတွက်
လက်ဆောင် ပေးခဲ့ပါတယ်....

:-P

ွှအနှစ်သာရ ပြည့်ဝသော ဘဝအိပ်မက်များ ပိုင်ဆိုင်နိုင်ကြပါစေ

ချစ်ခင်တဲ့

Phyo Maw said...

တော်သေးတယ် ဘလော့ကို တက္ကသိုလ်ဝင်တန်းနှစ် ကတည်းကစမဖွင့်လို့ မဟုတ်ရင် တို့များ နားမလည်တာချည်း ဖြစ်နေမှာ။

noblemoe said...

အဟင့် အဟင့်  အနှစ်မရှိတာတွေမကြားချင်ပါဖူးနော်
ခုချိန်က သာယာတဲ့ စကားတွေပဲကြားချင်တာပါနော်


သာယာချမ်းမြေ့ပါစေ
မိုး

Sein Lyan Tun said...

စောင့်ကြည့်နေတယ်

လက်တွေ့အချစ်ကို ဘယ်လိုနေ့ရက်တွေ သတ်မှတ်မလဲလို့

တောင်ပေါ်သား said...

ဘာမှ မပြောတော့ဘူးးးးးးးးးး စောင့်ကြည့်နေတယ် အားလုံး ဂိုဏ်းချုပ် လုပ်ထားးးးးးးးးး အဟေးဟေးးးးးးး


လေးစားလျက်
တောင်ပေါ်သား

နေ၀သန် said...

ကဗျာလေးက ချစ်စရာလေးဗျာ.... ငယ်ငယ်တုန်းက ကျောင်းမှာ ကဗျာရေးချင်ပေမယ့် ပါရမီကို လုံးဝ မပါတာ... သူများရေးထားတာတွေပဲ သွားရည်ကျ လိုက်ဖတ်ခဲ့ရတယ်....


ခင်မင်တဲ့
ဂျပန်ကောင်လေး

ညလင်းအိမ် said...

ကာရန်လေးနဲ့ ကဗျာလေးက ကောင်းတယ်ဗျို့...

ဆောင်းနှင်းရွက် said...

ကဲကဲ ..
ဒီကဗျာကို
နောက်နှစ် သင်ရိုးမှာ
အသစ် အနေနဲ့ ထည့်မယ် ...

(sister-in-law)