နေသားတကျ ပြန်ထားဖို့ စိတ်အကြေအမွတွေကို တစ်စ စီဆက်တယ်
လက်တွေကပဲ ရှတသွေးယို
ငါ့အားထုတ်မှုတိုင်းက အပို...။
ငါလိုအပ်နေတယ်
ငါလိုအပ်နေတယ်
ငါညံ့ဖျင်းနေတယ်
ငါ့ညံ့ဖျင်းနေတယ်
ငါကျရှုံးမှာပါ
ငါကျရှုံးမှာပါ
ငါဘာမှမသိဘူး
ငါဘာမှမသိဘူး
ဟုတ်ပါ့
သူပြောသလိုပဲ
ငါဘာမှနားမလည်ပါဘူး
ကကြီးပြီးရင် ခခွေး
ထမင်းစားပြီးရေသောက်
ဖြစ်ချင်တာမဖြစ်ရင်စိတ်ကောက်တဲ့ လူ့ငနွားမလေးပေါ့။
သွေးကတော့တောင်းတယ်
အမှောင်ကိုချစ်တယ်
အခန်းကျဉ်းကိုချစ်တယ်
ကိုယ့်ဒူးနှစ်လုံးကို ကိုယ်ပြန်ပိုက်နေရတာလောက်နဲ့ အားကို ပြန်မွေးတတ်လာတယ်။
ခေါင်းငိုက်စိုက်ချမယ်
သက်ပြင်းတွေရှိုက်မယ်
အနားကိုလူတွေလာရင်မကြိုက်ဘူး
အဲ
အနားကိုလူတွေ မလာရင်လဲ မကြိုက်ပြန်ဘူး
ရယ်ချင်သယောင် ဟန်ဆောင်
ချောင်တစ်ချောင်ကျမှ ငိုငိုချ
ဩော်...
ဝဋ်ကြွေးက ပြဇာတ်ဆန်တယ်..။
ကြံကြံဖန်ဖန်တွေးကြောက်
ကျွန်မက စိတ်နောက်နေသူပါ..။
ခုရယ် ခုပြုံး
ခုငို ခုပြို
ခုချစ်ခုမုန်း
စိတ်ခံစားချက်ကို လက်တစ်လုံးပဲခြားထားတယ်
ကဲ
သနားကြပါ..။

အိပ်မက်ဆိုးထဲမှာတောင် အိပ်မက်ဆိုးမက်တယ် လို့ ၀င်မက်နေတယ်..။
ရော ခက်ပြီ...

ခေါင်မိုးပေါ်ကို မိုးစက်ကျသံကြားတိုင်း
မြင်းတစ်ကောင်လိုလဲ ဒုန်းစိုင်းထွက်ပြေးချင်သေးတယ်..။

ကြည့်လိုက်ကြပါဗျာ
ကျွန်မရေးနေတဲ့ ကဗျာ
ကဗျာက ကဗျာမမည်
အနာတွေနဲ့ ဖွဲ့တည်လို့
ရောက်တတ်ရာရာ
ကစဉ့်ကလျား...
ကဲ အားလဲနာတယ်
ဒီမှာတင် ..ရပ်
တစ်ခုတော့ မှတ်ပေးကြပါ..
အရူးတစ်ယောက်ရဲ့ ဈာပနမှာ အားလုံးကိုမြင်ချင်လိုက်တာ.......






5 ယောက်ကဒီလိုဒီလိုပြောကြတယ်:

noblemoe said...

ကဗျာလေးဖတ်ပြီ စိတ်မကောင်းဖြစ်မိပါတယ် ညီမလေးရယ်
မတည်မြဲတဲ့လောကကြီးမှာ နှလုံးသားကို ကြံခိုင်အောင်ထားပြီး လက်တလော ခံစားချက်လေးတွေကို ကျော်ဖြတ်နိုင်ပါစေရန်တောင်းဆုပြုလိုက်ပါတယ်။
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပါစေနော်
မိုး

noblemoe said...

အမြဲတော့မဟုတ်ပါဖူး ညီမလေးရေ မကြာခင် မှာလှပတဲ့ ကဗျာလေးတွေရေးနိုင်မဲ့ နေ့ ရက်လေးတွေ ရောက်လာမှာပါ။

မိုးခါး said...

လူတိုင်းက တမျိုးမဟုတ် တမျိုးရူးတယ်
စိတ်နောက်မယ်
ဒါ မထူးဆန်းပါဘူး
အချိန် တချိန်ပဲ စောင့်လိုက်ပါး)

ညလင်းအိမ် said...

အာ ဒီမှာလဲ ဈာပန ချတယ်လား ...း(

ကဗျာလေးက စိတ်ထဲရှိသမျှကို ချရေးထားတယ်ထင်တယ် ...
အသံအကျ ကဗျာအလိုက်လေးက တော်တော်မိုက်တယ် ...

သိင်္ဂါကျော် said...

ခံစားချက်တွေ ကိုက်ညီနေပါတယ်..
ဒါပေမယ့် ကိုယ့်ကိုယ်ကို အပြစ်မတင်မိအောင် ကြိုးစားရမှာပေါ့လေ..