ရုပ်ဆိုးတဲ့မွေးစားသမီးလေး တင်တင်မြ က သူ့ချစ်သူကို ဇွတ်လုသွားတဲ့ ချစ်ညီမငယ် ချိုပြုံးနဲ့ ချစ်သူ ရှေ့မှာ ဒီသီချင်းလေးကို မျက်ရည်အ၀ဲသားနဲ့ ဆိုပါတယ်..။
သူ့မျက်ရည်လေးတွေက အချစ်ထက်မေတ္တာကိုခံစားမိသွားကြောင်း ပြတဲ့ မျက်ရည်လေးတွေပါ..။
သဘောဖြူ အူစင်းလေးအဖြစ်.တင်တင်မြရဲ့ သနားစရာ ဟန်ပန်သရုပ်ဆောင်ချက် .၊သွက်လက်လှုပ်ရှားနေတဲ့ ချိုပြုံးရဲ့ သရုပ်ဆောင်ဟန် အပီအပြင်...၊ချစ်သူကို မြတ်နိုးသလို ဇနီးဖြစ်လာသူကိုလဲ သနားညှာတာသွားသူ အဖြစ် ၀င်းဦး ကလဲ ကြည့်လို့ကောင်း...ပြီးတော့ ဒီဇာတ်သိမ်းသီချင်းလေးကလဲ ရုပ်ရှင်ကို ပိုပြီး အားဖြည့်ထားပါတယ်.။
မေတ္တာ နဲ့ အရာရာကိုကြည့်ပြီး ကိုယ့်ထက်မေတ္တာတရားကို လိုအပ်နေသူတွေကို ပေးဝေစာနာလာတတ်ဖို့ ဒီသီချင်းကပြောနေတယ် လို့ ကျွန်မခံစားမိပါတယ် ..။
ကျွန်မတို့ငယ်ငယ် မိရယ် ဖရယ် ဘ၀၀ယ် စုံစုံညီ
ချစ်သဒ္ဒါလောင်း ဩော်မေတ္တာအပေါင်း.
(ချစ်ကြောင်း ကုန်စင်သည် )၂
တစ်မိတစ်ဝမ်းချမ်းမြ လျှမ်းပ..ဘယ်သူ့မှမမျှမဝေ ရလေ လိုလေ ဖြစ်ခဲ့ရပါသည်..........
တဲ့..။ဒါပေမယ့်
သစ္စာအမြဲမရမနေ အသိသာ မေတ္တာအသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ......
သနစ်ဇာတ်နမူ ထုံလျှင်းမမေ့သည်..
အချစ်ငတ်သူတွေ တစ်ပုံတစ်ပင်တွေ့ရပါသည်
ချစ်တတ်သူဆွေ ဂုဏ်အင်ဟာ ဒါပဲ
အသည်းတွေခွဲဝေပေးနိုင်ရပါမည်.............

ကျွန်မတို့လဲ ကံကောင်းထောက်မစွာ အမိအဖစုံခင်စွာနဲ့ ရခဲ့တဲ့မေတ္တာ ..
ညီအစ်ကို မောင်နှမ စုံလင်စွာနဲ့ ရခဲ့မေတ္တာ..
ညီအစ်ကို မောင်နှမလို ချစ်ရသူတွေဆီက ရခဲ့တဲ့ မေတ္တာတွေနဲ့ အေးမြပျော်ရွှင်ခဲ့ဖူးပါတယ်..။
ပြီးတော့ ရလေလိုလေ လဲ ဖြစ်ခဲ့ရတာပါပဲ..။ဒါပေမယ့်......
ကျွန်မတို့ ပတ်ဝန်းကျင်မှာ မေတ္တာမရ မေတ္တာငတ်နေကြသူတွေရှိကြမယ် ဆိုရင် ချစ်တတ်သူတွေပီပီ မျှဝေစာနာစိတ်နဲ့ ကိုယ်ပိုင်ဖူးတဲ့ မေတ္တာလေးတွေ ခွဲဝေ လက်ဆင့်ကမ်းပေးသင့်တာပေါ့ လို့ ကျွန်မတွေးမိသွားပါတယ်..
(အဲ စကားကြီး စကားကျယ်များဖြစ်နေမလား......)

ဘာပဲဖြစ်ဖြစ် ဒီသီချင်းလေးကို အပြည့်အ၀ ခံစားကြည့်ကြစေလိုပါတယ် ..။
လေးနက် လှပတဲ့ စာသားလေးတွေနဲ့
အေးချမ်းနေတဲ့ ဒီသီချင်းလေးကို တစ်ကျော့နှစ်ကျော့တေးကိုသီ ရုပ်ရှင်မှာကတည်းက ကျွန်မ အသည်းစွဲခဲ့ပါတယ်..။
ခံစားကြည့်ကြနော်....။


(မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့
ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့)

တစ်ကျော့နှစ်ကျော့တေးကိုသီ ငှက်ကျားနှုတ်ပလီ
တီတာခွန်းသွဲ့ လဲ့လဲ့သံစဉ်ညီ..
မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး မြတ်နိုးတော့သဒ္ဒါ
အိမ်မက်သံသရာမှ နိုးထစေချင်သည်
ဖြိုးဖျရွှေရင် ....ဘ၀င်စိမ့်စိမ့်....... သိမ့်သိမ့်ညီ
ကျွန်မတို့ငယ်ငယ...် မိရယ်.. ဖရယ်... ဘ၀၀ယ် စုံစုံညီ
ချစ်သဒ္ဒါလောင်း ဩော်မေတ္တာအပေါင်း.
(ချစ်ကြောင်း ကုန်စင်သည် )၂
တစ်မိတစ်ဝမ်းချမ်းမြ လျှမ်းပ..ဘယ်သူ့မှမမျှမဝေ ရလေ လိုလေ
ဖြစ်ခဲ့ရပါသည်..........


သစ္စာအမြဲမရမနေ အသိသာ မေတ္တာအသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ......
သနစ်ဇာတ်နမူ ထုံလျှင်းမမေ့သည်..
အချစ်ငတ်သူတွေ တစ်ပုံတစ်ပင်တွေ့ရပါသည်

ချစ်တတ်သူဆွေ ဂုဏ်အင်ဟာ ဒါပဲ
အသည်းတွေခွဲဝေပေးနိုင်ရပါမည်.............

မေတ္တာယူတော့ မေတ္တာပေး ပေးလိမ့်မယ် အသွယ်သွယ်အခွန်းတလီ ကျေးဇူးတင်ရပါပေမည်..။

ကျေးဇူးရှင် အသွင်များပြား ဝေးကွာငြားလဲ အသည်းကမေတ္တာ အခါခါရည်...
မောင်လေး ညီမလေးများကိုဖြင့် တန်းဆင့်ကဗျာမှာပါမည်.................

(ကျွန်တော်တို့ကျွန်မတို့လေ ..)၂ (ချစ်နေသူကို ..ချစ် ..နေသူ ..ကို)
ကိုယ်ကတစ်ဖန်ပြန်လည်ချစ်တတ်ကြပါစေအတည်..

ဘ၀တေးဆိုလျှင် ခဏလေးမဆိုချင်
ကျော့ကျော့လွင်မှ အသွင်လှပါလေမည်...............
သို့သော်လဲ မုန်းတေးတစ်ခါကျော့လျှင် ချစ်တေးတစ်ခါ....နှစ်ခါ ..သုံးခါလေးခါ
(အခါခါ ကျော့စေချင်ပါသည် ..)၂

(မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့
ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့)
မော့မော့ သံစဉ်ညီ တီတာခွန်းဆက်... ငှက်ကျားနှုတ်ပလီ. .ဒီတစ်ခါတော့လေ.............
တစ်ကျော့ ......နှစ်ကျော့ ...ကျော့ကျော့..............တေးကိုသီ.......




ချစ်မက်ရေ ..တာဝန်ကျေပြီနော်..
သီချင်းမတင်တတ်တာကို သင်ပေးတဲ့ ဆရာငချမ်းကိုလဲကျေးဇူးတင်ပါတယ်

(ဟူး မကျေနပ်သေးရင် လူကိုယ်တိုင်လာဆိုပြဦးမယ်..
စာသားတွေကူးရေးဖို့ ခဏခဏ ဖွင့်တာကနေ အိမ်ကလူတွေပါ အလွတ်ရသွားပြီ)

5 ယောက်ကဒီလိုဒီလိုပြောကြတယ်:

မိုးခါး said...

နင်ရေးလိုက်တော့ ရုပ်ရှင်ပါ မျက်စိထဲ ပြန်မြင်သွားတယ် ..
တင်တင်မြကို သနားလို့

Dream said...

ဝါးးးးးးးးးးးးးးးးးးးးးးးအိပ်ရာက ထပြီး လာနားထောင်တာ.....
မိုက်ဒယ်မိုက်ဒယ်....အဲ့ရုပ်ရှင် ပြန်ကြည့်ချင်တယ်..... တင်ပေး... ဟိဟိ

ဒီသီချင်းမှာ မောင်နှမမေတ္တာ မိသားစုမေတ္တာတွေ ပါတယ်။ ရင်ထဲထိဒယ်..


အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးအမြှောက်နှစ်သိန်းးးနော်....တင်ပေးတဲ့အတွက် :P

လွမ်းသုရင် said...

တော်တယ်။ ငါလည်း အဲ့ဒီသီချင်းကို ခံစားမိပါတယ်။ MP3 ရှာပြီး သိမ်းထားဦးမှ

ကိုလူထွေး said...

တီဗွီမှာလာတိုင်းကြည့်ဖြစ်တဲ့ရုပ်ရှင်မို့ မှတ်မိနေသေးတယ်...

နွားနို့လိုက်ပို့တဲ့ ဝင်းဦးရယ်...

သူ့လိုဖြစ်မှာစိုးလို့ မွေးစားခိုင်းလိုက်ရတာပါလို့ အော်ပြီးမောင်းထုတ်တဲ့ ဒေါ်ခင်လေးဆွေကြီးရယ်ကိုလည်း သတိရနေသေးတယ်...

းဝ)

Unknown said...

သီချင်းစာသား ခံစားချက်တွေရယ် သီချင်းရယ် နှစ်သက်လွန်းလို့ Face Book မှာ shared ပါတယ်။