၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၁ရက်
လူတစ်ယောက် လယ်ရိတ်နေတယ်..
သူရိုက်ပေးတဲ့
ဓါတ်ပုံ အကြွေးလိုက်တောင်းတော့ တဟားဟားရယ်ပြီး အွန်လိုင်းပေါ်မှာ ပတ်ပြေးနေတယ်.........
အဲဒီ့အစ်ကိုကြီး က ကျွန်မကို ဟိုးလွန်ခဲ့တဲ့ ၂ရက်လောက်က မောင့်ဖေဗာ တောင်ပေါ်မှာ ဓါတ်ပုံလှလှလေးတွေ အများကြီး ရိုက်ပေးခဲ့တယ်..။ အပြန်ကျတော့ အားလုံး အရင် စောပြန်တဲ့ ညီမ အသစ်ကို မကြည်မလင်နှုတ်ဆက်လိုက်သေးတယ်..။

အဲဒီ့နေ့ ..တောင်ပေါ်မှာ အနီရောင်အကျီ င်္တွေ ဆင်တူဝတ်ပြီး စ ဆုံကြတဲ့နေ့...........
ကျွန်မ ဘ၀ထဲကို အရာရာ ၀င်လာတော့တာပဲ..။
အဲဒီ့အရာတွေထဲမှာ ..အစ်ကို ကလဲ မရှိမဖြစ်နေရာကနေ ပါလာတယ်..။
အစ်ကို
ဒီဝေါဟာရ ကို ကျွန်မ ဘ၀မှာ အကျွမ်းတ၀င်မရှိဘူး.။ကျွန်မမှာ အစ်ကို တစ်ယောက်မှ မရှိလို့ပေါ့..။
အစ်ကို လိုချင်တယ်။
ရှိုးများတဲ့ ညီမလေးကို လိုက်ဟန့်မယ့် အစ်ကိုမျိုး ဖြစ်ဖြစ်..။
အပိုးမကျိုးတဲ့ ညီမလေးကို ဆူပူဆုံးမမယ့် အစ်ကိုမျိုး ဖြစ်ဖြစ်..။
ဘယ်လို အစ်ကိုမျိုးပဲ ဖြစ်ဖြစ် အရင်ကတည်းက ကျွန်မလိုချင်ခဲ့တယ်..။

ခုတော့ တစ်ခုခု ကျွန်မ အလိုမကျတိုင်း ခက်လိုက်တာ မြရယ် လို့ ပြောတတ်တဲ့..။ပါးစပ်အမြှုပ်ထွက်မတတ် နားလည်အောင်ရှင်းပြတတ်တဲ့..။စိတ်မပျက်စတမ်း မျှဝေပေးတဲ့..။ ကျွန်မတို့ကို နားအလည်ဆုံး အစ်ကိုတော် တစ်ယောက် ကျွန်မ ကောက်ရခဲ့ပါတယ်..။

အိမ်ရှေ့မှာ သူ့အတွက် မွေးနေ့ တဲ့ ..။ သူ့ချစ်ညီက ကြိုတင် ပြင်ဆင်ထားတယ်
ကျွန်မလဲ သွားရတော့မယ်.. အိမ်ရှေ့ ကို..။
သူ့အခန်းထဲမှာ ....

သူ့အတွက် မွေးနေ့လေး က ကြိုနေတယ် ..
လမ်းမှာလား အစ်ကို မြန်မြန်လာပါ..
မြ လဲ အများကြီး ရေးချိန်မရတော့ဘူးတဲ့..။

မြရဲ့ အစ်ကို တော်ကြီး ကိုဘိုဘို (မိုးကုတ်သား) ဒီနေ့မှစ နှစ်တစ်ရာတိုင်..

အင်း....ငါဘာဆုတောင်းပေးရပါ့..

လိုအင်ဆန္ဒ ပေါ့ ...တစ်လုံးတစ်ဝ ပြည့်ဝပါစေ လို့


(သွားပြီဗျို့ လူစုံနေပြီ...:).............)

8 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Dream said...

လူတစ်ယောက်လယ်ရိတ်နေတယ်.....အကြွေးလိုက်တောင်းတာ ရလား...အဟတ်...


ပျော်ရွှင်စရာတွေနဲ့ အမှတ်တရ ဖြစ်ပါစေနော့်...

မွေးနေ့ရှင်ကိုဘိုလဲ ပျော်ရွှင်ပါစေ....

Anonymous said...

happy birthdayyyyyyyyyyyy!!!!!!!!!!!!!!!!!!!!!!!!!!!
ko bo gyiiiiiiiiiiiiiiiiiiiiiiiii

မိုးခါး

အိန္ဒြာ said...

ဒီညမှာ အမှတ်အရဆုံးက မြ ကိုပါပဲး)

မေလေး said...

ပျော်ရွှင်ပါစေ အကိုတော်ကိုဘိုရေ

Sein Lyan Tun said...

သြော်..

ငါတို့ရဲ့ စနေသားကြီးတဲ့

ရှိလေတဲ့ငပိနံတယ်လိုတောင်မထင်တဲ့အင်္ဂါသားကြီးပါကွာ

ချစ်လိုက်ကြတာာ

ကိုဘို.. ကိုဘိုနဲ့ပေါ့လေ။။

နားလည်ပေးနိုင်တယ်ပေါ့..

ချစ်ကြပါ

ချစ်နိုင်ကြပါစေလေ။

မမ said...

ငါ တို့ ရဲ့ စနေသားကြီးးးးးးးးးးးးကွ...

ဧပရယ်လ်ပူး@ပူးတေ said...

ံHaPpY bIrThDaY ပါ ကိုဘိုဘို.... (သို့) နစ်ခ်နိမ်း များစွာပိုင်ရှင်...
:D

Mogok Thar said...

အကိုတော်

ပျော်ပါ၏

ဒီမောင်နှမတွေ မေတ္တာပွား.. အားရှိ....

အမှတ်တရ ဖြစ်စေခဲ့တဲ့ မွေးနေ့ပွဲမှာ
ပျော်ရွှင်ရင်ခုန်ကြတဲ့ မောင်နှမတွေ အားလုံးကို ကျေးဇူး အထူး....

အာဘွား အမြှောက် တစ်သိန်း