နွေဆိုတာ ငါမသိဘူး..
ရေချမ်းစင်တွေပဲ ရွေးရွေးမြင်တတ်လို့..။
ချစ်ခြင်းမှာတန်ခိုးရှိတယ်ဆိုတဲ့ အသိနဲ့
တောင်ပံတွေတပ်တပ်ပြီး ပျံရဲတဲ့ အထိ
သတ္တိတွေကလည်း အစွန်းရောက်..။
အစစ်အမှန် ဟုတ်ပါရဲ့လား...?
အစစ်အမှန် ဟုတ်ပါရဲ့လား...?
ဒီမေးခွန်းနဲ့ပဲ............................................
အချိန်တွေကုန်လာမှ..
အချစ်မခံရဘူး တဲ့...
အဖြစ်မှန်ကို သိတယ်..။
ဒီအထိရော ငါသင်ခန်းစာ ရလို့လား...။
`မင်းမမုန်းရင် ထွက်ခဲ့တော့´
ဒီသီချင်းကို မင်းရင်ခွင်ရှေ့ သွားသွားအော်..
`ရှင်တော်တော် နေနိုင်ရက်တယ်´..
ခါးထောက်ရန်တွေ့..
မင်းကတော့ အတိတ်မေ့ ရောဂါထင်ပါ့။
ကွမ်းတစ်ရာ ရေတစ်မှုတ်ကို အဟုတ်ကြီးထင်တဲ့ ငါ..
ဒါဟာသေမိန့်..
ငါမထင်..ငါမမြင်.
ငါ့ဘ၀င်က ကြင်နာမှုမှာပဲ ရှုံးလိုက်တာကိုး။
နောက်တော့လည်း
ရေချမ်းစင်တွေ မြင်တိုင်း မ အေးမြတတ် တော့။
နွေရောက်ပြီဆိုတဲ့ ..အသိကသာ ကြီး စိုး..လို့................။
Subscribe to:
Post Comments (Atom)
8 ယောက်ကဒီလိုဒီလိုပြောကြတယ်:
နွေရောက်ရင် မီးဘေးကြောက်ရတယ်ဟ.. ဟ ဟ..
ကောင်းတယ် သယ်ရင်း
ဒီတစ်ခါ စာသားလေးတွေ နုတယ်
ကဗျာလေး ရေးထားတာ ညက်နေတာပဲ။ ခံစားချက်
တွေနှင့် အသက်ဝင်နေတဲ့ ကဗျာလေးကို လာဖတ်
သွားပါတယ်ဗျာ။ ကောင်းတယ် (စူပါကော်ဖီမစ် မဟုတ်
ပါ)
ခင်မင်ခြင်းနှင့်
တလနွန်
ကဗျာဖတ်ရင်း အပူရှိန် တဖြည်းဖြည်း တိုးလာတာကို ခံစားလိုက်ရတယ်..
ကဗျာအသွားက သိပ်ချောတာပဲ။
ဒီတခါကဗျာလေးကဖတ်ရတာတော်တော်ညက်ညောတယ်နော်၊ကောင်းတယ်။
စာသားလေးတွေက လှတယ်သူငယ်ချင်းရေ၊ ဒါပေမယ့်ဖတ်ရတာ နည်းနည်းရင်ပူသွားတယ် :)
ဘယ်သူမပြု မိမိမှုတဲ့ :)
စာသားတွေလန်းတယ်ဟ .......
ခု ငါတို့ရေးနေတာ သူတို့သိရဲ့လား။
သိတော့ကော လာဖတ်မှာလား။
လာဖတ်ပြီးတော့ ခံစားမှာလား။
ခံစားနိုင်လည်း တုန့်ပြန်မှာလား။.
အလွမ်းတွေ မြန်မြန်ကုန်လွန်ပါစေ။
ဘဝတူ (ဟုထင်ပါသည်)
TH
mee bay shaung ma alung khin tar kya par.
Post a Comment