ဒီလိုနဲ့ပေါ့..။

မြရေလျဉ် တဖြစ်လဲ ဆောင်းချမ်းမိုး ရဲ့ ဖျတ်ကနဲကပေါ် ဆတ်ကနဲက အက၊ရှေ့ခြေထိုး နောက် ပြန်ကန်ဘောသမားဟန် အက၊တလကြမ်းခုန်ုပေါက် စင်နောက်ရောက် အက စသည်ဖြင့် လူးလာလိမ်ခေါက်၊ဟိုလျှောက်ဒီပြန်၊လူတကာ လက်လန်အောင် ကပြီးသွားတဲ့ အခါမတော့ အများစောင့်မျှော်နေတဲ့ နောက်ပိုင်းဇာတ်ထုတ် ကဖို့နီးလာပါတော့တယ်။

ဒီဇာတ်ထုပ်ကလည်း တော်တော်ရွေးရသား.။မှတ်မိသေးတယ်။ ပွဲမစခင်ရက်တွေက ဒီနောက်ပိုင်းဇာတ်ထုပ်အတွက် ဘာက ရင်ကောင်းမလဲ တိုင်ပင်ကြတုန်းက

တလနွန်က မကြီးရောင်ညာတယ် ဇာတ်ထုပ်ကမယ်တဲ့။ရွာသားတွေ အစဉ်အဆက်တော့ ဘကြီးအောင်ညာတယ် ပဲ

ကြားဖူးတယ် ။သူ့ ကျမှ….ဘယ့်နှယ်.။

သူ့ ခံစားချက်နဲ့သူတော့ ဟုတ်မှာပေါ့လေ..။သူချစ်တဲ့ မိညိုနဲ့ မကြီးရောင်ပြန်ကအောင်သွယ်ပေးမယ်ပြောပြီးနောက်ဆုံးကျ ဟိုက ရွာထဲကထော်လာဂျီဂျေး နဲ့ကြိုက်သွားတာကိုး..။မကြီးရောင် လည်းဒါမျိုးကဘေးလူတိုက်တွန်းတိုင်းမရဘူးဘာညာနဲ့တော်တော် ဖျောင့်ဖျထားရတာ ကို သူကမကြေဘူးနော..။

အဲဒီ့ အဖြစ်ကလေး အခြေခံပြီး ဇာတ်ထုပ် လုပ်မယ်ချည်း တကဲကဲ..။

အကြံပေးတာတွေကလည်း စုံနေတာပါပဲ.။မင်းသမီး ကယ်ဖြူစင်ကတော့ အဲလိုသတင်းတွေကြားကတည်းကရင်တော်တော် တုန်နေတာ..။မတော် လို့ မပဋာ ဇာတ်ဆိုရင်လည်း အဆိပ်ခွက်နဲ့ ဖြိုးမော် ကို သားလုပ်ရမှာလန့်တယ်.။ ဗိုလ်အောင်ဒင်ဇာတ်ဆိုလည်း နဂိုကမှ ရွာထဲမှာ မတည့်ကြသူ နှစ်ယောက်ကတကယ်နားပန်းသတ်နေမှာ.။ဒီလိုဆိုရင်တော့ မမြ၀င်းတို့က ဘယ်သူ့မှ မရွေးတော့ပါဘူး။စင်အောင်ဆင်းပြေးမယ်လို့ပဲ ကြယ်ဖြူစင်က တွေးထားတယ်။

နောက်ဆုံးလည်းကျရော အချစ်၊အလွမ်း နဲ့ အတူ ဖိုက်တင်လေး ဘာလေးလည်း ပါအောင်..။လူတကာလည်း ကြိုက်ကြသိကြတဲ့ သရုပ်ဆောင်ရ လွယ်မယ်ထင်တဲ့ဇာတ်ထုပ်တစ်ခု သွားတွေ့တော့တယ်..။ပါဝင်ကပြကြမယ့်ရွာသူရွာသားတွေလည်း သဘောတူကြတယ်..။ဘာဇာတ်ထုပ်ထင်သလဲ..။

ပေါင်ချိန်ဇာတ်..။

…………………………………………………………………………………………………………………………………

စစမြင်ရတဲ့ အဖွင့်ခန်းက ကြယ်ဖြူစင်က ခိုင်ဖုန်းရုံးရှေ့က စည်ကို တီးပြီးတိုင်တဲ့ အခန်းပေါ့..။

တီးတဲ့ ဟစ်စည် ကိုဘာနဲ့ လုပ်ထားတယ် ထင်သတုန်း..။သူကြီး မိန်းမ ရဲ့ ဆန်ပြာတဲ့ ဇကော ကို ရေထည့်တဲ့ ပီပါဝမှာ စွပ်ပြီး ဘေးက ထောက်တိုင်နဲ့ထောက်ထားလိုက်တာ ဟစ်စည်ဖြစ်ပါရောလား..။

ကယ်ဖြူစင်က ဇကောကို တီးပြီးအော်တိုင် ..အဲလေ စည်ကို ထုထု ပြီးရုံးတော် ကို တိုင်ကြားတယ်..။`မတရား အစွပ်စွဲခံရပါတယ်´..။

သူ့ဘေးမှာတော့ လူမမာ အဲလေ လူမမယ် ကလေး ငယ်နှစ်ယောက်အဖြစ် တလနွန်နဲ့ ဖြိုးမော် က ကပ်လို့..။လက်သည်းလေးတွေ ကိုက်ထားကြတယ်..။သရုပ်ဆောင်ကောင်းချက်ဗျ.။ခေါင်းကကတုံး..ကိုယ်မှာဝတ်ထားတာက တရုတ်ရှင်မီးပုံစံနဲ့တူအောင် စွပ်ကျယ်တွေကို ကိုင်းတစ်ဖက်ဖြတ်ပြီးနောက်ပုခုံးတစ်ဖက်မှာ က အထုံးလေးနဲ့ပေါ့.။


ကမယ့်ဇာတ်က ပရိသတ်များမှတ်မိမလားမသိဘူး.။`ပညာရှိချန်စွပ်မေ ဇာတ်´။

ဒီအချိန်မှာပဲ ရုံးတော်ထဲက ဆရာကုန်းစွမ်းထွက်လာတယ်.။ဘယ်သူလို့ထင်ပါသတုန်း.။ကိုစည်သူ ပါ.။

မေးစေ့မှာလည်း ပြောင်းဖူးမွှေးတွေကပ်ထားလေရဲ့.။သရုပ်တူအောင်လေ..။

သူက စမေးတယ်..။

`ဟဲ့ ကလေးမ စောစောစီးစီး အော်ကြီးဟစ်ကျယ်နဲ့ ခုချိန်တရားသူကြီးမင်းအိပ်နေတယ်ဆိုတာ မသိဘူးလား´

`ရှင် ဩော် ဟုတ်ကဲ့ ကျွန်မတောင်းပန်ပါတယ်ရှင် ။အရမ်းအရေးကြီးနေလို့ပါ.။နောက်ပြီးတရားသူကြီးက၁၂နာရီနောက်ပိုင်းဆို လူတွေ့မခံတော့ဘူးကြားလို့ပါရှင်..။´

`ဟေ့ ငါတို့ တရားသူကြီးမင်းမှာ အဲလို သဘောထားမျိုးမရှိဘူး.။တရားသူကို ကယ်ဆယ်ပြီး မတရားသူကို ဖယ်မယ်ဆိုတာ တို့ တရားသူကြီး ရဲ့မူ.။အခုက ညက မန်ယူနဲ့ ပွဲက တအားကောင်းနေလို့ ..အဲ ဟုတ်ပါဘူး

အမှုတစ်ခုအကြောင်း အလေးအနက် စဉ်းစားနေလို့ပါ.. ကဲ ပြောမင်း သူနဲ့တွေ့ချင်သလား´

ကြယ်ဖြူစင်ကသရုပ်ဆောင်တကယ် ပိုင်တာနော်..။ ကုန်းစွမ်းက အဲလိုပြောတာလည်းကြားရော အသံ ကို ကတုန်ကရင် လုပ်ပြီး

`ဘယ်လိုပြောလိုက်တာလဲ တွေ့ချင်တာပေါ့ရှင်´ လို့ ပြောလိုက်ပုံများ ရွာသားတွေက သဘောတွေကျနေတာ.။

အဲဒီ့အချိန်မှာပဲ..။ ပန်းခြံလေးထဲတွင်အသားမည်းမည်း .နဖူးတွင် လခြမ်းပုံချောကလက်ဖတ်ကလေး တပ်ထားသောပေါင်ချိန်အားအကျီ င်္လက်ကို မကာသိမ်းကာခေါင်းကိုရှေ့တိုးနောက်ငင် ဖြင့်

`စံစီစေးစား ..ဇေးကများ..ငပိရေခွက် လက်နဲ့ရက်´ စသည်ဖြင့် တရုတ်ကဗျာလိုလို ဘာလိုလို အား ရွတ်နေသည်ကိုမြင်လိုက်ရလေသည်.။

အမယ် ရွာသားတွေဖက် လှည့်လိုက်မှ ပေါင်ချိန်ဆိုတာ ဘယ်သူလဲ မှတ်တယ်..။ ကိုရီနိုမာန်ကြီး ကိုး..။

မကြာသေးခင်ကမှ ၀တ္ထုရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွာကို လာလည်ရင်းက ရွာလေးမှာပျော်ပြီးမပြန်နိုင်သူမြို့သားကြီး.။ဒါကြောင့် သူ့နာမည် ကလည်း ဆန်းနေတာ။သူပေါ့ ရွာမှာ ဇာတ်လမ်းလာရှာတာ.. (၀တ္ထုဇာတ်လမ်း)။


သူ့ကိုပေါင်ချိန်လုပ်ရမယ်ပြောတုန်းကတောင် သူက ရွံ့တွေနဲ့ သူ့မျက်နှာကို သုတ်မယ်ဆိုမလုပ်ဘူးတဲ့.။

ချောကလက်လေးနဲ့ သုတ်မှ ဆိုလို့ မြို့တက်ဝယ်ပေးထားရတာကော.။နဖူးက လခြမ်းလေးတောင်ချောကလက်လေးနော့.။


ဝမ်ချောင်နဲ့ မာဟန့်ဆိုပြီးဘေးမှာရပ်နေကြတာတွေက သက်ပိုင်သူ နဲ့ ပိုင်ဖြိုးကို..။

ပေါင်ချိန်က မိန်းကလေးပြောပြတဲ့ အမှုကို ပန်းခြံလေးထဲမှာနားထောင်ပါတယ်.။

`ဒီလိုပါ တရားသူကြီးမင်း´.။ကြယ်ဖြူစင်က ဇာတ်ဝင်သီချင်းလေးနဲ့ ဇာတ်ကြောင်း ကို ပြောပြပါတော့တယ်….ဒန့် ဒန် ဒန်..။

……………………………………………………………………………………………………………..


စင်ပေါ်ကို လူငယ်လေးတစ်ယောက်တက်လာပါတယ်.။ကျောမှာက ပလတ်စတစ်ကော်ရုပ်ကော်ခွက် အလဲသည်တွေထမ်းတဲ့တောင်းကြီးထမ်းလို့..။


ဟဲ ဟဲ အထင်တော် မလွဲလိုက်ပါနဲ့.။သူကတော့ နေပြည်တော်မှာ ပညာရှိစာမေးပွဲသွားဖြေမယ့် တောသားလေးချန်စွပ်မေ ပါ.။ဒါပေမယ့် ရရာ တောင်းကြီးထမ်းပြီးသရုပ်ဆောင်ရတော့ သံလွင်ဟီးရိုးက ပညာရှိနဲ့ ကို မတူဘူး။အလဲသည် လို့ထင်နေကြပါတယ်.။


(အောက်က ရွာသားတွေက ထင်တာနော်။..မောင်လေး ခုပြောတာတွေခဏသည်းခံ.နောက်ပြီးရင်ဘုရင့်သမီးတော်လေးနဲ့ ပေးစားတော့မှာ နော် ..နော်..)


စာမေးပွဲဖြေတော့ ၃လပြတ်ကျူရှင်တက်လာတဲ့ အကျိုး.။တစ်ကြိုမေးခွန်း အကျိုး .။စူပါဟော့ မေးခွန်း ၃စုံအကျိုး….တွေကြောင့် မဟုတ်ပဲ ကိုယ့် အရည်အချင်းနဲ့ ကိုယ် ပညာရှိဖြစ်သွားတာပါတဲ့.။။နောက်တော့ ဘုရင့်မိဖုရားကြီးက သဘောကျပြီး…အဲ ..သူ့ သမက်တော်ဖို့ သဘောကျတာပြောတာလေ.။သူ့ သမီးတော်လေးနဲ့ပေးစားလိုက်ပါရောတဲ့.။အဲဒီ့နောက်တော့ ရွာမှာတုန်းက အမျိုးမျိုးဆင်းရဲဒုက္ခခံပြီး ဒိုးတူဘောင်ဖက် ရုန်းကန်လာရတဲ့မိန်းမ ကို ရူးချင်ယောင်ဆောင်ပြီး ခေါက်ချင်လာတယ်ပေါ့.။သီချင်း အဓိပ္ပါယ်ကတော့ အဲဒါမျိုးပါ.။


ရှေ့ကနေ မိဘုရားကြီးအဖြစ် မကြယ်ပြာ.။သမီးတော် အဖြစ် တော့ အဆိပ်ခွက် ကလေး ကို တရုတ်ရင်ဖုံးလေးနဲ့တွေ့ရပါတယ်.။နောက်က သီချင်းနဲ့ အလိုက် ရှေ့ကနေ သရုပ်ဆောင်ကြတဲ့ သံလွင်.နဲ့ အဆိပ်ခွက် တို့ကလည်းတော်တော် ကို တော်ပါပေတယ်.။သံလွင်ကို အဆိပ်ခွက်က ထုလိုက်ရိုက်လိုက် .။သံလွင်ကရှက်ပြုံးကြီးပြုံးလိုက်.။မိဖုရားကြီး မမကြယ်ပြာကလည်း အဝေးကနေ ဝေါပေါ်က ပြုံးကြည့်လိုက်နဲ့ ဟုတ်နေပါတယ်.။

( ဆက်ရန်) ...

17 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ကိုရေတမာ said...

မျှော်နေဒယ်ဟေ့ ဒီအပိုင်းက သိပ်အသက်မ၀င်ဘူး ဖြေရှင်းချက်တွေက များနေတယ်

ပုံ့မေ said...

ဆက်ရေးပါဦး အမတော်ရေ..... မျှော မျှော် မျှော့ နေတယ်...... :P

သံလွင် HeRo said...

ရှက်ပြုံးကြီးပြုံးသွားတယ်...
က ရင်းဗိုက်ဆာလာလို့ ပေါင်ချိန်ရဲ့လချမ်းကို
ဖြုတ်ပြီး စားလိုက်ပီ...
ပွဲဖြစ်မြောက်ရေးအတွက် ကျရာဇာတ်ရုပ်က
ပီပြင်အောင်သရုပ်ဆောင်ရတော့
ဆေးစက်ကျရာပဲပေါ့...

ကောင်းကင်ပြာ said...

စိတ်...၀င်....စားးးစွာ စောင့်နေဒယ်....နော်း)

မိုးခါး said...

:D
မင်းသမီးက ဘယ်တော့ထွက်မှာတုန်း
စတာနဲ့ နှဲဆရာနောက်လိုက်တာ ခုထိပေါ်မလာသေးဘူး :P

Unknown said...

သြော် မင်းသမီး မြရေလျဉ်တယောက်ဘယ်များရောက်နေတာတုန်း၊ သူများတွေကကျရာဇာတ်ရုပ်ကနေသရုပ်ဆောင်နေပြီ၊ သူကတော့ လင်နောက်လိုက်သွားတာပေါ်ကိုမလာတော့ဘူး.......ဟွန်းပြောချင်တော့ပါဘူး။ ဆက်ရေးမြန်မြန်။

"မင်းကိုချစ်တဲ့သူ" said...

နှဲဆရာပြောင်းသွားပြီ... ထော်လာဂျီဂျေး ဖြစ်သွားဖြစ်...:P
ကောင်းပါတယ်... နောက်ဆက်တွဲကို မျှော်နေမယ်...
မြ၀တီက ကိုရီးယားကားကြည့်ရသလိုပဲ... ဟဲဟဲ...



မင်ကိုချစ်တဲ့သူ

တလနွန် said...

မိညိုတောင်မှ ထောလာဂျီဂျေးနဲ့ ပါသွားပြီးဆိုပဲ။ အဲဒါ အောင်သွယ်တော် မကောင်းလို့  :(
ပေါင်ချိန်ရဲ့ သားတော် လူမမာကလေးကလည်း စားစရာမရှိလို့  လက်ပဲကိုက်နေရတယ်တဲ့ :)

ဘာမှအကောင်းမရှိဘူး :(

နှဲဆရာနှင့် လိုက်ပြေးထားတဲ့ မင်းသမီးကတော့ အခုထိ မပေါ်လာတော့ဘူး :(

မြရေလျဉ် said...

နောက်တစ်ပိုင်းကျ
သံလွင်ဟီး၇ိုးက လိုက်သတ်ဦ်းမှာ
မပူနဲ့

phoechan said...

တတ်လည်းတတ်နိုင်ပါပေတယ်ဗျာ.....။ အာရုံနောက်နေတဲ့ အချိန်မှာ ဒါမျိုးလေးတွေ ဖတ်လိုက်ရရင် လူလည်း နည်းနည်းလန်းလာသလိုပဲ။ ဆက်သာဆော် ဂျီးတော်ရေ....။

Ree Noe Mann said...

ဪ ငါတော့ လွတ်ပါပြီလို့ ထင်နေတာ။
သွားတော့တာပဲ ချောကလပ် လခြမ်းနဲ့ ပေါင်ချိန်ပေါ့နော့။
သဘောကျ ရယ်သွားတယ် ညီမရေ

ကိုရီနို

ဆောင်းနှင်းရွက် said...

တစ်ပိုင်း တစ်ပိုင်း
ဖတ်ဖို့အရေး
၁၀ နှစ် လောက်
စောင့်ရလား
အောက်မေ့ရတယ် ..
ဒါပေမယ့်လည်း
စိတ်ရှည်သည်းခံ၍
မျှော်နေမယ်နော် ...

မေလေး said...

မြန်မြန်ဆက်ပါဟ
နင့်အငြိမ့်ကို ထိုင်စောင့်နေရတာ
မောထှာ

တောင်ပေါ်သား said...

ဇာတ်လမ်းကတော့ အဟဲဟဲ.. ထိပ်ဆုံးမှာပါတယ် နာ့နာမည်လဲ မပါဘူး စိတ်ဆိုးတယ်ကွာ နင်ဘာလုပ်မလဲ သောင်းကျန်းမှာနော်း) မျှော်နေမယ် ဟေ့ အပိုင်းဆက်တွေကလဲ များပါ့




လေးစားလျက်
တောင်ပေါ်သား

စည်သူ said...

ဟုတ်တယ်..ဟုတ်တယ်..

တူညားကိုလည်း.. ချရာ ကုန်းကျွန်းတဲ့
ဘယ်ကျွန်းမှာ တွားကုန်းခိုင်းအုံးမလဲမတိဘူး.. ကုန်းကုန်း ကုန်းကုန်းနဲ့ ပစ္စည်းပျောက်လို့ လိုက်ရှာခိုင်းမယ်ထင်တယ်..

ပီးတော့လည်း ဘာတဲ့ မေးချေ့အောက်မှာ.. ပြောင်းဖူးမွေးတွေတဲ့..

အောင်မယ်လေ.. တေဘီချရာရေ.. ပေါရက်လိုက်တာနော်..တူညားကို..

လက်မှတ်ပျောက်သွားလို့ နောက်ကျသွားတာ ထုမှရောက်တယ်ဟ..

နောက်တစ်ပိုင်းလည်း ကုန်းစွန်းက အေးဆေးပဲ..းP
ဟိုသူတွေတော့.. နာတော့မယ်.. အဟိ

ပျော်ရွှင်ပါစေ
စည်သူ

အဆိပ်ခွက် said...

နာက ဘယ်နဲ့ကြောင့် တရုပ်ရင်ဖုန်နဲ့ ဖြစ်သွားတာလဲ.. ဟီဟီ.. ဘဝပြောင်းပြီ.. နင်နော်.. နာ့ကို... ဟီဟီ

Young said...

အဲ မညာပါဘူးဟယ် ......... သူက အစကတည်းက မြို့ကို မစ္စည်းတက်ဝယ်ရင် အဲဒီထော်လာဂျီနဲ့ပဲ သွားနေကျလေ။ တခါတလေဆို ရွာကိုပြန်တောင်လာတာ ဟုတ်ဘူးတော့။ ဒါကြောင့်ပါအေ .... ကျုပ်မောင်တွေကို ... ကျိုးမထမ်းစေချင်လို့ပါ။းP

ကဲ မှတ်ပြီလား ......

မကြီးရောင်