(၁)သိမ်းလိုက် ထုတ်လိုက်နဲ့ အလုပ်က ရှုပ်ပါတယ်..

မုန်းမုန်း နဲ့ ပြန်ပြန် ကြည့်နေလည်း..

အဟောင်းက အဟောင်းပါပဲ..။

(၂)အရင်ကတော့

ဒီလူ့လက်တစ်ဖက်ကို

ဒိုင်းတစ်လက်လို ကိုင်

ထိုးနှက်လာသူတွေ ကို ယိုင်အောင် ပြိုင်ဖူးတယ်

မှိုင်တွေတယ် ဆိုတာဘာလဲ..

ချစ်သူကို တိုင် တိုင်ပြောရတာ အမော..။

အမေကပြောတယ်

သင်္ခါရသဘောတွေ..

ပြောလည်းပြောပြောပေါ့…

သူသာမောမယ်..

ဘာတွေကို စောကြောမလဲ..

အချစ် ဆိုတာ ငါ့ရင်ထဲက အားအပြင်းဆုံး အရောအနှော..။

(၃) ရော..ဒီကလေးမ ခက်ချေပြီ.

လူတွေက ရယ်တယ်..

ဒီမယ်..အသင်လောက..

ချစ်သူကပြောထားတယ်

သူက ထာဝရ တဲ့..

(ထာဝရတဲ့ကွယ်..)

(၄)ခပ်ကျယ်ကျယ် ထွက်ခဲ့ဖူးတဲ့ ရယ်သံတွေထဲမှာ

မာန က အပြည့်..။

ယုံကြည်မှုက ထင်းလို့ ၀င်းလို့

မင်းတို့သိကြလား..

ယုံကြည်မှု က တကယ်ကို လင်းလို့..။

တင်းနေတဲ့ စိတ်တွေထဲမှာ..

ချစ်သူ..(ချစ်သူ ဆိုတာ) ခြင်းကတော့ ထပ်လို့..

(၅) ကဲ မှတ်ပလား

ခုတော့ သူက ထားသွားပြီ..

တိုးတိုးနဲ့ကျယ်ကျယ် ..ရယ်နိုင်သေးသလား..

သူပြောတဲ့ ထာဝရ.

ကာလ က ဘာကြာသတုန်း..

မုန်းပြလိုက်တာများ ပိပိရိရိ..။

ကျွန်မ လုံးဝ မသိလိုက်တာက………..

လမ်းခွဲကြမယ်သူပြောတော့ ငါတို့မနက်က တကယ်စောနေသေးတယ်

9 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Unknown said...

ထိတယ်ဟာ....
မိုက်တယ်

သံလွင် HeRo said...

ချစ်ပြီးရင်ကြိုက်
ကြိုက်ပြီးရင်ကွဲ
ဖြစ်ပြီးပျက်...
အော်...အစ်မ တရားမှတ်...တရားမှတ်

ဒဏ္ဍာရီ said...

ဟုတ်ကဲ့ မှတ်ပါပြီ အမရယ် ......... ကဗျာရဲ့ စာသားတိုင်းကတော့ တကယ့်ကို ထိထိမိမိပဲ အမရေ .. လေးစားပါတယ်။

တောင်ပေါ်သား said...

ရေ ရမယ် ရေ... ရေခဲရေတွေ ရမယ်.. ရေအေးအေးလေးတွေ ရမယ်ရေ...း) အချစ် ဆိုတာ ငါ့ရင်ထဲက အားအပြင်းဆုံး အရောအနှော ဆိုလို့ ရေလေး လာပေးပါတယ်။း) လမ်းခွဲကြလဲ ၀မ်းမနဲကြေးတဲ့ဗျာ တဦးသောချစ်သူ ပြောဖူးတာပဲး)


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

စောစောသိလိုက်တာပဲ ကောင်းပါတယ် ..း))
ဟုတ်တယ်မဟုတ်လား ...

Anonymous said...

လမ်းခွဲမယ် ငါတို့ မနက်ကစောနေသေးတယ် . . . .

ထိမိတယ် . . . .

ရေတမာ said...

ဟစ်ဟော့ အဖွဲ့က သီချင်းအပ်ချင်လို့တဲ့

မေဇင် said...

မိုက်တယ်...ကြိုက်တယ်...

emayarKhin said...

စာသားတွေအရမ်းကောင်းတယ်...