မသေစေနိုင်ပါဘူး လို့ ငါသိနေတယ်
တွေဝေမှိုင်ရူး ခဲ့တဲ့ နေ့တွေက အပြစ်လား

လမ်းတွေ ရှိပေမယ့် လမ်းတွေ မသိနိုင်သူက ငါ..
ချစ်သူ
နင်ငါ့အချစ်ကို မကြာမကြာ စစ်ဆေးပေးခဲ့ရမှာ..။

နားလည်မှု လို့ ပဲခေါင်းစဉ်တပ်မယ်နော်..။

အဲဒီ့ခေါင်းစဉ်က အစီအငေါ်မတည့် တိမ်းစောင်းလိုက်တဲ့ အခါ..။
နင်က လည်း မာယာများသူ..
ငါကလည်း မာနထားသူ.။
ဩော် ကံတရားပေါ့
သူပဲ လက်တစ်လုံးခြားသွားခဲ့တယ်..။

ငါတို့ ရဲ့ ဝေးကွာအားကတော့
ကြည့်လိုက်ရင် ပုဝါတစ်ကမ်း
တကယ်က ကမ္ဘာတစ်ခြမ်းခြားတယ်.။

နင်ပေးတဲ့ ကမ်းလက်..
လှမ်းမဆက် နိုင်အောင် မှန်းချက်ကနာတတ်သူ..။
အယူခံမှာတောင်..မတူမတန် ရှုံးသေး.။

ချစ်တဲ့သူ အမုန်းတေး နဲ့ အိပ်စက်ညတွေ..
ဘ၀ရေ..
ဒီလိုဆိုပေမရှည်ပါနဲ့..။
အလွမ်းကိုလည်းအကျယ် မချဲ့...
နေခဲ့ဆိုတော့လည်း နေခဲ့တော့မယ်..
အချစ်ဆိုတာလည်း အိုမင်းလာရင် သေမယ့်နေ့ရှိမှာပဲ..။

ခုတော့လည်း မသိမသာနဲ့
မသိမသာနဲ့
မသိမသာနဲ့
သတိတစ်ခါတစ်လေ ရတယ်..။


ရင်ခွင်ကို ထက်ခြမ်းခြမ်း
ကမ္ဘာပြိုအောင်တောင် (တစ်ခါတစ်လေ) လွမ်းတယ်..။





11 ယောက်ကဒီလိုဒီလိုပြောကြတယ်:

emayarKhin said...

အချစ်ဆိုတာလည်း အိုမင်းလာရင် သေမယ့်နေ့ရှိမှာပဲ..ဒါဟာတကယ်လား......
ကမ္ဘာပြိုအောင်ကူလွမ်းသွားတယ်...
လွမ်းတယ်...

အိုင်လွယ်ပန် said...

အဲလို ကာရံယူရေးပုံလေးတွေ ကြိုက်တယ်ဟ ..
ကောင်းတယ် ...။

Sein Lyan Tun said...

ကမ္ဘာပြိုအောင်လွမ်းတယ်လား...
ရင်ခွင်တစ်ခုကို ထက်ခြမ်းခြမ်း

မင်းကတစ်ဖက် ငါကတစ်ဖက်နဲ့
အမုန်းတွေစွက် သံသယတွေလက်တကမ်းမှာ
စစ်ဆေးလို့ ထွက်လာတာ မာယာတွေပါ...

အနမ်း ဆိုတာမဲ့ပြုံးပြုံးတတ်တဲ့ ငါ့အဖို့တော့
အလွမ်းဆိုတာ အမုန်းတေးတွေနဲ့ အိပ်စက်နေခဲ့ရတဲ့ညတွေပါ..

အတ္တကိုအရောင်ဆိုး

လိုချင်တာကို ငြင်းဆန်နေပေမယ့်

တစ်ခါတစ်လေပေါ့

ကမ္ဘာတွေ ပြိုကျမတတ်လွမ်းမိပါတယ်


ချစ်ခင်စွာဖြင့်

မြရဲ့ ဆရာ

ဖိုးစိန်

ပုံ့မေ said...

ကမ္ဘာကြီးပြိုအောင်တောင်လွမ်းတယ်လား အမတော်...

အဟီးးး မသိမသာဆန်းစစ်လိုက်တယ်... ငါရပ်နေတာကမ္ဘာပေါ်မှာရှိနေသေးလို့ ...တော်သေးရဲ့... :P

အချစ်ဆိုတာ အိုမင်းလာရင် သေမဲ့နေ့ ရှိတယ် ဆိုတာလက်ခံတယ်ဗျို့ ...... အဟတ်ဟတ်

သက်ပိုင်သူ said...

ဖတ်သမျှကဗျာတွေ တော်တော်များမှာ နင့်ကဗျာတွေကို ချစ်တယ်.. ရိုးရိုးလေးနဲ့ လှလို့

သံလွင် HeRo said...

အချစ်တွေရယ်ဘယ်လောက်ခိုင်
ကမ္ဘာတစ်ခြမ်းက ခြားထား
မတွေ.ဖြစ်တဲ့ရက်တွေက များ
ဖုံးဆက်ပြီး အလွမ်းဖျောက်ပေမဲ့
နင့်အချစ်ကိုယုံကြည်မိတဲ့ ငါ
နင့်မာယာမှာမျောခဲ့

အလုံးစုံသောဇာတ်ကို
သိလာတဲ့အချိန်
အချစ်သာအဆုံးခံမယ်
မာနကို မရိုက်ချိုးနဲ့
နင့်လှည့်ကွက်ဘယ်လောက်များများ
သည်းမခံနိုင်တဲ့ စိတ်နဲ့
ငါချစ်ခဲ့တဲ့ အချစ်တွေကို
ငါကိုယ်တိုင် ရိုက်သတ်ပစ်လိုက်ပြီ

သံယောဇဉ်ကိုကတ်ကြေးနဲ့ညှပ်၊
အတွေးကိုတောက်တောက်စဉ်း
အလွမ်းကို ဆားနဲ့နယ်ပြီး
မာနဆိုတဲ့ငါ့ဒန်အိုးမှာထည့်မွှေ
သုံးခွက်တစ်ခွက်ကြိုသောက်ပြီး
အားလုံးကို ကုစားလိုက်ပြီ...

လွမ်းသုရင် said...

ကမ္ဘာပြိုအောင်တောင် လွမ်းသတဲ့လား...
နင့်ကဗျာလေးတွေက တစ်ခုခုတော့ ထူးနေသလိုပဲ။ သက်ပိုင်သူပြောသလို လှတယ်ပဲ ပြောရမလား။ ဖတ်လိုက်တိုင်းတော့ ထိရှသွားတာချည်းပါပဲ။
ငါလည်း ကမ္ဘာပြိုအောင် လွမ်းသွားတယ်...

ကြယ်ပြာ said...

ခုမှပထမဆုံးစဖတ်ဖူးတယ် ... ကဗျာလေးကို နှစ်ခြိုက်သဘောကျမိတယ် ...

Unknown said...

နင်ရေးတဲ့ကဗျာတွေတိုင်းက ရင်ထဲကလာတာမို့လို့ထင်တယ် သူများရဲ့ရင်ထဲကိုလည်းထိသွားတယ်နော်။ အချစ်ဆိုတာ အိုမင်းလာရင် သေဆုံးမယ့်နေ့တော့ရှိလာမှာပဲနော် ဟုတ်တယ်။

Phyo Maw said...

လေးဆယ်နားနီးအချစ် ဆိုတာ ဒီလိုပဲ ဖြစ်တတ်ပါတယ်
လို့ ပြောမလို့ပဲ

မပြောရက်ပါဘူး။

တလနွန် said...

ကဗျာလေးကောင်းတယ် အစ်မ