တိမ်လိုပြာကြည့်တယ်

နေလိုပူကြည့်တယ်

အပေါ်စီးမဆန်တတ်တော့လည်း မတန်ဘူးကွယ်

မြေလိုမာကြည့်တယ်

မြက်လိုပေါက်ကြည့်တယ်

အောက်ကျခံရတာလည်း မသက်သာပါဘူးဟယ်

ရေလိုအေးလိုက် ၊လေလိုပြေးလိုက်

အချစ်ကိုတွေးလိုက်၊အမုန်းနဲ့ဆွေးလိုက်

မိုက်တယ်..

(တကယ်ပြောတာ.)

မိတ်ဆွေ ..ညိုဝါ၀ါကော်ဖီတွေကို သင်ကြိုက်ရင်

ဘ၀ က တိုက်ဖို့ ကြိုဆိုနေတာ အဆင်သင့်ပါပဲတဲ့.။

ရှက်ဖို့ကောင်းပေမယ့် လက်တို့တောင်းချင်မိတဲ့

တစိချို့တစ်ချို့သော ကံကောင်းမှုတွေ..။

ပြောသာပြောတာပါ..

တကယ်တော့ ကံကောင်းမှုဆိုတာလည်း အချောင်တော့မရပါဘူး.။

လူတိုင်းကပြောတယ်

မောတယ် ဆိုတဲ့စကား..။

အင်းသွားတော့သွားရမှာပဲလေ..။

ငါကိုက( အိုင်လွယ်ပန်ပြောသလိုဆို)

၃၁ဘုံက ပဲကို။

ကြုံရာမှာပျော်ဖို့ဆိုတာကရော..

တော်ရုံခွန်အားနဲ့ မရဘူး..။

ဖြစ်နိုင်ရင်ပေါ့လေ..

သတိ..လမ်းကွေ့ရှိသည်.။

ခွေးကိုက်တတ်သည်..။

ဒါမျိုးဆိုင်းဘုတ်တွေကြိုကြိုရေးတတ်တဲ့ဘ၀မှာ

လူလာဖြစ်ချင်တယ်။

ဘာလို့လဲ……..

ကောင်းသည်ဖြစ်စေ..ဆိုးသည်ဖြစ်စေ

ကိုယ်မသိလိုက်ခင်မှာ ပြောင်းလဲပြီး ဖြစ်ဖြစ်နေတဲ့ ရုပ်ရှင်ဆန်ဆန်ကံတရားရယ်..။

နင်ကသိပ်ဖြူစင်တာပဲလို့ပြောပြောပြီး တစ်ပတ်ရိုက်သွားတဲ့..မျှော်လင့်ချက်တွေရယ်..။

နာကျင်စရာကြုံတိုင်း ရှေ့ကထွက်လာပြီး ခုန်ခုန်ချတတ်တဲ့ မျက်ရည်တွေရယ်…၊

နောက်ပြီး

မပိုင်မနိုင်ကျက်ထားတဲ့စာတွေကို ၀ါးချနေသလိုမျိုး

အချစ်ကိုလုံးထွေးပြီးငါ့ရှေ့မှာပြန် ပြန်ဆိုပြတဲ့ချစ်သူတစ်ချို့ရယ်..က

ဘ၀ရဲ့ထောင့်ချိုးကျမှပေါ်ပေါ်လာတတ်လို့ပါ..

ဒီလိုနဲ့ တိမ်လိုလည်းမမြောက်..စိန်လိုလည်းမတောက်..

မြေလိုလည်းမမာ..နေလိုလည်း မ သာ..

လူဂွစာ သာသာနဲ့အန္ဓတစ်ကောင်ရဲ့မာယာတွေလို

ပေါတောတောနိုင် နိုင်လာတယ်

ကုန်ကြမ်းအဖြစ်ပါလာတဲ့..အကောင်းမြင်စိတ်လေးကလည်း

သုံးရဖန်များလို့ အရောင်တွေမှိန်..

အကြိမ်ကြိမ်တော့ ဆက်ပြောနေတုန်း…။။

`စိန်လိုက်´ ဆိုတဲ့စကားလုံးတွေကို..။

16 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Sein Lyan Tun said...

မြ ရေ

တစ်ယူပါတယ်

Sein Lyan Tun said...

နေပူပါစေ
မြေလို မာအောင်ကြိုးစားမယ်
ရေလို အမြဲမအေးနိုင်ပေမယ့်
လေလို အမြဲပြေးမယ်..
အောက်တာခံတယ်ဆိုတာက ဘဝမကျပါဘူး..

အချစ်ကိုတွေး..ဆွေး..ငေး..ပြေး...
ကံမကောင်းချင်းတွေကို လက်ဆေးလိုက်ချင်တယ်..

၃၁ ဘုံက လူသားတွေ
တွေးကြည့်ရင်မောတယ်..
အပြောင်းလဲမြန်တယ်
အချိုးအကွေ့များတယ်..
လူတွေက လူသားဆန်လွန်းတယ်
ကောင်းတာက ခဏတာဟန်ဆောင်အပြုံး
မကောင်းတာက တစ်ဘဝတာ မဲ့ပြုံးပြုံး
နောက်ကွယ်မှာ အမုန်း...။
မလိုချင်ပါဘူး
မယူချင်ပါဘူး...
ခုန်ခုန်ကျလာတဲ့ မျက်ရည်တွေရယ်..
ခမ်းနေပါပြီး..
အကောင်းမြင်တဲ့စိတ်တွေရယ်..
သုံးဖန်များတော့ ရုန်းကန်လာတယ်..
အရာရာကို အရှုံးပေး မုန်းနေမိတယ်..။


စိတ်ထဲက အကြိမ်ကြိမ်...
နှုတ်ကနေ ရေရွတ်လို့
ဘဝကို “စိန်” လိုက်မယ်....။
ကဲလောင်းကြေးထပ်ကြတော့....။

ချစ်ခင်စွာဖြင့်

ဖိုးစိန်


မြရေ...

ဖိုးစိန်စိတ်ပါရင်တော့ ရေးပါတယ်.. တိုက်ဆိုင်ရင်... စချင်ရင်... စိတ်ပါရင်ပေါ့

ကြိုက်လို့လား.. မကြိုက်လို့ လား

လာပြောနော်။။။

emayarKhin said...

ကိုယ်မသိလိုက်ခင်မှာ ပြောင်းလဲပြီး ဖြစ်ဖြစ်နေတဲ့ ရုပ်ရှင်ဆန်ဆန်ကံတရားရယ်..။

နင်ကသိပ်ဖြူစင်တာပဲလို့ပြောပြောပြီး တစ်ပတ်ရိုက်သွားတဲ့..မျှော်လင့်ချက်တွေရယ်..။

နာကျင်စရာကြုံတိုင်း ရှေ့ကထွက်လာပြီး ခုန်ခုန်ချတတ်တဲ့ မျက်ရည်တွေရယ်…၊

အရမ်းလေးစားပါတယ်..စာသားတွေကို..

Sein Lyan Tun said...

ဆောရီး ကဗျာမှာ
အောက်တာ ခံ မဟုတ်ပါ

အောက်ကျခံပါနော်

ပြင်ဖတ်ပါဗျာ

phoechan said...

ဂျီးတော်လေးရေ.... ဒီကဗျာလေးလဲ အရမ်းကောင်းတယ်ဗျို့။ ဒါပေမယ့် ကဗျာက နည်းနည်းရှည်တော့ စာဖတ်ပျင်းလွန်းတဲ့ ကျွန်တော့်အတွက် နည်းနည်းဟုန်သွားတယ်။ ကျွန်တော်က ကဗျာဆို တိုတိုလေးတွေကို ပိုကြိုက်တယ်ဗျ။ သူများတွေတော့ ဘယ်လိုလဲမသိ။

Dream said...

ကဗျာလေး တော်တော်ကောင်းတယ်....

တော်လိုက်တာ..သူများသားသမီးတွေများ ရေးတတ်လိုက်တာ.. အားကျတယ်...

အာဝါးးး မရောက်တာကြာလို့ မတွေ့တာကြာလို့..သတိရလိုက်တာ.. စာဥ၇ယ်..အဲလေ..ဟုတ်ပါဘူး ..မြရယ်..း)

သံလွင် HeRo said...

အစ်မရေ...ဘာအသားနဲ့ထွင်းတာလဲဟင် ????

တောင်ပေါ်သား said...

ငါပြောပါတယ် နင့်ကို ငါ့လို ပေါတောတော မနေပါနဲ့လို့ ခုတော့ ပြောခံထိပြီးမလားး)

အရာရာသည် လုပ်ရပ်တိုင်းမှာ မူတည်နေပါတယ်။ ကိုယ်မှန်တယ်ထင်တယ်ဆို ဆက်လုပ် စိတ်ဓါတ်မကျနဲ့


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

စိန်လိုက်ကွယ် ..း)
ကိုဖိုးစိန်က သူ့ခေါ်တယ် ထင်နေဦးမယ်
အဆင်ပြေတယ်ဟုတ် ..း))

ရေတမာ said...

လေးစားပါတယ် အကောင်မြင်စိတ်လေး တော့ အရောင်ပြန်တင်စေချင်ပါတယ်

ဂျပန်ကောင်လေး said...

မိုက်တယ်...း)

တလနွန် said...

ကဗျာလေး တော်တော်ကောင်းတယ်။

အကောင်းမြင်စိတ်လေးကလည်း သုံးရဖန်များလို့ အရောင်တွေမှိန်.. အကြိမ်ကြိမ်တော့ ဆက်ပြောနေတုန်း…။။ `စိန်လိုက်´ ဆိုတဲ့စကားလုံးတွေကိုလေ


အဆင်ပြေပါစေ အစ်မရေ...

ကောင်းကင်ပြာ said...

မိတ်ဆွေ ..ညိုဝါ၀ါကော်ဖီတွေကို သင်ကြိုက်ရင်

ဘ၀ က တိုက်ဖို့ ကြိုဆိုနေတာ အဆင်သင့်ပါပဲတဲ့.။
စိန်လိုက်ပါ ညီမလေးရေ...

သက်ပိုင်သူ said...

ကောင်းတယ် မြရယ်...
နင်လက်ရာတွေ တော်တော်ကောင်းလာပီ

Mogok Thar said...

What a beautiful Poem...


ကြုံရာမှာပျော်ဖို့ဆိုတာကရော..

တော်ရုံခွန်အားနဲ့ မရဘူး..။

:-)

Cheers!!!!!!!!!!!!!

ပုံ့မေ said...

အင်းးးးး ကဗျာတော်တော်ကောင်းတယ် အစ်မတော်...

၃၁ဘုံကျင်လည်နေသမျှတော့ ဒီပြောင်းလဲမှုသိပ်မြန်တဲ့ ကံ၊ ရိုက်ချသွားတဲ့ တန်ပြန်တုံ့ ပြန်မှုတွေ၊ ဒီရေတက်လာမြဲဖြစ်တဲ့ မျက်ရည်တွေ၊ စိတ်တွေယိမ်းခါပျက်ယွင်းသွားစေမဲ့  စွဲလန်းမှုတွေ၊ တနေ့ ထက်တနေ့ မျက်နှာပေါ်ထင်ဟပ်နေတဲ့ ခက်ထန်မုန်းတီးစိတ်တွေ၊ စိတ်နှလုံးလှုပ်ရှားစေမဲ့ အားပေးနှစ်သိမ့်မှုတွေ နဲ့ ဘဝစာမျက်နှာပေါ် ဆက်လက်စိန်ခေါ် ရေးခြစ်ကြရဦးမှာပေါ့လေ။