ဘယ်သူကတော့ ငိုချင်မှာလဲ

ဒီလိုပဲ ဘ၀က ဆိုးလာတာ

ရုပ်မလှရင်

ဓန မလှရင်

ဘ၀ မလှရင်

နောက်..

အယူအဆ မလှရင်

ဘယ်သူ့ဘယ်သူ ကမှ ဇာတ်လိုက်လို့ မထင်ဘူး..။

ဇာတ်တော်ထဲမှာ ဒီအတိုင်း

ပုံပြင်ထဲမှာလည်း ဒီဒီဇိုင်း.

ရုပ်ရှင်ထဲမှာလည်း ဒီလို လိုင်းပါပဲလေ..။


သယ် ...ရိုင်းလိုက်လေ

ရေဆုံးရေဖျား မူလအရင်းခံကို မရှာကြပါလား..။

သနားဖို့ဆိုတာ ဝေလာဝေး

ကဲ လူကြမ်းတွေဆွေးရော..။

ထားပါ ဘယ်သူ့ အတွက်မှ မတွေးတော့ဘူး

ရုပ်ဆိုးမလေး ရင်မှာလည်း ဆူးစူးနေပါတယ်.။

ရုပ်ကလည်းမလှ ဓနကမွဲ

ဘ၀ကလည်း ဆင်းရဲ..

အယူအဆလေးတွေလည်းတစ်ခါတစ်လေလွဲတယ်.

ခံစားချက်လေးက မ၀တ၀..

အဲဒီ့ကျွန်မကိုလေ..

တစ်ချို့ကပြောတော့ ရိုင်းတယ်

တစ်ချို့ကပြောတော့ ဆိုးတယ်

ကျွန်မရင်မှာတော့ အညှိုးတကယ် မရှိဘူး

ကျွန်မလည်း လှချင်တာပေါ့

ရူပါ၊စိတ်ကူး၊ဓန နဲ့ဘ၀ထူးဆို

အရူးတောင် လိုချင်တယ်

ကဲ...။

13 ယောက်ကဒီလိုဒီလိုပြောကြတယ်:

စည်သူ said...

အေး..း))))))))))

စည်သူ said...

ဘူမှလာကြဒေးဘူး
ကိုရီနို လာတာတွေ့တယ်

တံခါးပေါက်က သေးနေလို့ တစ်နေတာ..း)

စည်သူ said...

ဟား.ဟား..ဟား..

ရေးသားချက်ကတော့ မိုက်တယ်ဗျို.
အလှကြိုက်သူ ရုပ်ဆိုး၏တဲ့..

အေးပေါ့လေ
လူကြမ်းလည်း အသည်းနှလုံးရှိတယ်လေ
သူလည်း ဆွေးတတ်တာပေါ့..

ဟိုအရူးကြီးကတော့
ဟာ.... ဟုတ်သေးပါဘူး..P

ပုံ့မေ said...

ရေလည်မိုက်တယ် အစ်မတော်ရေ..

တို့ များလဲ ရူပါ၊ ဓန၊ စိတ်ကူး၊ ဘဝထူး မျိုး လိုချင်တာပေါ့.... အဟီးးးးးးးး

အိပ်နေရာကနေ ထ ဗြုန်းခနဲ အကုန်ရောက်လာရင် ကိုယ့်ဖာသာကိုယ်ပဲ အံ့သြလွန်းလို့ ရူးသွားမလားပဲနော... :P

ဒါနဲ့ စုန်းရိုးခံရသူ ဆိုတာ ဘယ်လိုလဲ... နားမလည်ဘူး :( အဲ့မှာတင်သွားပြီ စိတ်ကူးးး ဟီးးးးးးးး :D

Sein Lyan Tun said...

မြရေးးး.. စိတ်ထဲမထားပါနဲ့ကွာ... ကဖိုးစိန်နားလည်ပါတယ်။။။

အင်းလေ။။

ဇာတ်လိုက်တိုင်းက ရုပ်မလှပါဘူး...
(မြကလှပါတယ်)

ဓနရှိမှ လူရာဝင်တာ မဟုတ်ပါဘူး..
(ကဖိုးစိန်ရှိရင် မြလူရာဝင်ပါတယ်ကွာ)

အယူအဆ မလှပေမယ့် ဘဝ လှနေတဲ့ သူတွေရှိပါတယ်..။
(မြနဲ့ကဖိုးစိန်နဲ့ ကအယူအဆက တစ်ထပ်တည်းပါကွာ)

မြရယ်.. တကယ်တော့ ဒါတွေက အတိတ်ကံ ကုသိုလ်အကျိုးပေးတွေပါ...

သိပ်မပေါက်ကွဲပါနဲ့.. ကဖိုးစိန်စကား မှတ်သားပါ.. လေ့လာပါ... နာယူပါကွာ...

ကဖိုးစိန် တစ်ယောက်လုံးရှိပါသေးတယ်

မြရင်ထဲမှာ အညှိုးအတေးမရှိဘူးဆိုတာ ကဖိုးစိန်သိပါတယ် မြရယ်..

ကဖိုးစိန်သိရင် ရပါပီး... ရုပ်မလှပေမယ့် မြစိတ်လှတယ်လေ.. ဘဝဆင်းရဲနိုင်ပေမယ့် သဘောထားမသေးသိမ်ပါဘူး...


အယူအဆကတော့ တစ်ဦးနဲ့ တစ်ယောက်မတူနိုင်တဲ့အတွက် အကြိမ်ကြိမ် ကွဲလွဲနေဦးမှာပါကွာ...

ကဲကွားးး ဒီလောက် ရှည်ရှည်ရှင်းပြနေတာ... မင်းကွားးး ထပ်ပြီး အဓွန့် ရှည်နေသေးတယ်


မြကွားးး ဒီလောက်ဖြောင်းဖျနေတောင်မှ ပြောနေ သေးတယ်ကွားးး

တိတ်တော့... စကားမရှည်နဲ့...

မီးပိတ်... အိပ်မယ်....


ဟိဟိ

အစက အတည်ရေးနေတာပဲ... နောက်မှ ဘယ်လိုဖြစ်တယ်မသိ... ချဉ်ဖတ် လုပ်သွားတယ်...

မြရေ... မကြိုက်ရင် ဒလိလိုက်ပါ... စိတ်တော့မဆိုးပါနဲ့  နောက်သွားတာပါ...


ချစ်ခင်စွာဖြင့်

ကဖိုးစိန်
မြရဲ့ ထာဝရဆရာ

ရေတမာ said...

စိတ်ထားတွေ လှပါစေ

တောင်ပေါ်သား said...

ရူပါတွေ လှဖို့ထက် စိတ်ထားလေးက လှဖို့ အရေးကြီးဆုံးပါဗျာ.. လှနေတယ်မလား ဒါဆိုအေးဆေး အပေါ်က အကာတွေကို ခွာချလိုက်း) အားလုံး အဆင်ပြေသွားမယ်



လေးစားလျက်
တောင်ပေါ်သား

မြရေလျဉ် said...

စောစောစီးစီး တော်တော် အံ့ဩသွားတယ်
လူတွေ အများကြီးရောက်နေလို့

မေသူရေ
စုန်းရိုးခံရသူဆိုတာ
မရှိခိုးနိုး မလှစုန်းရိုးစကားပုံကနေ မှီငြမ်းထားတာပါ

ဒီကဗျာကိုလည်း အဲဒီ့ စကားပုံကနေ အိုင်ဒီယာ ရတာပါ
လာမန့်ပေးကြတာကျေးဇူးပါ ...

တလနွန် said...

ရူပကာထက် မနောက ပိုပြီးတော့ အဓိကကျပါတယ်အစ်မရာ ။ ကဗျာလေး အရမ်းကောင်းတယ်။

ခင်မင်ခြင်းများနှင့်
တလနွန်

မေလေး said...

ရူပါက ချုချာဒယ် ချာရာ

ဟဲ့ စုန်းရိုးခံရသူ ဆိုတာ ဘာတုန်း
ချဉ်ဖတ်ကတော့ ယူခဲ့ဟာ
ငပိရည်နဲ့စားပစ်မယ်။းP

မိုးခါး said...

ညီမလေးတယောက်ရဲ့ မက်ဆေ့မှာ ဖတ်လိုက်ရတယ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် ရိုင်းပါသည်တဲ့
ဆိုင်မဆိုင်မသိဘူး
စိတ်ထဲပေါ်လာလို့ ရေးလိုက်တာ
ကိုစည်သူက ကိုရီနိုကို ကျော်ပြီး တံခါးပေါက်က ၀င်လာတယ်
ကိုဖိုးစိန်ကလည်း ပြောသွားလိုက်တာစုံလို့
ရေလိုက်တိုက်ဦးမှ :D

emayarKhin said...

အဲဒါကြောင့်မြရေလျဉ်ရဲ့
ကဗျာတွေကို..ဖတ်ချင်တာ...
အရမ်းကောင်းလို့...

သက်ပိုင်သူ said...

ရုပ်ဆိုးပါဘူးကွယ်..း)