ငါကတော့..အဲဒီ့မှာပဲပျော်တယ်။
ပင်လယ်အတုမဟုတ်ဘူး
အဲဒါချောင်းသာ..
ငါတို့ရဲ့..လွပ်လပ်မှုတွေ..
ပြီးတော့…ပဲခူး
အမှတ်တရများနဲ့..မှော်ဘီ။
ဝေဒနာ..လှည်းတန်း
အားလုံးကို..လွမ်းတယ်။
ကျူရှင်ခန်းထဲက..ဆရာ့ကိုလွမ်းတယ်။
စာသင်ကျောင်းကကျောင်းအုပ်ကြီးကို..လွမ်းတယ်
လှော်ကားထိလိုက်ဖမ်းတဲ့..ဌာနမှူးကို..လွမ်းတယ်
သူငယ်ချင်းတွေရဲ့..ဟိုအရင်က..စိတ်ကိုလွမ်းတယ်
ခုတော့
ငါတို့..အလှမ်းကွာချင်တိုင်းကွာလို့
ငွေနောက်ကိုလိုက်လို့
ပြိုင်ချင်တိုင်းပြိုင်လို့
မှိုင်ချင်တိုင်းမှိုင်လို့

ဘ၀.ဆိုတာဘာလဲ
ပျော်ရွှင်မှုကဘာလဲ
ဖြေကြပါ..ဟာ

သေချာတာငါပြောမယ်
ငွေရှာရတာမောတယ်
စာသင်တုန်းကငြီးငွေ့တယ်။
Feelတွေ့တာက..လွပ်လပ်မှု
ပြီး..ကျေနပ်တတ်တဲ့.စိတ်တစ်ခုပါ

ကဲ..သူငယ်ချင်းတို့
စိတ်ပျက်မှု..တည်ငြိမ်မှုတွေနဲ့
ရှေ့ဆက်ကြဦးစို့

ငါတို့ရဲ့အလင်းရောင်ကို
နောင်နှစ်..တန်ဆောင်တိုင်ထိ..ထွန်းညှိ
မြန်မာပြည်ကို..
တစ်ပတ်.ပတ်ကြည့်ဖို့
မူးစေ့မတ်စေ့ကအစ..စုလိုက်ကြရအောင်..

(၄.၁၀.၀၈)

(သူငယ်ချင်းတို့ရေ..
ငါတို့မြန်မာပြည်ကို..အတူတူပြန်ရအောင်.
ပြီးရင်မြန်မာပြည်အနှံ့ခြေဆန့်ကြရအောင်.ဟာ
အားတင်းထားကြနော်..)