တစ်နေ့နေ့မှာ ကျွန်မ မရှိတော့တဲ့ အခါ ..သူငိုမှာလား.
တစ်နေ့နေ့မှာ ကျွန်မ မရှိတဲ့အခါ ...ဘယ်အရာက အဓိက သူ့ကို လွမ်းဆွတ်စေမလဲ..
တစ်နေ့နေ့မှာ ကျွန်မ မရှိတဲ့အခါ .. သူအရင်ဆုံး မေ့သွားမှာ ကျွန်မ ရဲ့ ဘာအကြောင်းကိုလဲ..။

အိပ်ရာထ ပျင်းတာကိုများ သူ စမေ့မလား..။
ကျွန်မချက်ကျွေးတဲ့ဟင်းလေးတွေကို သူ စမေ့မလား..။
ကျွန်မက နောက်ပြောင်တတ်တယ် ဆိုတာ ကို သူ စမေ့မလား..။

တစ်ခါတစ်လေ အလုပ်က ပြန်လာရင် ကျွန်မအတွက် မုန့်လေးတစ်ခုခု ၀ယ်လာဖို့ သူမေ့နေတတ်သည်။
တစ်ခါတစ်လေကျ ချစ်သူများနေ့မှာ အနမ်းလေးတွေ ပေးဖို့ မှ သူက မေ့နေတတ်သည်.။
တစ်ခါတစ်လေကျ ...သူက သူ့ဘေးမှာ ကျွန်မ ရှိနေတာကိုမေ့နေတတ်ပြီး အိပ်ရာမ၀င်ပဲလဲ နေတတ်သေးတာပဲ..။

ဒါဆို တစ်နေ့ကျ သူတကယ်မေ့သွားမှာပဲ ..။
ကျွန်မ မရှိတော့ရင်.. သူတကယ်မေ့သွားရလွယ်မှာပဲပေါ့..။

ကျွန်မ သူ့အနားမှာ မရှိတော့တာ သေချာတဲ့တစ်နေ့မှာ ကျွန်မကို သတိရနေစေရန် အတွက်နဲ့တော့စာလေးတစ်စောင်တောင်မထားခဲ့ချင်ပါ။
သူရုတ်တရက် သတိရတဲ့အခါ ကျွန်မက သူ့အနားကို ပြန်လာနိုင်တော့မှာမှ မဟုတ်တာ..။
ကျွန်မ မှာခဲ့ချင်တာလေးတွေတော့ ရေခဲသေတ္တာပေါ်မှာ စာရွက်တိုလေးနဲ့ပေါ့ပေါ့လေး
ရေးပြီးမှာခဲ့မည်..။

ရေမှန်မှန်ချိုးရန်
ညအိပ်ရာစောစောဝင်ရန်
အစားများများ စားရန်..
ခေါင်းကိုက်လျှင် ဆေးသောက်ရန်မပျင်းရန်

ဒီ၎ခုက ကျွန်မ သူ့အပေါ်မှာ ထားခဲ့တဲ့ မျှော်လင့်ချက် အကုန်ပါလို့ပြောရင်လဲ သူယုံမှာ မဟုတ်ပါဘူးလေ။
သူရယ်နေမှာ ..ကျွန်မ သိတယ်..။
ကျွန်မက နောက်ထပ် ၃လ ပဲ အသက်ဆက်ရှင်ရမယ် ပြောလဲ သူရယ်နေမှာပဲ..။

"ကိုယ်မယုံပါဘူး မင်းဒါ သက်သက်ကျပ်တာပဲ .".

အဲလို သူက လာပြောရင် ကျွန်မကလဲ ပြန်ရယ်နေမှာပဲ..

"သူ ဘယ်လိုသိသလဲ တော်လိုက်တာ"လို့တောင် ဟန်ဆောင်နောက်ပြောင်ပြန်ပြောမိဦးမယ်..။

သေချာတာတော့ အဲဒီ့အချိန် ကျွန်မတကယ် သူနဲ့မခွဲချင်ပါ..။
နောက်တစ်ခု က သူ့ကိုလဲ ကျွန်မကို လွမ်းဆွတ်တသနေတာမျိုးမဖြစ်စေချင်ပါ.။ကျန်တာလဲ ဘာမှ မလိုချင်ပါ.။
တစ်ခုပါပဲလေ...
သူနဲ့ ပတ်သက်ရင် အရာရာ အတ္တကင်းကင်း ချစ်နေနိုင်တယ်လို့ ထင်နေရပေမယ့်
သူနောက်ထပ် တစ်အိုးတစ်အိမ်ထူထောင်သွားရင်ရော ..
ဒီမေးခွန်းကိုတော့ ကျွန်မ သိသိသာသာ ရှောင်ရှားနေခဲ့မိပါသည်၊

ဘာဖြစ်လို့လဲဆိုတော့ လပေါင်းများစွာ မသာယာတဲ့ ကျွန်မတို့အိမ်ထောင်ရေးရဲ့ နောက်ကွယ်က သူ့ဖောက်ပြန်မှုက ကျွန်မကို ဒီသေစေလောက်တဲ့အထိပြင်းထန်တဲ့ နှလုံးရောဂါကိုတောင် ပေးနိုင်ခဲ့တာကြောင့်ပါပဲ။


ကျွန်မ မရှိတော့တဲ့အခါ သူပထမဆုံး ထလုပ်မှာ မင်္ဂလာဆောင် တစ်ခု မဖြစ်စေဖို့သာ ...ဆုတောင်းရင်းးးးးးး