တစ်နေ့နေ့မှာ ကျွန်မ မရှိတော့တဲ့ အခါ ..သူငိုမှာလား.
တစ်နေ့နေ့မှာ ကျွန်မ မရှိတဲ့အခါ ...ဘယ်အရာက အဓိက သူ့ကို လွမ်းဆွတ်စေမလဲ..
တစ်နေ့နေ့မှာ ကျွန်မ မရှိတဲ့အခါ .. သူအရင်ဆုံး မေ့သွားမှာ ကျွန်မ ရဲ့ ဘာအကြောင်းကိုလဲ..။

အိပ်ရာထ ပျင်းတာကိုများ သူ စမေ့မလား..။
ကျွန်မချက်ကျွေးတဲ့ဟင်းလေးတွေကို သူ စမေ့မလား..။
ကျွန်မက နောက်ပြောင်တတ်တယ် ဆိုတာ ကို သူ စမေ့မလား..။

တစ်ခါတစ်လေ အလုပ်က ပြန်လာရင် ကျွန်မအတွက် မုန့်လေးတစ်ခုခု ၀ယ်လာဖို့ သူမေ့နေတတ်သည်။
တစ်ခါတစ်လေကျ ချစ်သူများနေ့မှာ အနမ်းလေးတွေ ပေးဖို့ မှ သူက မေ့နေတတ်သည်.။
တစ်ခါတစ်လေကျ ...သူက သူ့ဘေးမှာ ကျွန်မ ရှိနေတာကိုမေ့နေတတ်ပြီး အိပ်ရာမ၀င်ပဲလဲ နေတတ်သေးတာပဲ..။

ဒါဆို တစ်နေ့ကျ သူတကယ်မေ့သွားမှာပဲ ..။
ကျွန်မ မရှိတော့ရင်.. သူတကယ်မေ့သွားရလွယ်မှာပဲပေါ့..။

ကျွန်မ သူ့အနားမှာ မရှိတော့တာ သေချာတဲ့တစ်နေ့မှာ ကျွန်မကို သတိရနေစေရန် အတွက်နဲ့တော့စာလေးတစ်စောင်တောင်မထားခဲ့ချင်ပါ။
သူရုတ်တရက် သတိရတဲ့အခါ ကျွန်မက သူ့အနားကို ပြန်လာနိုင်တော့မှာမှ မဟုတ်တာ..။
ကျွန်မ မှာခဲ့ချင်တာလေးတွေတော့ ရေခဲသေတ္တာပေါ်မှာ စာရွက်တိုလေးနဲ့ပေါ့ပေါ့လေး
ရေးပြီးမှာခဲ့မည်..။

ရေမှန်မှန်ချိုးရန်
ညအိပ်ရာစောစောဝင်ရန်
အစားများများ စားရန်..
ခေါင်းကိုက်လျှင် ဆေးသောက်ရန်မပျင်းရန်

ဒီ၎ခုက ကျွန်မ သူ့အပေါ်မှာ ထားခဲ့တဲ့ မျှော်လင့်ချက် အကုန်ပါလို့ပြောရင်လဲ သူယုံမှာ မဟုတ်ပါဘူးလေ။
သူရယ်နေမှာ ..ကျွန်မ သိတယ်..။
ကျွန်မက နောက်ထပ် ၃လ ပဲ အသက်ဆက်ရှင်ရမယ် ပြောလဲ သူရယ်နေမှာပဲ..။

"ကိုယ်မယုံပါဘူး မင်းဒါ သက်သက်ကျပ်တာပဲ .".

အဲလို သူက လာပြောရင် ကျွန်မကလဲ ပြန်ရယ်နေမှာပဲ..

"သူ ဘယ်လိုသိသလဲ တော်လိုက်တာ"လို့တောင် ဟန်ဆောင်နောက်ပြောင်ပြန်ပြောမိဦးမယ်..။

သေချာတာတော့ အဲဒီ့အချိန် ကျွန်မတကယ် သူနဲ့မခွဲချင်ပါ..။
နောက်တစ်ခု က သူ့ကိုလဲ ကျွန်မကို လွမ်းဆွတ်တသနေတာမျိုးမဖြစ်စေချင်ပါ.။ကျန်တာလဲ ဘာမှ မလိုချင်ပါ.။
တစ်ခုပါပဲလေ...
သူနဲ့ ပတ်သက်ရင် အရာရာ အတ္တကင်းကင်း ချစ်နေနိုင်တယ်လို့ ထင်နေရပေမယ့်
သူနောက်ထပ် တစ်အိုးတစ်အိမ်ထူထောင်သွားရင်ရော ..
ဒီမေးခွန်းကိုတော့ ကျွန်မ သိသိသာသာ ရှောင်ရှားနေခဲ့မိပါသည်၊

ဘာဖြစ်လို့လဲဆိုတော့ လပေါင်းများစွာ မသာယာတဲ့ ကျွန်မတို့အိမ်ထောင်ရေးရဲ့ နောက်ကွယ်က သူ့ဖောက်ပြန်မှုက ကျွန်မကို ဒီသေစေလောက်တဲ့အထိပြင်းထန်တဲ့ နှလုံးရောဂါကိုတောင် ပေးနိုင်ခဲ့တာကြောင့်ပါပဲ။


ကျွန်မ မရှိတော့တဲ့အခါ သူပထမဆုံး ထလုပ်မှာ မင်္ဂလာဆောင် တစ်ခု မဖြစ်စေဖို့သာ ...ဆုတောင်းရင်းးးးးးး
ကမ္ဘာကြီးရေ ငါထွက်လာခဲ့ပြီ
လင်းလက်စွာ တချွင်ချွင်နဲ့...

မထမ်းပိုးချင်ပေမယ့် တစ်ခုခု ကိုတော့ မရှိမဖြစ်သယ်လာတယ်..။
ဘယ်ညာ ဘယ်ညာ..
အားမာန်အပြည့်..။

ကိုယ်လာမယ် မင်းဆီကို
အမယ် သီချင်းများတောင် ညည်းတွားဆို..။
ချစ်သူပျိုပျိုရယ်...ခေတ်ဟောင်းတေးတွေ ထားခဲ့..။

အရှေ့လျှောက် အနောက်လျှောက်
သွားရမယ့်နေရာကို ငါအချိန်မီရောက်ရမယ်..။

မနောက်ပါနဲ့ ဦးလေးရယ်
မသိရင်မသိသလိုနေ...။

ရထားတစ်စင်းရေ အချိန်မီခေါ်ဆောင်ပါ
ငါဟာ သူ့ဘူတာမှာဆင်းမလို့
မျှော်လင့်ချက်ကို ရင်ဘတ်နဲ့လွယ်ရင်းစောင့်နေခဲ့
ထူးထူးထွေထွေ မရှိဘူး
ပိုမကောင်း ပိုမဆိုး
ရိုးရိုးလေးနေ့...။
ထူးထူးထွေထွေ မရှိဘူး..
ခါတိုင်းလို အိပ်မက်ဆိုး မမက်တဲ့နေ့ ...။
ထူးထူးထွေထွေ မရှိဘူး
ခါတိုင်းလို တောင်ပြေးမြောက်ပြေး
သစ်ခြောက်ပင်ဆွေးလို
သေမယ့်နေ့ကိုလဲ မငေးရဘူး..။

ထူးထူးထွေထွေ မရှိဘူး
ရင်ထဲက ပူသလိုလို
ငိုချမရလို့ ဆွေးသလိုလို
မူးမိုက်မတတ် ခွေကျနေသလို
ဘာဆိုဘာမှ မရှိဘူး..။

ထူးထူးထွေထွေ မရှိပါဘူးဆို..
မရှိပါဘူး ထူးထူးထွေထွေ

စိတ်တွေပဲ တေလေ
တေတယ် လေတယ်..
ပေတယ်
အမေရယ်.. ၀င်စိတ်မပူပါနဲ့..
ကျွန်မမှာ ဘာမှ ထူးထူးထွေထွေ မရှိတော့တာ ကြာပါပြီ..။
ဆွံ့အ သူကို အကျဉ်းချထားသလိုလဲငါနေရမယ်
အဆိပ်ခွက်ကို မကြောက်လန့်သလိုယောင် လဲ ဟန်ဆောင်ရတယ်....
မျှော်လင့်ချက်ကို ....ကုထုံးတစ်ခုလဲ ..ထိုးကွင်းခတ်ရမယ်....။

ကံကြမ္မာရယ်..
နင်ကပဲ ပလီပလာလား
ငါကပဲ သေမယ့်ကျားလား

ခေတ်မကောင်းကာမှ တောပြောင်းမိတဲ့ကျား...
ဘူးလေးနေသူကိုမှ ဖရုံဆင့်ဖို့သွားတယ်..
အားလုံးက ၀ိုင်းဟားကြရုံပေါ့...။

ငါဘာမှ မလုပ်ခဲ့ဘူးမပြောပေမယ့်
ငါဘာမှ မသိခဲ့ဘူးလို့ ဒူးထောက်ကျိန်ဆို..
နဂိုကကို ငါက သူပါ...။

နဂါးမျက်စောင်းလို့ပြောတိုင်း
သူ့အကြောင်းပဲ ခေါင်းထဲပေါ်လာ
ရွေးစရာ အကြောင်းသုံးပါးက လွင့်လို့..ဝေးလို့..
နှစ်ချို့နေတဲ့ ၀မ်းနည်းမှုက အသင့်ပို့တယ်..
မာနတွေနဲ့ဝေးရာဆီ.........

လက်ဆုပ်လက်ကိုင်..
တစ်ခုခု ပြစရာ မရှိတဲ့ အခိုက်မှာ..
ခပ်မိုက်မိုက် ရင်ကော့

ရော့ ..သတ်စေ
ငါဒီလိုတွေပဲ ပြောတတ်တော့တယ်..။

လွှတ်ချလိုက်
လွှတ်ချလိုက်
အာရုံတွေ ပြန်လာဖို့ဆို
ငါက အရင်လွှတ်ချလိုက်............
ဩော် ....လွှတ်ချလိုက်ပါ ဆိုတာကိုပါ တစ်ခါထဲ လွှတ်ချလိုက်..။

မိုက်မိုက်မှားမှား ရှိခဲ့မယ်ဆိုလဲ
ရင်ဘတ်တစ်ခု.
ချစ်ခြင်းတစ်စုံ
အကုန်အစင်မပြောဖြစ်တဲ့ စကား
ပါးပါးလေး ပြန်ရှု..
ဘ၀အစုစုက အားနည်းချက်နဲ့ငါ..
ပြောလို့ပြောတာ မဟုတ်ဘူး..။
ဘ၀တူတွေပဲ ခုအချိန်ဦးချ......
တသသနဲ့

ရာဇ၀င်ထဲက လှိုင်ထိပ်ခေါင်တင်ကိုတော့ အဓိကပေါ့..။






၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၁ရက်
လူတစ်ယောက် လယ်ရိတ်နေတယ်..
သူရိုက်ပေးတဲ့
ဓါတ်ပုံ အကြွေးလိုက်တောင်းတော့ တဟားဟားရယ်ပြီး အွန်လိုင်းပေါ်မှာ ပတ်ပြေးနေတယ်.........
အဲဒီ့အစ်ကိုကြီး က ကျွန်မကို ဟိုးလွန်ခဲ့တဲ့ ၂ရက်လောက်က မောင့်ဖေဗာ တောင်ပေါ်မှာ ဓါတ်ပုံလှလှလေးတွေ အများကြီး ရိုက်ပေးခဲ့တယ်..။ အပြန်ကျတော့ အားလုံး အရင် စောပြန်တဲ့ ညီမ အသစ်ကို မကြည်မလင်နှုတ်ဆက်လိုက်သေးတယ်..။

အဲဒီ့နေ့ ..တောင်ပေါ်မှာ အနီရောင်အကျီ င်္တွေ ဆင်တူဝတ်ပြီး စ ဆုံကြတဲ့နေ့...........
ကျွန်မ ဘ၀ထဲကို အရာရာ ၀င်လာတော့တာပဲ..။
အဲဒီ့အရာတွေထဲမှာ ..အစ်ကို ကလဲ မရှိမဖြစ်နေရာကနေ ပါလာတယ်..။
အစ်ကို
ဒီဝေါဟာရ ကို ကျွန်မ ဘ၀မှာ အကျွမ်းတ၀င်မရှိဘူး.။ကျွန်မမှာ အစ်ကို တစ်ယောက်မှ မရှိလို့ပေါ့..။
အစ်ကို လိုချင်တယ်။
ရှိုးများတဲ့ ညီမလေးကို လိုက်ဟန့်မယ့် အစ်ကိုမျိုး ဖြစ်ဖြစ်..။
အပိုးမကျိုးတဲ့ ညီမလေးကို ဆူပူဆုံးမမယ့် အစ်ကိုမျိုး ဖြစ်ဖြစ်..။
ဘယ်လို အစ်ကိုမျိုးပဲ ဖြစ်ဖြစ် အရင်ကတည်းက ကျွန်မလိုချင်ခဲ့တယ်..။

ခုတော့ တစ်ခုခု ကျွန်မ အလိုမကျတိုင်း ခက်လိုက်တာ မြရယ် လို့ ပြောတတ်တဲ့..။ပါးစပ်အမြှုပ်ထွက်မတတ် နားလည်အောင်ရှင်းပြတတ်တဲ့..။စိတ်မပျက်စတမ်း မျှဝေပေးတဲ့..။ ကျွန်မတို့ကို နားအလည်ဆုံး အစ်ကိုတော် တစ်ယောက် ကျွန်မ ကောက်ရခဲ့ပါတယ်..။

အိမ်ရှေ့မှာ သူ့အတွက် မွေးနေ့ တဲ့ ..။ သူ့ချစ်ညီက ကြိုတင် ပြင်ဆင်ထားတယ်
ကျွန်မလဲ သွားရတော့မယ်.. အိမ်ရှေ့ ကို..။
သူ့အခန်းထဲမှာ ....

သူ့အတွက် မွေးနေ့လေး က ကြိုနေတယ် ..
လမ်းမှာလား အစ်ကို မြန်မြန်လာပါ..
မြ လဲ အများကြီး ရေးချိန်မရတော့ဘူးတဲ့..။

မြရဲ့ အစ်ကို တော်ကြီး ကိုဘိုဘို (မိုးကုတ်သား) ဒီနေ့မှစ နှစ်တစ်ရာတိုင်..

အင်း....ငါဘာဆုတောင်းပေးရပါ့..

လိုအင်ဆန္ဒ ပေါ့ ...တစ်လုံးတစ်ဝ ပြည့်ဝပါစေ လို့


(သွားပြီဗျို့ လူစုံနေပြီ...:).............)
ညတစ်စင်းကိုက မာယာ
လတစ်မင်း ငိုရှာတယ်
ငါ့သီချင်းအဆိုဟာ
ကမ္ဘာ့အလင်းကိုမှ ဖြိုရှာတဲ့ ကျိန်စာတစ်ပုဒ် အဖြစ်ပြောင်း
ခြောက်အိပ်မက်တွေ   ကသောင်းကနင်းပေါ့..။
ရုပ်ဆိုးတဲ့မွေးစားသမီးလေး တင်တင်မြ က သူ့ချစ်သူကို ဇွတ်လုသွားတဲ့ ချစ်ညီမငယ် ချိုပြုံးနဲ့ ချစ်သူ ရှေ့မှာ ဒီသီချင်းလေးကို မျက်ရည်အ၀ဲသားနဲ့ ဆိုပါတယ်..။
သူ့မျက်ရည်လေးတွေက အချစ်ထက်မေတ္တာကိုခံစားမိသွားကြောင်း ပြတဲ့ မျက်ရည်လေးတွေပါ..။
သဘောဖြူ အူစင်းလေးအဖြစ်.တင်တင်မြရဲ့ သနားစရာ ဟန်ပန်သရုပ်ဆောင်ချက် .၊သွက်လက်လှုပ်ရှားနေတဲ့ ချိုပြုံးရဲ့ သရုပ်ဆောင်ဟန် အပီအပြင်...၊ချစ်သူကို မြတ်နိုးသလို ဇနီးဖြစ်လာသူကိုလဲ သနားညှာတာသွားသူ အဖြစ် ၀င်းဦး ကလဲ ကြည့်လို့ကောင်း...ပြီးတော့ ဒီဇာတ်သိမ်းသီချင်းလေးကလဲ ရုပ်ရှင်ကို ပိုပြီး အားဖြည့်ထားပါတယ်.။
မေတ္တာ နဲ့ အရာရာကိုကြည့်ပြီး ကိုယ့်ထက်မေတ္တာတရားကို လိုအပ်နေသူတွေကို ပေးဝေစာနာလာတတ်ဖို့ ဒီသီချင်းကပြောနေတယ် လို့ ကျွန်မခံစားမိပါတယ် ..။
ကျွန်မတို့ငယ်ငယ် မိရယ် ဖရယ် ဘ၀၀ယ် စုံစုံညီ
ချစ်သဒ္ဒါလောင်း ဩော်မေတ္တာအပေါင်း.
(ချစ်ကြောင်း ကုန်စင်သည် )၂
တစ်မိတစ်ဝမ်းချမ်းမြ လျှမ်းပ..ဘယ်သူ့မှမမျှမဝေ ရလေ လိုလေ ဖြစ်ခဲ့ရပါသည်..........
တဲ့..။ဒါပေမယ့်
သစ္စာအမြဲမရမနေ အသိသာ မေတ္တာအသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ......
သနစ်ဇာတ်နမူ ထုံလျှင်းမမေ့သည်..
အချစ်ငတ်သူတွေ တစ်ပုံတစ်ပင်တွေ့ရပါသည်
ချစ်တတ်သူဆွေ ဂုဏ်အင်ဟာ ဒါပဲ
အသည်းတွေခွဲဝေပေးနိုင်ရပါမည်.............

ကျွန်မတို့လဲ ကံကောင်းထောက်မစွာ အမိအဖစုံခင်စွာနဲ့ ရခဲ့တဲ့မေတ္တာ ..
ညီအစ်ကို မောင်နှမ စုံလင်စွာနဲ့ ရခဲ့မေတ္တာ..
ညီအစ်ကို မောင်နှမလို ချစ်ရသူတွေဆီက ရခဲ့တဲ့ မေတ္တာတွေနဲ့ အေးမြပျော်ရွှင်ခဲ့ဖူးပါတယ်..။
ပြီးတော့ ရလေလိုလေ လဲ ဖြစ်ခဲ့ရတာပါပဲ..။ဒါပေမယ့်......
ကျွန်မတို့ ပတ်ဝန်းကျင်မှာ မေတ္တာမရ မေတ္တာငတ်နေကြသူတွေရှိကြမယ် ဆိုရင် ချစ်တတ်သူတွေပီပီ မျှဝေစာနာစိတ်နဲ့ ကိုယ်ပိုင်ဖူးတဲ့ မေတ္တာလေးတွေ ခွဲဝေ လက်ဆင့်ကမ်းပေးသင့်တာပေါ့ လို့ ကျွန်မတွေးမိသွားပါတယ်..
(အဲ စကားကြီး စကားကျယ်များဖြစ်နေမလား......)

ဘာပဲဖြစ်ဖြစ် ဒီသီချင်းလေးကို အပြည့်အ၀ ခံစားကြည့်ကြစေလိုပါတယ် ..။
လေးနက် လှပတဲ့ စာသားလေးတွေနဲ့
အေးချမ်းနေတဲ့ ဒီသီချင်းလေးကို တစ်ကျော့နှစ်ကျော့တေးကိုသီ ရုပ်ရှင်မှာကတည်းက ကျွန်မ အသည်းစွဲခဲ့ပါတယ်..။
ခံစားကြည့်ကြနော်....။


(မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့
ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့)

တစ်ကျော့နှစ်ကျော့တေးကိုသီ ငှက်ကျားနှုတ်ပလီ
တီတာခွန်းသွဲ့ လဲ့လဲ့သံစဉ်ညီ..
မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး မြတ်နိုးတော့သဒ္ဒါ
အိမ်မက်သံသရာမှ နိုးထစေချင်သည်
ဖြိုးဖျရွှေရင် ....ဘ၀င်စိမ့်စိမ့်....... သိမ့်သိမ့်ညီ
ကျွန်မတို့ငယ်ငယ...် မိရယ်.. ဖရယ်... ဘ၀၀ယ် စုံစုံညီ
ချစ်သဒ္ဒါလောင်း ဩော်မေတ္တာအပေါင်း.
(ချစ်ကြောင်း ကုန်စင်သည် )၂
တစ်မိတစ်ဝမ်းချမ်းမြ လျှမ်းပ..ဘယ်သူ့မှမမျှမဝေ ရလေ လိုလေ
ဖြစ်ခဲ့ရပါသည်..........


သစ္စာအမြဲမရမနေ အသိသာ မေတ္တာအသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ......
သနစ်ဇာတ်နမူ ထုံလျှင်းမမေ့သည်..
အချစ်ငတ်သူတွေ တစ်ပုံတစ်ပင်တွေ့ရပါသည်

ချစ်တတ်သူဆွေ ဂုဏ်အင်ဟာ ဒါပဲ
အသည်းတွေခွဲဝေပေးနိုင်ရပါမည်.............

မေတ္တာယူတော့ မေတ္တာပေး ပေးလိမ့်မယ် အသွယ်သွယ်အခွန်းတလီ ကျေးဇူးတင်ရပါပေမည်..။

ကျေးဇူးရှင် အသွင်များပြား ဝေးကွာငြားလဲ အသည်းကမေတ္တာ အခါခါရည်...
မောင်လေး ညီမလေးများကိုဖြင့် တန်းဆင့်ကဗျာမှာပါမည်.................

(ကျွန်တော်တို့ကျွန်မတို့လေ ..)၂ (ချစ်နေသူကို ..ချစ် ..နေသူ ..ကို)
ကိုယ်ကတစ်ဖန်ပြန်လည်ချစ်တတ်ကြပါစေအတည်..

ဘ၀တေးဆိုလျှင် ခဏလေးမဆိုချင်
ကျော့ကျော့လွင်မှ အသွင်လှပါလေမည်...............
သို့သော်လဲ မုန်းတေးတစ်ခါကျော့လျှင် ချစ်တေးတစ်ခါ....နှစ်ခါ ..သုံးခါလေးခါ
(အခါခါ ကျော့စေချင်ပါသည် ..)၂

(မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့
ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့)
မော့မော့ သံစဉ်ညီ တီတာခွန်းဆက်... ငှက်ကျားနှုတ်ပလီ. .ဒီတစ်ခါတော့လေ.............
တစ်ကျော့ ......နှစ်ကျော့ ...ကျော့ကျော့..............တေးကိုသီ.......




ချစ်မက်ရေ ..တာဝန်ကျေပြီနော်..
သီချင်းမတင်တတ်တာကို သင်ပေးတဲ့ ဆရာငချမ်းကိုလဲကျေးဇူးတင်ပါတယ်

(ဟူး မကျေနပ်သေးရင် လူကိုယ်တိုင်လာဆိုပြဦးမယ်..
စာသားတွေကူးရေးဖို့ ခဏခဏ ဖွင့်တာကနေ အိမ်ကလူတွေပါ အလွတ်ရသွားပြီ)