ဆွံ့အ သူကို အကျဉ်းချထားသလိုလဲငါနေရမယ်
အဆိပ်ခွက်ကို မကြောက်လန့်သလိုယောင် လဲ ဟန်ဆောင်ရတယ်....
မျှော်လင့်ချက်ကို ....ကုထုံးတစ်ခုလဲ ..ထိုးကွင်းခတ်ရမယ်....။

ကံကြမ္မာရယ်..
နင်ကပဲ ပလီပလာလား
ငါကပဲ သေမယ့်ကျားလား

ခေတ်မကောင်းကာမှ တောပြောင်းမိတဲ့ကျား...
ဘူးလေးနေသူကိုမှ ဖရုံဆင့်ဖို့သွားတယ်..
အားလုံးက ၀ိုင်းဟားကြရုံပေါ့...။

ငါဘာမှ မလုပ်ခဲ့ဘူးမပြောပေမယ့်
ငါဘာမှ မသိခဲ့ဘူးလို့ ဒူးထောက်ကျိန်ဆို..
နဂိုကကို ငါက သူပါ...။

နဂါးမျက်စောင်းလို့ပြောတိုင်း
သူ့အကြောင်းပဲ ခေါင်းထဲပေါ်လာ
ရွေးစရာ အကြောင်းသုံးပါးက လွင့်လို့..ဝေးလို့..
နှစ်ချို့နေတဲ့ ၀မ်းနည်းမှုက အသင့်ပို့တယ်..
မာနတွေနဲ့ဝေးရာဆီ.........

လက်ဆုပ်လက်ကိုင်..
တစ်ခုခု ပြစရာ မရှိတဲ့ အခိုက်မှာ..
ခပ်မိုက်မိုက် ရင်ကော့

ရော့ ..သတ်စေ
ငါဒီလိုတွေပဲ ပြောတတ်တော့တယ်..။

လွှတ်ချလိုက်
လွှတ်ချလိုက်
အာရုံတွေ ပြန်လာဖို့ဆို
ငါက အရင်လွှတ်ချလိုက်............
ဩော် ....လွှတ်ချလိုက်ပါ ဆိုတာကိုပါ တစ်ခါထဲ လွှတ်ချလိုက်..။

မိုက်မိုက်မှားမှား ရှိခဲ့မယ်ဆိုလဲ
ရင်ဘတ်တစ်ခု.
ချစ်ခြင်းတစ်စုံ
အကုန်အစင်မပြောဖြစ်တဲ့ စကား
ပါးပါးလေး ပြန်ရှု..
ဘ၀အစုစုက အားနည်းချက်နဲ့ငါ..
ပြောလို့ပြောတာ မဟုတ်ဘူး..။
ဘ၀တူတွေပဲ ခုအချိန်ဦးချ......
တသသနဲ့

ရာဇ၀င်ထဲက လှိုင်ထိပ်ခေါင်တင်ကိုတော့ အဓိကပေါ့..။






6 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Anonymous said...

လှိုင်ထိပ်ခေါင်တင်ကို ဆရာတော်က ဆုံးမသွားတာလေးပါ သိစေချင်တယ်

မောင်ကိုကို

Unknown said...

အယ်.. ဘောလယ်တွေ ဆိုတော့မယ်ပေါ့

Ree Noe said...

ဖြေဆေး လာသောက်သွားတယ် ညီမ

Mogok Thar said...

ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့

ီDream said...

ကဗျာဆရာမကလဲ...ရေးတတ်လိုက်တာ.....

ဟက်တက်ကြီးကို ဟက်ဒ်ထိသွားတယ်။း(

emayarKhin said...

ဖြေဆေးတကယ်ရှိသလား...
ကဗျာလေးကိုကြိုက်ပါရဲ့တော်..