ဒီနေ့ကျမှ drawing ချိန်က တော်တော်ကြာနေသည်။ ဆွဲထားတဲ့ ကိုယ့်ပုံ ကို လည်း `လွင်မင်း´က စိတ်တိုင်းမကျသေး။ညစ်ပတ်နေမှာလည်း စိုးသဖြင့် တစ်ရှူးပေပါ ဖြင့် အသာလေးပွတ်သုတ်လိုက်သည်။ဒါကို မြင်သွားတဲ့ `သွယ်လေး´က `အိခိုင်´ကိုေ ထာင်သည်။
`ဟဲ့ ဂျော်လီဆိုတဲ့ကောင်တော်တော် ဇီဇာကြောင်တယ် ကြည့် ..Drawing ကိုတောင် တစ်ရှူးနဲ့ သနေတယ်။´
အိခိုင် လှမ်းကြည့်တော့ လွင်မင်း ကို ..အဖြူေ၇ာင်အင်္ကျီဖြင့် သန့်သန့်ရှင်းရှင်းကျော့ကျော့ကော့ကော့ လေး မြင်ရသည်။အကြံရပြီ။အိခိုင် ကလက်ထဲကမင်ပုလင်း ကို ကိုင်ပြီး လွင်မင်း ဆီလှစ်ကနဲလျှောက်သွားပြီး ဘာညာမပြောပဲ မင်တွေနှင့် သူ့အင်္ကျီကို ပက်ထည့်လိုက်သည်။
`ဟား ပေကုန်ပါပြီကွာ..နင်ဘာလုပ်လိုက်တာလဲဟ..တောက်´
လွင်မင်းတော်တော်စိတ်တိုသည်။ဒင်းကလုပ်လိုက်ရင် အရမ်း။သွားပြီ အင်္ကျီအဖြူ။စိတ်ကို တော်တော်ထိန်းပြီး လက်သီးကို ဆုပ်ထားမိသည်။အိခိုင်ပုံကလည်း ဒီတစ်ခါ မချိုမချဉ်မဟုတ်ဘူး။မျက်လုံးမျက်ဆံပြူးပြီးတောင်းပန်သည်။
`ဆောရီးပါဟယ်..ငါဘာလုပ်ပေးရမလဲ .နင့်အင်္ကျီကို ပြန်လျှော်ပေးရမလား ဟင်..´
`တော်ပါ ..နင် ကအမြဲအဲလိုချည်းပဲ..ဒီအပြာရောင်တွေ ဘယ်လို ချွတ်မလဲ..´
ဒေါသတကြီး အော်မိတဲ့ လွင်မင်းကို သူငယ်ချင်းတွေကလည်း ၀ိုင်းကြည့်လို့ ..ပိုရှက်သွားပြန်သည်။
`နင်ဟာ မိန်းကလေးက မိန်းကလေးလို မနေဘူး..ဒီအင်္ကျီက ငါ…………..´
စကားမဆုံးသေးဘူး ရင်ဘတ်ကို ပြန်ကြည့်တော့ မင်တွေမရှိတော့ဘူး..။ဘယ်ရောက်သွားပြီလဲ။အဲဒီ့အတွေးကို အိခိုင်က ပဲဖြေပေးလိုက်ပါသည်။
`Magic Ink လေ..ဟား ဟား သူငယ်ချင်းနဲ့ အင်္ကျီ နင်ဘာကို ပို တန်ဖိုးထားလဲ စမ်းတာ ´ဆိုပဲ။
လွင်မင်း လည်း ရှက်ြ့ပီး ရယ်ချင်စိတ်ပေါက်သွားသည်။ဒါပေမယ့် တည်တည်နေ။ဒင်းကရောင့်တက်လိမ့်မယ်။
`ဟွန်း ရှုပ်တယ်ဟာ။´
ဒီတစ်ခွန်းပဲပြောပြီး သူထွက်လာခဲ့ရပါသည်။
နင်သိလား။နင်က အဲလို ကောင်မလေးမျိုး။အဲဒီ့ကတည်းက နင့်ကို ကြောက်လည်းကြောက်တယ်။မုန်းလည်းမုန်းတယ်။
…………………………………………………….. ….....(၃)………………………………………………………………………….
တစ်နှစ်လုံးကုန်ပြီး စာမေးပွဲနီးမှ `အိခိုင်´တို့ပြာပြီ။`သွယ်လေး´လို ၆ ၁ ကစားရင်း အတန်းတက်တဲ့လူတောင် သူ့လောက် ဟန်မပျက်ဘူး။`ဇာခြည်´ဆိုလည်း သူ့ချစ်ချစ် တရုတ်ကလေးနဲ့တောင် အသွားအလာမပျက်။`အိခိုင်´က မရ။ဟိုကောင်တွေကို ပူရော။အဲဒီ့လို အချိန်ဆို `လွင်မင်း´ကဒီအတိုင်းလွှတ်ထားချင်တာ။သဘောကောင်းတဲ့ `အောင်ဒင်´ကမနေနိုင်ဘူး။
`လာပါစေကွာ သူငယ်ချင်းတွေပဲ..သူလာရင် ဟင်းကောင်းစားရတယ်ကွ..စာတစ်ပုဒ်ကို ထမင်းတစ်နပ်ကွာ..အဆောင်ကဟာတွေထက်လည်းစားကောင်းတယ်။ ..ဟီး ဟီး။´
`မင်းဂျီးတော်က ထမင်းတစ်နပ်နဲ့ မတန်အောင်ရစ်တယ်ကွ..မင်းချစ်ဖရန့်ကို မင်းပဲ စာရှင်းပြ´
`မိုးကြီး´ကအဲလိုသာပြောတာပါ.။သူလည်း အိခိုင်ကို ကူပြပေးချင်စိတ်ရှိပါတယ်။`လွင်မင်း´ကတော့ လုံးဝကို မရှင်းပြဘူး။ဒင်းကို သိစေချင်တယ်။ပေါ့ပေါ့နေခြင်းရဲ့ အကျိုးကို။
`အိခိုင်´က တကယ်လည်း ဟင်းတွေချက်လာပြီး အဆောင်ကို စာလာကျက်တာပါ။`လွင်မင်း´တို့ အကုန်လုံးကိုလည်းကျွေးရှာပါတယ်။ဒါပေမယ့် `လွင်မင်း´က မစားချင်တော့ ငြင်းပါတယ်။အဲလို ငြင်းလေ..ဟိုကောင်တွေက ပြုံးစိစိဖြစ်လေ..`လွင်မင်း´နေရခက်လေပဲ။`အိခိုင်´ကတော့ သိပုံမပေါ်ပါဘူး။
တကယ်ကို `အိခိုင်´ကဘာမှမသိတာပါ။အဆောင်ကိုသွားရင်..`လွင်မင်း´ကို ၀ိုင်းအော်ခေါ်ပေးကြတာတွေလည်းမသိ။သူ့ကို လွင်မင်းရဲ့ `၀က်နံရိုးကြော်´လေးလို့နံမယ်ပေးထားတာလည်းမသိ။သိရင်လည်း အဆောင်ကကောင်တွေသေမှာ။
ဒါပေမယ့် ငကြောင် `လွင်မင်း´ကလည်း ဒီအတိုင်း မနေတတ်တော့ သွားပြောပါရော။
`နင်ဟာ ငါတို့အဆောင်ကို စာလာကျက်မယ့်အစား `သွယ်လေး´တို့နဲ့ ကျက်ဟာ။´
`ဟမ်..နင်နဲ့ဘာဆိုင်လဲဟ..ငါ့ဟာငါ `မိုးကြီး´တို့ခေါ်လို့လာကျက်တာ။နှစ်တိုင်းဒီလိုပဲကို.နင်ကဘာဖြစ်တာလဲ´
`အေး……….နင်လာရင်လေ..ငါ့ကို….´ အကြာကြီးစဉ်းစားပြီး `လွင်မင်း´ဆက်ပြောလိုက်သည်။
`လိုက် လိုက် စ နေ လို့ဟ။´
`အိခိုင်´မျက်နှာက သူ့စကားကြောင့် တော်တော်အံ့ဩသွားပုံနဲ့။ ပြီးဘာလုပ်ရမှန်းမသိလို့..ရယ်ချင်ပုံလည်းရနေသည်။
`လွင်မင်း´မျက်နှာကို ကြည့်ပြီး ရယ်လျှက် တိုးတိုးပဲ..ပြောမိသည်။ကဗျာတော်တော်မဆန်သောစကား။
`စောက်ခြောက်´။


……………ဘေးနားမှာတီးနေသော ဂစ်တာသံတွေတောင် တိတ်လို့……………………………………..။
နင်သိလား နင်က အဲလိုကောင်လေ။ငါလည်း အဲဒီ့ကတည်းက နင့်ကို မုန်းတယ်။

....................ဆက်ရန်..................
တစ်တန်းလုံး ကျွက်ကျွက်ညံနေသည်။ နောက်ကို ဆရာချမ်းလှည့်ကြည့်တဲ့ ခဏပဲ ငြိမ်သွားပြန်သည်။
`သွယ်လေး´တို့ကလည်း ၆ ၁ ကစားပွဲမှာ အာရုံက၀င်နေပြီ။ဆရာ့ကိုကြောက်လို့သာ..။
`ကဲ ..ဒီအထိ နားလည်လား´
` ဒီအထိ နားလည်ပါတယ်´
`အောင်ဒင့်´ ဖြေသံကြားပြီးကျောင်းသားတွေက ပြုံးစိစိ။ရှေ့ဆက်ရင်တော့ နားမလည်တော့ဘူးပေါ့။ဆရာ့ပုံစံကတော့ ရိုးနေပြီဆိုတဲ့ ပုံမျိုး။ဆရာလည်းထွက်သွားရော..ဝေါကနဲအသံတွေနဲ့အတူ လွတ်လပ်ရေးရသွားတဲ့ စာသင်ခန်းကြီးက.ပွင့်ထွက်မတတ်ကို အုန်းအုန်းထနေသည်။
တစ်တန်းလုံးမှာငြိမ်နေသူက တစ်ဦးပဲရှိသည်။သူက သူ့ကျောင်းစာက လွဲပြီး ဘာကိုမှ စိတ်မ၀င်စား။တစ်ကျောင်းလုံးမှာ နာမည် အကြီးဆုံး၊အချောဆုံး ကွင်းဘွဲ့ကိုတောင် EC က`ချောချော´ရတာလား၊Civilက`ယုဝေ´လား၊မကွဲပြားသူ။သူငယ်ချင်းတွေနဲ့တော့လိုက်လျောညီထွေနေတတ်ပါသည်။ သူ့နာမည်က..`သိန်းထိုက်´….. ကိုမေးတော့`လွင်မင်း´တဲ့။ဒါပေမယ့် သူ့နာမည်ကို သိစရာ မလိုပဲ.သူ့ကိုခေါ်စရာ နာမည်တစ်ခုကို အလိုလိုရခဲ့ပါတယ်။အဲဒီ့နာမည်လေးက စာသင်ခန်းတစ်ခန်းလုံးမှာ အစအနောက်အသန်ဆုံး၊မျက်ခွက်အပြောင်ဆုံးကောင်မလေးကြောင့် ရခဲ့တာ။
………………………………………………….(၁)………………………………………..
`ဒီလိုနဲ့ပေါ့….တို့
အမှတ်တရတွေကို
တခုတ်တရ စိုက်ပျိုး
နင့်ရင်ကိုမိုးဖို့
ကြိုးတွေနဲ့ရက်ခဲ့ရတဲ့ နေ့တွေ..
ချစ်တဲ့သူငယ်ချင်းရေ….အဲလိုပဲအပေါ်ယံအော်ခေါ်ခဲ့ရ.
ရင်ထဲမှာက…????´
……………………………………………………………………………………………………….
`ဟေ့ နင် လေဒီစာရွက်လေးကို နင့်ရှေ့က `မိုးကြီး´ကျောမှာကပ်ပေးဟာနော်´
`အိခိုင်´စကားကို`လွင်မင်း´က သိပ်လက်မခံချင်ပါ။သူကအေးဆေးပဲနေချင်တာ။ဒီကောင်မလေးကိုလည်းကြည့်မရပါဘူး။မိန်းကလေးဖြစ်ပြီးတစ်တန်းလုံးက `အိခိုင်´ဟေ့ ဆိုတာနဲ့ပြေးချင်အောင် သရဲကျလွန်းသည့် သရဲမလေး။ဒါပေမယ့် သူပြောတာမရရင် ပြန်မယ်ပုံလည်း မဟုတ်လို့…
`အေးပေး ကပ်ပေးမယ်..ဒါပေမယ့် နင် ဒီတစ်ခါပဲနော်..ငါစာလုပ်ရဦးမယ်´
` အမလေး..စာကြောင်ရယ်..ကျေးဇူးပါ.´
`ဘာ….´
`ဟဲ ဟဲ ..စာကြောင်လေ.´။သူ့ရုပ်က ပိတ်၇ိုက်ချင်စရာ။`လွင်မင်း´ခမျာ အဲလိုတွေ ၀ါသနာ မပါပေမယ့်ဒင်းနဲ့ ကွိုင်မငြိချင်လို့ `မိုးကြီး´ကျောကို စာကပ်ဖို့ကြိုးစားရပါတော့သည်။`မိုးကြီး´ကလည်း အငြိမ်နေတဲ့ကောင်မဟုတ်။
ထိုင်လိုက် ၊ထလိုက် `လဲ့လဲ့ဝင်း´ဘက်လှည့် ဖွန်ကြောင်လိုက်.။
စာကလည်းရေးထားတာ ကြည့်ဦး `ခန့်ချောကြီး´တဲ့။ဒါ`ဒေါ်အိခိုင်´ရွှေဥာဏ်တော်ပေါ့။လူကောင်က ခွေးပစ်တဲ့ တုတ်လောက်ရှိတဲ့ ဒီကောင့်ကျောမှာ အဲလို သွားကပ်ထားရင် မြင်တဲ့သူက ရီမှာပဲ။တွေးရင်းစိတ်ထဲမှာတောင်ရီချင်တယ်။အေးလေကပ်ပေးလိုက်ပါ့်မယ်.ခုပဲ။
`ဟဲ့ ငါကပ်ပေးပြီ ပြီနော်´
အဲလို ပြန်ပြောဖို့ အနားမှာ လိုက်ကြည့်တော့ ကျေးဇူးရှင်က `ဇာခြည်´ထမင်းချိုင့်ကို သွားဝါးနေသည်။
အဲဒါနဲ့ လက်ဟန်ခြေဟန်ပြရသည်။အော်ပြောနေရင် ဟိုကောင် ငမိုး ကြားမှာ။`အိခိုင်´ရော.`ဇာခြည်´တို့ တစ်ဖွဲ့လုံး ဒီဘက်လှည့်မှ အားရပါးရ လက်မထောင်ပြလိုက်သည်။ဟိုကောင့်ကျောကို လည်း လက်ညှိုးထိုးပြရသေးသည်။
`ဇာခြည်´တို့ တစ်ဖွဲ့ လုံးလှမ်းကြည့်ပြီး ၀ိုင်းရီကြသည်။ဒီလိုကျ `လွင်မင်း´လည်းရီမိသည်။သူရီလေ.ကောင်မလေးတွေက ရီလေ။အတောမသတ်။အတန်းထဲက ကျန်တဲ့လူတွေ လည်းလိုက်ရီသည်။ ထူးဆန်းတာက `မိုးကြီး´က အပြင်ထွက်သွားပြီ။ရီလို့မဆုံးဘူး။နောက်မှ `လွင်မင်း´စဉ်းစားမိပြီး ကိုယ့်ကျောကို ကိုယ်ပြန်စမ်းကြည့်ရသည်..။ထင်တဲ့ အတိုင်းကျောမှာစာရွက်ကြီး။ဩော်..ဒင်းက ငါ့ကို `မိုးကြီး´ဘက်အာရုံလှည့်ပြီး .ငါ့ကျောကို စာကပ်သွားတာကိုး..။ပြီးတော့ `လွင်မင်း´ပုံစံက ကိုယ်ကိုကိုယ်ကျ မသိဘူး။သူများဒုက္ခရောက်နေတာကို ကျေနပ်နေပုံကလည်း အထင်းသားပေါ်မိသည်။သူတို့ကလည်း အဲဒီ့ပုံစံကိုပဲစောင့်ကြည့်ပြီးရီနေခြင်းဖြစ်သည်။…သွားပြီ။
အဲဒီ့နေ့က `လွင်မင်း´နာမည်တစ်ခုရခဲ့သည်။အဲဒီ့နာမည်က ကျောမှာလာကပ်တဲ့ စာကြောင့် ဆိုတာတော့ ထပ်မပြောချင်တော့ပါ။
`ဂျော်လီဆွေ´တဲ့…..
…………………………………………………………………..၂……………………………………………………………………
အဲဒီ့နေ့ကတည်းက အတန်းထဲက လူတွေသိသွားတာ တစ်ခုရှိသေးတယ်။အဲဒါက `လွင်မင်း´ ကို ရယ်အောင်လုပ်နိုင်တဲ့ လူကဘယ်သူလည်းဆိုတာပါပဲ။တခြားအချိန်တွေဆို ရီဖို့မပြောနဲ့..သူ့ဟာသူတွေးချင်ရာတွေးနေတဲ့ကောင်။ပြီးတော့ ရုပ်လေးချောသလောက် ဇီဇာကလည်းကြောင်သေးတယ်။အဲလို ကောင်လေးနဲ့ မိန်းကလေးဖြစ်ပြီး ရုပ်လေးလှတာမှ အားမနာ၊ပေတိပေစုပ်နေတတ်တဲ့ `အိခိုင်´လို မိုက်ကန်းကန်းကောင်မလေးကို လူတိုင်းက စိတ်ဝင်စားခဲ့တာလည်း အဲဒီ့ အချိန်ကတည်းကပါပဲ။
.....................ဆက်ရန်..................