ဒီနေ့ကျမှ drawing ချိန်က တော်တော်ကြာနေသည်။ ဆွဲထားတဲ့ ကိုယ့်ပုံ ကို လည်း `လွင်မင်း´က စိတ်တိုင်းမကျသေး။ညစ်ပတ်နေမှာလည်း စိုးသဖြင့် တစ်ရှူးပေပါ ဖြင့် အသာလေးပွတ်သုတ်လိုက်သည်။ဒါကို မြင်သွားတဲ့ `သွယ်လေး´က `အိခိုင်´ကိုေ ထာင်သည်။
`ဟဲ့ ဂျော်လီဆိုတဲ့ကောင်တော်တော် ဇီဇာကြောင်တယ် ကြည့် ..Drawing ကိုတောင် တစ်ရှူးနဲ့ သနေတယ်။´
အိခိုင် လှမ်းကြည့်တော့ လွင်မင်း ကို ..အဖြူေ၇ာင်အင်္ကျီဖြင့် သန့်သန့်ရှင်းရှင်းကျော့ကျော့ကော့ကော့ လေး မြင်ရသည်။အကြံရပြီ။အိခိုင် ကလက်ထဲကမင်ပုလင်း ကို ကိုင်ပြီး လွင်မင်း ဆီလှစ်ကနဲလျှောက်သွားပြီး ဘာညာမပြောပဲ မင်တွေနှင့် သူ့အင်္ကျီကို ပက်ထည့်လိုက်သည်။
`ဟား ပေကုန်ပါပြီကွာ..နင်ဘာလုပ်လိုက်တာလဲဟ..တောက်´
လွင်မင်းတော်တော်စိတ်တိုသည်။ဒင်းကလုပ်လိုက်ရင် အရမ်း။သွားပြီ အင်္ကျီအဖြူ။စိတ်ကို တော်တော်ထိန်းပြီး လက်သီးကို ဆုပ်ထားမိသည်။အိခိုင်ပုံကလည်း ဒီတစ်ခါ မချိုမချဉ်မဟုတ်ဘူး။မျက်လုံးမျက်ဆံပြူးပြီးတောင်းပန်သည်။
`ဆောရီးပါဟယ်..ငါဘာလုပ်ပေးရမလဲ .နင့်အင်္ကျီကို ပြန်လျှော်ပေးရမလား ဟင်..´
`တော်ပါ ..နင် ကအမြဲအဲလိုချည်းပဲ..ဒီအပြာရောင်တွေ ဘယ်လို ချွတ်မလဲ..´
ဒေါသတကြီး အော်မိတဲ့ လွင်မင်းကို သူငယ်ချင်းတွေကလည်း ၀ိုင်းကြည့်လို့ ..ပိုရှက်သွားပြန်သည်။
`နင်ဟာ မိန်းကလေးက မိန်းကလေးလို မနေဘူး..ဒီအင်္ကျီက ငါ…………..´
စကားမဆုံးသေးဘူး ရင်ဘတ်ကို ပြန်ကြည့်တော့ မင်တွေမရှိတော့ဘူး..။ဘယ်ရောက်သွားပြီလဲ။အဲဒီ့အတွေးကို အိခိုင်က ပဲဖြေပေးလိုက်ပါသည်။
`Magic Ink လေ..ဟား ဟား သူငယ်ချင်းနဲ့ အင်္ကျီ နင်ဘာကို ပို တန်ဖိုးထားလဲ စမ်းတာ ´ဆိုပဲ။
လွင်မင်း လည်း ရှက်ြ့ပီး ရယ်ချင်စိတ်ပေါက်သွားသည်။ဒါပေမယ့် တည်တည်နေ။ဒင်းကရောင့်တက်လိမ့်မယ်။
`ဟွန်း ရှုပ်တယ်ဟာ။´
ဒီတစ်ခွန်းပဲပြောပြီး သူထွက်လာခဲ့ရပါသည်။
နင်သိလား။နင်က အဲလို ကောင်မလေးမျိုး။အဲဒီ့ကတည်းက နင့်ကို ကြောက်လည်းကြောက်တယ်။မုန်းလည်းမုန်းတယ်။
…………………………………………………….. ….....(၃)………………………………………………………………………….
တစ်နှစ်လုံးကုန်ပြီး စာမေးပွဲနီးမှ `အိခိုင်´တို့ပြာပြီ။`သွယ်လေး´လို ၆ ၁ ကစားရင်း အတန်းတက်တဲ့လူတောင် သူ့လောက် ဟန်မပျက်ဘူး။`ဇာခြည်´ဆိုလည်း သူ့ချစ်ချစ် တရုတ်ကလေးနဲ့တောင် အသွားအလာမပျက်။`အိခိုင်´က မရ။ဟိုကောင်တွေကို ပူရော။အဲဒီ့လို အချိန်ဆို `လွင်မင်း´ကဒီအတိုင်းလွှတ်ထားချင်တာ။သဘောကောင်းတဲ့ `အောင်ဒင်´ကမနေနိုင်ဘူး။
`လာပါစေကွာ သူငယ်ချင်းတွေပဲ..သူလာရင် ဟင်းကောင်းစားရတယ်ကွ..စာတစ်ပုဒ်ကို ထမင်းတစ်နပ်ကွာ..အဆောင်ကဟာတွေထက်လည်းစားကောင်းတယ်။ ..ဟီး ဟီး။´
`မင်းဂျီးတော်က ထမင်းတစ်နပ်နဲ့ မတန်အောင်ရစ်တယ်ကွ..မင်းချစ်ဖရန့်ကို မင်းပဲ စာရှင်းပြ´
`မိုးကြီး´ကအဲလိုသာပြောတာပါ.။သူလည်း အိခိုင်ကို ကူပြပေးချင်စိတ်ရှိပါတယ်။`လွင်မင်း´ကတော့ လုံးဝကို မရှင်းပြဘူး။ဒင်းကို သိစေချင်တယ်။ပေါ့ပေါ့နေခြင်းရဲ့ အကျိုးကို။
`အိခိုင်´က တကယ်လည်း ဟင်းတွေချက်လာပြီး အဆောင်ကို စာလာကျက်တာပါ။`လွင်မင်း´တို့ အကုန်လုံးကိုလည်းကျွေးရှာပါတယ်။ဒါပေမယ့် `လွင်မင်း´က မစားချင်တော့ ငြင်းပါတယ်။အဲလို ငြင်းလေ..ဟိုကောင်တွေက ပြုံးစိစိဖြစ်လေ..`လွင်မင်း´နေရခက်လေပဲ။`အိခိုင်´ကတော့ သိပုံမပေါ်ပါဘူး။
တကယ်ကို `အိခိုင်´ကဘာမှမသိတာပါ။အဆောင်ကိုသွားရင်..`လွင်မင်း´ကို ၀ိုင်းအော်ခေါ်ပေးကြတာတွေလည်းမသိ။သူ့ကို လွင်မင်းရဲ့ `၀က်နံရိုးကြော်´လေးလို့နံမယ်ပေးထားတာလည်းမသိ။သိရင်လည်း အဆောင်ကကောင်တွေသေမှာ။
ဒါပေမယ့် ငကြောင် `လွင်မင်း´ကလည်း ဒီအတိုင်း မနေတတ်တော့ သွားပြောပါရော။
`နင်ဟာ ငါတို့အဆောင်ကို စာလာကျက်မယ့်အစား `သွယ်လေး´တို့နဲ့ ကျက်ဟာ။´
`ဟမ်..နင်နဲ့ဘာဆိုင်လဲဟ..ငါ့ဟာငါ `မိုးကြီး´တို့ခေါ်လို့လာကျက်တာ။နှစ်တိုင်းဒီလိုပဲကို.နင်ကဘာဖြစ်တာလဲ´
`အေး……….နင်လာရင်လေ..ငါ့ကို….´ အကြာကြီးစဉ်းစားပြီး `လွင်မင်း´ဆက်ပြောလိုက်သည်။
`လိုက် လိုက် စ နေ လို့ဟ။´
`အိခိုင်´မျက်နှာက သူ့စကားကြောင့် တော်တော်အံ့ဩသွားပုံနဲ့။ ပြီးဘာလုပ်ရမှန်းမသိလို့..ရယ်ချင်ပုံလည်းရနေသည်။
`လွင်မင်း´မျက်နှာကို ကြည့်ပြီး ရယ်လျှက် တိုးတိုးပဲ..ပြောမိသည်။ကဗျာတော်တော်မဆန်သောစကား။
`စောက်ခြောက်´။


……………ဘေးနားမှာတီးနေသော ဂစ်တာသံတွေတောင် တိတ်လို့……………………………………..။
နင်သိလား နင်က အဲလိုကောင်လေ။ငါလည်း အဲဒီ့ကတည်းက နင့်ကို မုန်းတယ်။

....................ဆက်ရန်..................

6 ယောက်ကဒီလိုဒီလိုပြောကြတယ်:

GreenGirl said...

ဆက်ရန်... တဲ့။ ဆန့်တငံ့ငံ့ :(
မြန်မြန်ဆက်ပါ သူငယ်ချင်းရယ်။ အူယားလို့

အိုင်လွယ်ပန် said...

အင်းးးးးးးးးး

သဇင်ဏီ said...

မုန်းတယ်..မုန်းတယ်ဆိုတာက...
အင်း..အဲဒါတွေကအစပြုတာပေါ့ကွယ် :P

Unknown said...

ngar akone thi dal.....

မြရေလျဉ် said...

ကျေးဇူးရှင် သက်ကို အချွန်နဲ့ မ မပါနဲ့။
စိတ်ကူးသက်သက်ဝတ္ထုပါဆို...
(ကိုယ်မြင်ဘူးတဲ့ သူငယ်ချင်းတွေရဲ့ စရိုက်တွေတော့ ထည့်ရမှာပေါ့..နော့...:P)

မလိခ said...

ွဆက်ရန် ဆိုတဲ့နေရာရောက်တဲ့ အချိန်မှာ အသည်းယားပြီး ကျန်ခဲ့ရတယ်...။ ဇာတ်အိမ်က GTCမှာတည်တာလား..။ အဲဒီလိုကောင်မလေးမျိုးတွေ GTC မှာတွေ့ဘူးတယ်... ငလှောင်တွေလေ...။ ဇာတ်လမ်းလေးကချစ်စရာလေး...