တစ်တန်းလုံး ကျွက်ကျွက်ညံနေသည်။ နောက်ကို ဆရာချမ်းလှည့်ကြည့်တဲ့ ခဏပဲ ငြိမ်သွားပြန်သည်။
`သွယ်လေး´တို့ကလည်း ၆ ၁ ကစားပွဲမှာ အာရုံက၀င်နေပြီ။ဆရာ့ကိုကြောက်လို့သာ..။
`ကဲ ..ဒီအထိ နားလည်လား´
` ဒီအထိ နားလည်ပါတယ်´
`အောင်ဒင့်´ ဖြေသံကြားပြီးကျောင်းသားတွေက ပြုံးစိစိ။ရှေ့ဆက်ရင်တော့ နားမလည်တော့ဘူးပေါ့။ဆရာ့ပုံစံကတော့ ရိုးနေပြီဆိုတဲ့ ပုံမျိုး။ဆရာလည်းထွက်သွားရော..ဝေါကနဲအသံတွေနဲ့အတူ လွတ်လပ်ရေးရသွားတဲ့ စာသင်ခန်းကြီးက.ပွင့်ထွက်မတတ်ကို အုန်းအုန်းထနေသည်။
တစ်တန်းလုံးမှာငြိမ်နေသူက တစ်ဦးပဲရှိသည်။သူက သူ့ကျောင်းစာက လွဲပြီး ဘာကိုမှ စိတ်မ၀င်စား။တစ်ကျောင်းလုံးမှာ နာမည် အကြီးဆုံး၊အချောဆုံး ကွင်းဘွဲ့ကိုတောင် EC က`ချောချော´ရတာလား၊Civilက`ယုဝေ´လား၊မကွဲပြားသူ။သူငယ်ချင်းတွေနဲ့တော့လိုက်လျောညီထွေနေတတ်ပါသည်။ သူ့နာမည်က..`သိန်းထိုက်´….. ကိုမေးတော့`လွင်မင်း´တဲ့။ဒါပေမယ့် သူ့နာမည်ကို သိစရာ မလိုပဲ.သူ့ကိုခေါ်စရာ နာမည်တစ်ခုကို အလိုလိုရခဲ့ပါတယ်။အဲဒီ့နာမည်လေးက စာသင်ခန်းတစ်ခန်းလုံးမှာ အစအနောက်အသန်ဆုံး၊မျက်ခွက်အပြောင်ဆုံးကောင်မလေးကြောင့် ရခဲ့တာ။
………………………………………………….(၁)………………………………………..
`ဒီလိုနဲ့ပေါ့….တို့
အမှတ်တရတွေကို
တခုတ်တရ စိုက်ပျိုး
နင့်ရင်ကိုမိုးဖို့
ကြိုးတွေနဲ့ရက်ခဲ့ရတဲ့ နေ့တွေ..
ချစ်တဲ့သူငယ်ချင်းရေ….အဲလိုပဲအပေါ်ယံအော်ခေါ်ခဲ့ရ.
ရင်ထဲမှာက…????´
……………………………………………………………………………………………………….
`ဟေ့ နင် လေဒီစာရွက်လေးကို နင့်ရှေ့က `မိုးကြီး´ကျောမှာကပ်ပေးဟာနော်´
`အိခိုင်´စကားကို`လွင်မင်း´က သိပ်လက်မခံချင်ပါ။သူကအေးဆေးပဲနေချင်တာ။ဒီကောင်မလေးကိုလည်းကြည့်မရပါဘူး။မိန်းကလေးဖြစ်ပြီးတစ်တန်းလုံးက `အိခိုင်´ဟေ့ ဆိုတာနဲ့ပြေးချင်အောင် သရဲကျလွန်းသည့် သရဲမလေး။ဒါပေမယ့် သူပြောတာမရရင် ပြန်မယ်ပုံလည်း မဟုတ်လို့…
`အေးပေး ကပ်ပေးမယ်..ဒါပေမယ့် နင် ဒီတစ်ခါပဲနော်..ငါစာလုပ်ရဦးမယ်´
` အမလေး..စာကြောင်ရယ်..ကျေးဇူးပါ.´
`ဘာ….´
`ဟဲ ဟဲ ..စာကြောင်လေ.´။သူ့ရုပ်က ပိတ်၇ိုက်ချင်စရာ။`လွင်မင်း´ခမျာ အဲလိုတွေ ၀ါသနာ မပါပေမယ့်ဒင်းနဲ့ ကွိုင်မငြိချင်လို့ `မိုးကြီး´ကျောကို စာကပ်ဖို့ကြိုးစားရပါတော့သည်။`မိုးကြီး´ကလည်း အငြိမ်နေတဲ့ကောင်မဟုတ်။
ထိုင်လိုက် ၊ထလိုက် `လဲ့လဲ့ဝင်း´ဘက်လှည့် ဖွန်ကြောင်လိုက်.။
စာကလည်းရေးထားတာ ကြည့်ဦး `ခန့်ချောကြီး´တဲ့။ဒါ`ဒေါ်အိခိုင်´ရွှေဥာဏ်တော်ပေါ့။လူကောင်က ခွေးပစ်တဲ့ တုတ်လောက်ရှိတဲ့ ဒီကောင့်ကျောမှာ အဲလို သွားကပ်ထားရင် မြင်တဲ့သူက ရီမှာပဲ။တွေးရင်းစိတ်ထဲမှာတောင်ရီချင်တယ်။အေးလေကပ်ပေးလိုက်ပါ့်မယ်.ခုပဲ။
`ဟဲ့ ငါကပ်ပေးပြီ ပြီနော်´
အဲလို ပြန်ပြောဖို့ အနားမှာ လိုက်ကြည့်တော့ ကျေးဇူးရှင်က `ဇာခြည်´ထမင်းချိုင့်ကို သွားဝါးနေသည်။
အဲဒါနဲ့ လက်ဟန်ခြေဟန်ပြရသည်။အော်ပြောနေရင် ဟိုကောင် ငမိုး ကြားမှာ။`အိခိုင်´ရော.`ဇာခြည်´တို့ တစ်ဖွဲ့လုံး ဒီဘက်လှည့်မှ အားရပါးရ လက်မထောင်ပြလိုက်သည်။ဟိုကောင့်ကျောကို လည်း လက်ညှိုးထိုးပြရသေးသည်။
`ဇာခြည်´တို့ တစ်ဖွဲ့ လုံးလှမ်းကြည့်ပြီး ၀ိုင်းရီကြသည်။ဒီလိုကျ `လွင်မင်း´လည်းရီမိသည်။သူရီလေ.ကောင်မလေးတွေက ရီလေ။အတောမသတ်။အတန်းထဲက ကျန်တဲ့လူတွေ လည်းလိုက်ရီသည်။ ထူးဆန်းတာက `မိုးကြီး´က အပြင်ထွက်သွားပြီ။ရီလို့မဆုံးဘူး။နောက်မှ `လွင်မင်း´စဉ်းစားမိပြီး ကိုယ့်ကျောကို ကိုယ်ပြန်စမ်းကြည့်ရသည်..။ထင်တဲ့ အတိုင်းကျောမှာစာရွက်ကြီး။ဩော်..ဒင်းက ငါ့ကို `မိုးကြီး´ဘက်အာရုံလှည့်ပြီး .ငါ့ကျောကို စာကပ်သွားတာကိုး..။ပြီးတော့ `လွင်မင်း´ပုံစံက ကိုယ်ကိုကိုယ်ကျ မသိဘူး။သူများဒုက္ခရောက်နေတာကို ကျေနပ်နေပုံကလည်း အထင်းသားပေါ်မိသည်။သူတို့ကလည်း အဲဒီ့ပုံစံကိုပဲစောင့်ကြည့်ပြီးရီနေခြင်းဖြစ်သည်။…သွားပြီ။
အဲဒီ့နေ့က `လွင်မင်း´နာမည်တစ်ခုရခဲ့သည်။အဲဒီ့နာမည်က ကျောမှာလာကပ်တဲ့ စာကြောင့် ဆိုတာတော့ ထပ်မပြောချင်တော့ပါ။
`ဂျော်လီဆွေ´တဲ့…..
…………………………………………………………………..၂……………………………………………………………………
အဲဒီ့နေ့ကတည်းက အတန်းထဲက လူတွေသိသွားတာ တစ်ခုရှိသေးတယ်။အဲဒါက `လွင်မင်း´ ကို ရယ်အောင်လုပ်နိုင်တဲ့ လူကဘယ်သူလည်းဆိုတာပါပဲ။တခြားအချိန်တွေဆို ရီဖို့မပြောနဲ့..သူ့ဟာသူတွေးချင်ရာတွေးနေတဲ့ကောင်။ပြီးတော့ ရုပ်လေးချောသလောက် ဇီဇာကလည်းကြောင်သေးတယ်။အဲလို ကောင်လေးနဲ့ မိန်းကလေးဖြစ်ပြီး ရုပ်လေးလှတာမှ အားမနာ၊ပေတိပေစုပ်နေတတ်တဲ့ `အိခိုင်´လို မိုက်ကန်းကန်းကောင်မလေးကို လူတိုင်းက စိတ်ဝင်စားခဲ့တာလည်း အဲဒီ့ အချိန်ကတည်းကပါပဲ။
.....................ဆက်ရန်..................

10 ယောက်ကဒီလိုဒီလိုပြောကြတယ်:

emayarKhin said...

အဟမ်း...အဟမ်း..
ချောင်းဆိုးနေတာမဟုတ်ဘူး.....
အရှိန်ကောင်းနေတုံး..ဆက်ပါရန်နဲ့
တွေ့တော့နဲနဲပါးပါးစိတ်လေသွားတယ်....
မြန်မြန်ဆက်....:P

GreenGirl said...

ဟော.. ဆက်ရန်လုပ်ပြန်ပြီ ကြာတော့ မကြာနဲ့နော် :P
နေဦးဟ နင်ထည့်ရေးထားတာ ငါမဟုတ်လောက်ဖူး ထင်တယ်နော်။
နောက်ထပ်တစ်ယောက်မလား။ :D
ငါကလည်း နာမည်အပြည့်အစုံခေါ်ရင် ငါနဲ့မဆိုင်သလို စိတ်ကမှတ်နေတာ။ ခေါ်နေကြနာမည်ခေါ်မှ ကိုယ့်ကိုခေါ်တယ်ထင်တာ :)
"မလဲ့" လို့ပဲ တော်တော်များများ ခေါ်ကြတာကိုး။

သက်ပိုင်သူ said...

ဟား..... ဟား။။။
ဆက်ရန်ဆိုပါလား။ ချ..... ချ....
နာ့နာမည်တော့ မပါစေနဲ့။ ပါလို့ကတော့ နင့်ကို နာ့ သိုင်းဝတ္ထုမှာ ပက်ပက်စက်စက် သတ်ပစ်မယ်.... ဟင်ဒ... ဟင်း

Unknown said...

:P

Unknown said...

who is ei khine? u?

တီချမ်း said...

အန်တီချမ်းနှင့် ဆရာချမ်း ဘာမှမပါတ်သက်ပါနော်
ဟိဟိ

ပိုင်ဖြိုးကို said...

ဝေးးးးး Civil ကလျှို့ဝှက်ချက်တွေ သိရတော့မယ်ကွ..
အားပေးတယ် အကုန်သာရေး သက်ပိုင်သူတို့ ဘာတို့ပါ ပါအောင်ရေး၊ လူစုံအောင်ရေး
သိုင်းဝတ္ထုထဲမှာသေရင် အတွင်းအားသွင်းပြီး ပြန်ကုပေးမယ်၊ ဘာမှမကြောက်နဲ့ .... :P

Unknown said...

sat yayy own lay...

စိုင်းလောဝ်ပိန်း said...

ဆောင့်ဖတ်နေမယ်။ ဘယ် GTC လဲဟင်။ GTC လား YTU လား မသိလို့နော်။ မှားရင်ခွင့်လွတ်

စိုင်းလောဝ်ပိန်း said...

ကျနော်က မှော်ဘီ GTC ကကျောင်းပြီးသွားတာဗျ ။ :) ။ ကြုံတုန်းကြွားသွားတယ်။