Showing posts with label စိတ်ကူးရှိရာ ပေါက်ကရ. Show all posts
Showing posts with label စိတ်ကူးရှိရာ ပေါက်ကရ. Show all posts

ကိုဂျူလိုင်နှင့်အပေါင်းအပါ မောင်နှမများခင်ဗျား...

သံသရာစက်ဝန်းကြီးကို ရွံ့ရှာပျင်းရိလှပါသဖြင့် ဒီဘဝ အိမ်ထောင်မပြု၊ သားမမွေးပဲ တနေ့နေ့ ဝတ်ကြောင်ကို စွန့်ဖို့ အားခဲထားပါသော်ငြားလည်း မိဘများက တိုက်တွန်း၍သော်လည်းကောင်း၊ အကိုအမ၊ ညီညီမတို့က အမြင်မတော်၍ သင့်ရာရှာပေးလိုလျှင်သော်လည်းကောင်း ကျွန်တော် ဖန်သကြိုးခမျာ ရွေးစရာသိပ်မရှိလှပဲ မဒီတစ်ယောက်ကို လက်ညှိုးထိုးရပါလိမ့်မည်။ သို့သော်ငြားလည်း ဘုရားအလောင်းသူတော်ကောင်းများ အိမ်ထောင်မှုကို ငြင်းလိုသည့်အခါ လုပ်လေ့လုပ်ထရှိသည့်အတိုင်း ကျွန်တော်လည်း သိဂီင်္ရွှေရုပ်တစ်ခုတော့ ထုပြထားပါမည်။ ဤရွှေရုပ်နှင့် ထပ်တူမကျ၊ တစုံတခု ချွတ်ယွင်းတိမ်းပါးခဲ့ပါက ကျွန်တော့်ဘက်က လုံးဝလက်ခံစဉ်းစားမည် မဟုတ်ပါကြောင်း....

ဆံနွယ်
ကတုံးနှင့် ဘိုကေမှာ သာလျှင် စဉ်းစားပေးနိုင်ပါသည်။ သို့သော် အရောင်ပေါင်းများစွာ ဆိုးခြယ်ထားခြင်း၊ မလိုအပ်ပဲ သပွတ်အူလို ကောက်လိမ်ထားခြင်း၊ ဖြူကောင်ကြီးလို ပွလှန်ထားခြင်းမျိုးကိုတော့ အလွန်ကြိုက်ပါသည်။ မူလကတည်းက ဆပ်ကော့လပ်ကော့ကို တန်ဖိုးထားသူဖြစ်သည့်အတွက် ရိုးရိုးအေးအေးလေး ဆံပင်ရှည်ရှည်ကို ပြုပြင်ထားသူများအား ပိုရွံရှာမိပါမည်။ ထို့အပြင် ကျွန်တော်သည် ခေါင်းလျှော်ပဲ ဆံပင်မှထွက်အပ်သော ခေါင်းပုပ်နံ့ညှီညှီလေးကို Craze ဖြစ်သူဖြစ်သဖြင့် Hair Coat သုံးပြီး ဆံပငမွှေစေသူများကို သိပ်သဘောမတွေ့လှကြောင်း သိထားစေလိုပါသည်။

နဖူး
သိပ်ပြောင်လွန်း၊ ထင်းလွန်းလျှင် မကြိုက်လှပါ။ သို့သော် နဖူးကျဉ်းပြီးတိုသော ခပ်ကုတ်ကုတ်မျက်နှာထားပုံစံများကိုလည်း အလိုမကျလှပါ။ ထို့ကြောင့် ကျွန်တော်လိုချင်သော နဖူးပုံစံမှာ ခပ်မောက်မောက်ရှိသော၊ ဆံပင်လှန်တင်လိုက်လျှင် နဖူးလုံးဝမပါပဲကင်းစင်၍ ရှင်းရှင်းသန့်သန့်လေးဖြစ်နေသောပုံစံ ဖြစ်ပါမည်။

မျက်ခုံး
ခေတ်ကာလသမီးပျိုများကြား ခေတ်စားလှပါသော မျက်ခုံးပြုပြင်ခြင်းများ၊ မျက်ခုံးဆိုးဆေးများကို ဘဝင်ကျလှ၏။ အထူးသဖြင့် သဘာဝတရားကို ဆန့်ကျင်စွာ နှူတ်ရိတ်စီရင်အပ်သော Artificial မျက်ခုံးများကို အလွန်မြတ်နိုးပါသည်။ တမွေးမကျန်နှုတ်ပြီး အနီအနက် ရောင်စုံများ ဆိုးခြယ်ထားမှုကိုလည်း အလွန်ရင်ခုန်လှပါသည်။ မိမိမျက်နှာပုံစံနှင့် လိုက်လျောညီထွေစွာ အလွန်အကျူး ပြုပြင်ထားခြင်းမျိုးကိုတော့ ကျေနပ်သဘောကျမိပါသည်။

မျက်တောင်
မျက်ခုံးပုံစံနည်းတူ ပြုပြင်စီရင်၍ အတုတပ်သူ၊ Liner ထူထူကြီး အမြဲဆိုးသူများကို သဘောတွေ့ပါ၏။ ထို့ကြောင့် ကျွန်တော်လိုချင်သော ရွှေရုပ်တွင် မဖြစ်မနေဆိုပါက L'oreal H.I.P Sculpted 106 လို ခပ်ဖျော့ဖျော့ နှစ်ရောင်စပ်များအား ဈေးကြီးသဖြင့်မသုံးစေချင်ပါ..။
ကျမ်းဂန်များအရ မျက်တောင်မခတ်သူသည် ဘီလူးဖြစ်သည်ဟုဆိုပါသည်။ ထို့ကြောင့် Blink Rate တစ်ရာမိနစ်ကို ဆယ်ကြိမ်မျှသာ ပျမ်းမျှရှိစေလိုပါသည်။

မျက်လုံး
ပြူးလွန်းလျှင် မဆိုးပါ။ မှေးလွန်းလျှင်လည်း စိတ်မထိန်းနိုင်ပါ။ ကြောင်တောင်တောင် ငေးတက်လျှင်လည်း သဘောခွေ့၏။ ကျီးကန်းတောင်းမှောက် လိုက်ကြည့်တတ်ဖို့လည်း လိုပါသည်.။ ခိုးကြောင်ခိုးဝှက် စွေကြည့်တက်တာမျိုးကို ချစ်ပါသည်။ လူတိုင်းကို မျက်စောင်းထိုးတက်လျှင် စိတ်ချသွားပါပြီ။ အဖြူခံများလျှင်လည်း ကြိုက်၏။ အနက်ဆံကြီးလျှင်လည်း ခိုက်၏။ မျက်လုံးသည် စိတ်၏ပြူတင်းဟု ဆိုကြပါသည်။ ထို့ကြောင့် အတွင်းစိတ်ကို လိုအပ်သလောက် ဖွင့်လှစ်ပြထားသော မျက်ဝန်းကျယ်ကျယ်ပြူးပြူးပြဲပြဲ များကို ကျွန်တော်နှစ်သက်ပါသည်။

ပါးပြင်
ဖြစ်နိုင်လျှင် ကျွန်တော့်ရွှေရုပ်ကို ရွှံ့လူးစေချင်ပါသည်။ လည်ပင်း၊ ခြေလက်တို့နှင့် အရောငဆင်တူလူးခြယ်ထားသူများကို အလွန်မုန်းတီးပါသည်။ ရှာရခက်၍ မဖြစ်နိုင်လွန်းဘူးဆိုရင်တော့ ပုံတောင်ပုံညာဒေသက ရွှံ့ လောက်လိမ်းပြီး ခပ်ပါးပါး ဗွက်ဖို့ထားလျှင် လုံလောက်ပါသည်။ ပါးပြင်တွင် သနပ်ခါး မရှိရပါ။ မျက်ရည်ခံမှဲ့မရှိမနေရှိရပါမည်။ ကလေးလေးလို ပါးစုံ့ကြီးတွေ အစ်နေတာလည်းဆွဲညှစ်ချင်ပါသည်။ ပါးခွက်ခွက်လေးလည်း မညိုညင်ပါ။ ချွေးပေါက်ကျယ်၍ ဆားဝက်ခြံများထွက်တက်ခြင်းကိုလည်း ရောင်းစားရန်အတွက် လက်ခံချင်ပါသည်။ ပါးပြင်ကို လက်တို့လိုက်လျှင် ကျွံ့ကျသွားအောင် ပျော့အိလျှင်ပျော့ ကျောက်ဖျာကြီးလိုလည်း မာရင်မာ..အဲလိုမှ။ ( ဆက်မရေးတော့ဘူးနော်၊ တော်ကြာ အောင်သွယ်တွေ လိုက်ရိုက်ခံမှာစိုးလို့...ဟ။ဲ)

နှာခေါင်း
ချေး(ဂျီး) သိပ်မများတော့ပါ။ နှာတံတိုတို၊ နှာရင်းတုတ်တုတ်၊ နှာသီး(အနည်းငယ်)ပွပွ၊ နှာဖျား ကျယ်ကျယ်လေး ဆိုလျှင်လုံလောက်ပါသည်။
နှုတ်ခမ်း
နှုတ်ခမ်းသည် အလျားလိုက် ပန်ကာဒလက်လေးလုံးထက် ပိုမပြဲရ။ အောက်နှုတ်ခမ်းသည် အပေါ်နှုတ်ခမ်းထက် အနည်းငယ်ပိုထူရမည်ဖြစ်ပြီး အပေါ်နှုတ်ခမ်းသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ လက်အချောင်းတစ်သန်းထက် ပိုမထူရ။ အောက်သွားမပေါ်ပေါ်အောင် ရယ်တတ်ရမည်ဖြစ်ပြီး ပေါ်လာမည့်အပေါ်သွားများသည်လည်း တချောင်းနှင့်တချောင်း ကမောက်ကမီနေရမည်။ ပါးချိုင့်ပေါ်အောင် ပြုံးခြင်းကို လက်ခံပြီး အတင်းပေါ်အောင် လုပ်ပြုံးတတ်သူများကို ဆုချမည်။ နှုတ်ခမ်းခဏခဏသပ်တတ်သော မိန်းကလေးမျိုးများကို အလွန်စွဲလန်းပါသည်။ ကြက်သွေးရောင်နှင့်လိမ်မော်ရောင်ကိုစပ်ထားသော စပ်ကျားဖြဲဖြဲရောင်နှုတ်ခမ်းနီဆိုးသူများကို နှစ်သက်သည်ကိုလည်း သတိပြုစေလိုပါသည်။

နားရွက်
ဆံပင်ကို နားရွက်မပေါ်အောင် အုပ်ထားသူများကို မကြိုက်ပါ။ နားရွက်သည် နှာခေါင်းနှင့် သိပ်မကွာရ(မကားရပဲ) အဖျားပိုင်းသည်လည်း သိပ်မရှည်ရ။ ဈေးကြီးသောနားဆွဲမဆွဲရ။ နားပေါက်၃ပေါက် အထက်လည်း ဖြစ်ရမည်။



ဆက်မရေးသေးပါ။ အထက်ပါ ရွှေရုပ်၏ခေါင်းပိုင်းနှင့် ကိုက်ညီသူတွေ့ပါက နောက်ထပ် ကိုယ်ပိုင်းကို ဆက်လက် ထုလုပ်ပြပါမည်။ အလုံးစုံ ပြည့်စုံပြီး သဲ (သလဲ) စင်သည်ဆိုပါက ကျွန်တော် ဖန်သကြိုး ရွှေထီးဆောင်း သေရမည်ကို စွန့်လွှတ်၍ လူ့ဘောင်လူ့စရိုက် အိမ်ထောင်မှုကို ပြန်လည် စဉ်းစားပေးမည် ဖြစ်ပါကြောင်း....



ဖိုးသင်္ကြန်


(ဒါလေးက ကျွန်မ သူခိုးကြီးညက လှည့်ခိုးခဲ့တဲ့ ဖိုးသင်္ကြန်ရဲ့ရွှေရုပ်လေးပါ .။လှရဲ့လားဟင်.။ခွိခွိ...တန်ဆောင်တိုင် အပျော်လေးပါ)


ဒီလိုနဲ့ပေါ့..။

မြရေလျဉ် တဖြစ်လဲ ဆောင်းချမ်းမိုး ရဲ့ ဖျတ်ကနဲကပေါ် ဆတ်ကနဲက အက၊ရှေ့ခြေထိုး နောက် ပြန်ကန်ဘောသမားဟန် အက၊တလကြမ်းခုန်ုပေါက် စင်နောက်ရောက် အက စသည်ဖြင့် လူးလာလိမ်ခေါက်၊ဟိုလျှောက်ဒီပြန်၊လူတကာ လက်လန်အောင် ကပြီးသွားတဲ့ အခါမတော့ အများစောင့်မျှော်နေတဲ့ နောက်ပိုင်းဇာတ်ထုတ် ကဖို့နီးလာပါတော့တယ်။

ဒီဇာတ်ထုပ်ကလည်း တော်တော်ရွေးရသား.။မှတ်မိသေးတယ်။ ပွဲမစခင်ရက်တွေက ဒီနောက်ပိုင်းဇာတ်ထုပ်အတွက် ဘာက ရင်ကောင်းမလဲ တိုင်ပင်ကြတုန်းက

တလနွန်က မကြီးရောင်ညာတယ် ဇာတ်ထုပ်ကမယ်တဲ့။ရွာသားတွေ အစဉ်အဆက်တော့ ဘကြီးအောင်ညာတယ် ပဲ

ကြားဖူးတယ် ။သူ့ ကျမှ….ဘယ့်နှယ်.။

သူ့ ခံစားချက်နဲ့သူတော့ ဟုတ်မှာပေါ့လေ..။သူချစ်တဲ့ မိညိုနဲ့ မကြီးရောင်ပြန်ကအောင်သွယ်ပေးမယ်ပြောပြီးနောက်ဆုံးကျ ဟိုက ရွာထဲကထော်လာဂျီဂျေး နဲ့ကြိုက်သွားတာကိုး..။မကြီးရောင် လည်းဒါမျိုးကဘေးလူတိုက်တွန်းတိုင်းမရဘူးဘာညာနဲ့တော်တော် ဖျောင့်ဖျထားရတာ ကို သူကမကြေဘူးနော..။

အဲဒီ့ အဖြစ်ကလေး အခြေခံပြီး ဇာတ်ထုပ် လုပ်မယ်ချည်း တကဲကဲ..။

အကြံပေးတာတွေကလည်း စုံနေတာပါပဲ.။မင်းသမီး ကယ်ဖြူစင်ကတော့ အဲလိုသတင်းတွေကြားကတည်းကရင်တော်တော် တုန်နေတာ..။မတော် လို့ မပဋာ ဇာတ်ဆိုရင်လည်း အဆိပ်ခွက်နဲ့ ဖြိုးမော် ကို သားလုပ်ရမှာလန့်တယ်.။ ဗိုလ်အောင်ဒင်ဇာတ်ဆိုလည်း နဂိုကမှ ရွာထဲမှာ မတည့်ကြသူ နှစ်ယောက်ကတကယ်နားပန်းသတ်နေမှာ.။ဒီလိုဆိုရင်တော့ မမြ၀င်းတို့က ဘယ်သူ့မှ မရွေးတော့ပါဘူး။စင်အောင်ဆင်းပြေးမယ်လို့ပဲ ကြယ်ဖြူစင်က တွေးထားတယ်။

နောက်ဆုံးလည်းကျရော အချစ်၊အလွမ်း နဲ့ အတူ ဖိုက်တင်လေး ဘာလေးလည်း ပါအောင်..။လူတကာလည်း ကြိုက်ကြသိကြတဲ့ သရုပ်ဆောင်ရ လွယ်မယ်ထင်တဲ့ဇာတ်ထုပ်တစ်ခု သွားတွေ့တော့တယ်..။ပါဝင်ကပြကြမယ့်ရွာသူရွာသားတွေလည်း သဘောတူကြတယ်..။ဘာဇာတ်ထုပ်ထင်သလဲ..။

ပေါင်ချိန်ဇာတ်..။

…………………………………………………………………………………………………………………………………

စစမြင်ရတဲ့ အဖွင့်ခန်းက ကြယ်ဖြူစင်က ခိုင်ဖုန်းရုံးရှေ့က စည်ကို တီးပြီးတိုင်တဲ့ အခန်းပေါ့..။

တီးတဲ့ ဟစ်စည် ကိုဘာနဲ့ လုပ်ထားတယ် ထင်သတုန်း..။သူကြီး မိန်းမ ရဲ့ ဆန်ပြာတဲ့ ဇကော ကို ရေထည့်တဲ့ ပီပါဝမှာ စွပ်ပြီး ဘေးက ထောက်တိုင်နဲ့ထောက်ထားလိုက်တာ ဟစ်စည်ဖြစ်ပါရောလား..။

ကယ်ဖြူစင်က ဇကောကို တီးပြီးအော်တိုင် ..အဲလေ စည်ကို ထုထု ပြီးရုံးတော် ကို တိုင်ကြားတယ်..။`မတရား အစွပ်စွဲခံရပါတယ်´..။

သူ့ဘေးမှာတော့ လူမမာ အဲလေ လူမမယ် ကလေး ငယ်နှစ်ယောက်အဖြစ် တလနွန်နဲ့ ဖြိုးမော် က ကပ်လို့..။လက်သည်းလေးတွေ ကိုက်ထားကြတယ်..။သရုပ်ဆောင်ကောင်းချက်ဗျ.။ခေါင်းကကတုံး..ကိုယ်မှာဝတ်ထားတာက တရုတ်ရှင်မီးပုံစံနဲ့တူအောင် စွပ်ကျယ်တွေကို ကိုင်းတစ်ဖက်ဖြတ်ပြီးနောက်ပုခုံးတစ်ဖက်မှာ က အထုံးလေးနဲ့ပေါ့.။


ကမယ့်ဇာတ်က ပရိသတ်များမှတ်မိမလားမသိဘူး.။`ပညာရှိချန်စွပ်မေ ဇာတ်´။

ဒီအချိန်မှာပဲ ရုံးတော်ထဲက ဆရာကုန်းစွမ်းထွက်လာတယ်.။ဘယ်သူလို့ထင်ပါသတုန်း.။ကိုစည်သူ ပါ.။

မေးစေ့မှာလည်း ပြောင်းဖူးမွှေးတွေကပ်ထားလေရဲ့.။သရုပ်တူအောင်လေ..။

သူက စမေးတယ်..။

`ဟဲ့ ကလေးမ စောစောစီးစီး အော်ကြီးဟစ်ကျယ်နဲ့ ခုချိန်တရားသူကြီးမင်းအိပ်နေတယ်ဆိုတာ မသိဘူးလား´

`ရှင် ဩော် ဟုတ်ကဲ့ ကျွန်မတောင်းပန်ပါတယ်ရှင် ။အရမ်းအရေးကြီးနေလို့ပါ.။နောက်ပြီးတရားသူကြီးက၁၂နာရီနောက်ပိုင်းဆို လူတွေ့မခံတော့ဘူးကြားလို့ပါရှင်..။´

`ဟေ့ ငါတို့ တရားသူကြီးမင်းမှာ အဲလို သဘောထားမျိုးမရှိဘူး.။တရားသူကို ကယ်ဆယ်ပြီး မတရားသူကို ဖယ်မယ်ဆိုတာ တို့ တရားသူကြီး ရဲ့မူ.။အခုက ညက မန်ယူနဲ့ ပွဲက တအားကောင်းနေလို့ ..အဲ ဟုတ်ပါဘူး

အမှုတစ်ခုအကြောင်း အလေးအနက် စဉ်းစားနေလို့ပါ.. ကဲ ပြောမင်း သူနဲ့တွေ့ချင်သလား´

ကြယ်ဖြူစင်ကသရုပ်ဆောင်တကယ် ပိုင်တာနော်..။ ကုန်းစွမ်းက အဲလိုပြောတာလည်းကြားရော အသံ ကို ကတုန်ကရင် လုပ်ပြီး

`ဘယ်လိုပြောလိုက်တာလဲ တွေ့ချင်တာပေါ့ရှင်´ လို့ ပြောလိုက်ပုံများ ရွာသားတွေက သဘောတွေကျနေတာ.။

အဲဒီ့အချိန်မှာပဲ..။ ပန်းခြံလေးထဲတွင်အသားမည်းမည်း .နဖူးတွင် လခြမ်းပုံချောကလက်ဖတ်ကလေး တပ်ထားသောပေါင်ချိန်အားအကျီ င်္လက်ကို မကာသိမ်းကာခေါင်းကိုရှေ့တိုးနောက်ငင် ဖြင့်

`စံစီစေးစား ..ဇေးကများ..ငပိရေခွက် လက်နဲ့ရက်´ စသည်ဖြင့် တရုတ်ကဗျာလိုလို ဘာလိုလို အား ရွတ်နေသည်ကိုမြင်လိုက်ရလေသည်.။

အမယ် ရွာသားတွေဖက် လှည့်လိုက်မှ ပေါင်ချိန်ဆိုတာ ဘယ်သူလဲ မှတ်တယ်..။ ကိုရီနိုမာန်ကြီး ကိုး..။

မကြာသေးခင်ကမှ ၀တ္ထုရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွာကို လာလည်ရင်းက ရွာလေးမှာပျော်ပြီးမပြန်နိုင်သူမြို့သားကြီး.။ဒါကြောင့် သူ့နာမည် ကလည်း ဆန်းနေတာ။သူပေါ့ ရွာမှာ ဇာတ်လမ်းလာရှာတာ.. (၀တ္ထုဇာတ်လမ်း)။


သူ့ကိုပေါင်ချိန်လုပ်ရမယ်ပြောတုန်းကတောင် သူက ရွံ့တွေနဲ့ သူ့မျက်နှာကို သုတ်မယ်ဆိုမလုပ်ဘူးတဲ့.။

ချောကလက်လေးနဲ့ သုတ်မှ ဆိုလို့ မြို့တက်ဝယ်ပေးထားရတာကော.။နဖူးက လခြမ်းလေးတောင်ချောကလက်လေးနော့.။


ဝမ်ချောင်နဲ့ မာဟန့်ဆိုပြီးဘေးမှာရပ်နေကြတာတွေက သက်ပိုင်သူ နဲ့ ပိုင်ဖြိုးကို..။

ပေါင်ချိန်က မိန်းကလေးပြောပြတဲ့ အမှုကို ပန်းခြံလေးထဲမှာနားထောင်ပါတယ်.။

`ဒီလိုပါ တရားသူကြီးမင်း´.။ကြယ်ဖြူစင်က ဇာတ်ဝင်သီချင်းလေးနဲ့ ဇာတ်ကြောင်း ကို ပြောပြပါတော့တယ်….ဒန့် ဒန် ဒန်..။

……………………………………………………………………………………………………………..


စင်ပေါ်ကို လူငယ်လေးတစ်ယောက်တက်လာပါတယ်.။ကျောမှာက ပလတ်စတစ်ကော်ရုပ်ကော်ခွက် အလဲသည်တွေထမ်းတဲ့တောင်းကြီးထမ်းလို့..။


ဟဲ ဟဲ အထင်တော် မလွဲလိုက်ပါနဲ့.။သူကတော့ နေပြည်တော်မှာ ပညာရှိစာမေးပွဲသွားဖြေမယ့် တောသားလေးချန်စွပ်မေ ပါ.။ဒါပေမယ့် ရရာ တောင်းကြီးထမ်းပြီးသရုပ်ဆောင်ရတော့ သံလွင်ဟီးရိုးက ပညာရှိနဲ့ ကို မတူဘူး။အလဲသည် လို့ထင်နေကြပါတယ်.။


(အောက်က ရွာသားတွေက ထင်တာနော်။..မောင်လေး ခုပြောတာတွေခဏသည်းခံ.နောက်ပြီးရင်ဘုရင့်သမီးတော်လေးနဲ့ ပေးစားတော့မှာ နော် ..နော်..)


စာမေးပွဲဖြေတော့ ၃လပြတ်ကျူရှင်တက်လာတဲ့ အကျိုး.။တစ်ကြိုမေးခွန်း အကျိုး .။စူပါဟော့ မေးခွန်း ၃စုံအကျိုး….တွေကြောင့် မဟုတ်ပဲ ကိုယ့် အရည်အချင်းနဲ့ ကိုယ် ပညာရှိဖြစ်သွားတာပါတဲ့.။။နောက်တော့ ဘုရင့်မိဖုရားကြီးက သဘောကျပြီး…အဲ ..သူ့ သမက်တော်ဖို့ သဘောကျတာပြောတာလေ.။သူ့ သမီးတော်လေးနဲ့ပေးစားလိုက်ပါရောတဲ့.။အဲဒီ့နောက်တော့ ရွာမှာတုန်းက အမျိုးမျိုးဆင်းရဲဒုက္ခခံပြီး ဒိုးတူဘောင်ဖက် ရုန်းကန်လာရတဲ့မိန်းမ ကို ရူးချင်ယောင်ဆောင်ပြီး ခေါက်ချင်လာတယ်ပေါ့.။သီချင်း အဓိပ္ပါယ်ကတော့ အဲဒါမျိုးပါ.။


ရှေ့ကနေ မိဘုရားကြီးအဖြစ် မကြယ်ပြာ.။သမီးတော် အဖြစ် တော့ အဆိပ်ခွက် ကလေး ကို တရုတ်ရင်ဖုံးလေးနဲ့တွေ့ရပါတယ်.။နောက်က သီချင်းနဲ့ အလိုက် ရှေ့ကနေ သရုပ်ဆောင်ကြတဲ့ သံလွင်.နဲ့ အဆိပ်ခွက် တို့ကလည်းတော်တော် ကို တော်ပါပေတယ်.။သံလွင်ကို အဆိပ်ခွက်က ထုလိုက်ရိုက်လိုက် .။သံလွင်ကရှက်ပြုံးကြီးပြုံးလိုက်.။မိဖုရားကြီး မမကြယ်ပြာကလည်း အဝေးကနေ ဝေါပေါ်က ပြုံးကြည့်လိုက်နဲ့ ဟုတ်နေပါတယ်.။

( ဆက်ရန်) ...

ရေတမာ...ကဲ ဦးသစ် ကျုပ်ပဲခေါ်တော့မယ် ဗျာ...

ဦးသစ်.....ခေါ်စေဗျား...

ဘလော့တခွင် ပြိုင်ဆိုင်ကာ လင်းပါလို့၊ (ရေတမာလားဗျ)
အိုဘလော့တခွင် ပြိုင်ဆိုင်ကာလင်းပါလို့၊ ကြယ်စုံစီ ဗုစုခရုတွေနဲ့
(ဘယ်လိုကြီးလဲဟ)၊
ပြိုင်ကာလေ လိုက်မပေါပါဘု၊ တောင်ရှည်ဖြူ မြှောင်အောင်ကျိုက်လို့ရယ်၊ မာန်ဟုန်တင် ဖြဲကာဟောက်လိုက်မယ်၊ ကဲ မင်းသမီး ခုဆင်း
(ဝိုင်းရိုက်ကြသည့် အသံတွေက ဆူညံစွာ)
ကဲကဲ အတည်ခေါ်ပါတော့မယ်ကွယ်။ ဦိးသစ်ရေ။ နီနီမြင်....နီနီမြင်ရာ နှင်းဆီမမှတ်လေနဲ့၊ ဖြူဖြူစင် ကျုပ်နှမလိုပ၊ မူပိုကာ ကြွရွလှလေတဲ့ ရေရေလျဉ်ချောနှမ သူဇာကညာ...........မေ.....။


ထိုအချိန်တွင် ဇါတ်စင်နောက်မှ အိမ်ကလေး မီးလောင် အက နှင့် ထောက်ဆတ်ဆတ် ထွက်လာသူ က အများမျှော်လင့်နေသော မင်းသမီးပါတကား။...။

ဆိုတဲ့ သီချင်းလည်းကြည့်ဦး...
`စပါယ်ရာ တစ်ဝက် ဒရိုင်ဘာတစ်ဝက် အုံနာ ဗိုက်မှောက်သေပါစေတော်.. လူမင်းဒေ၀ါ နတ်မင်းရာဇာ နန္ဒာလှိုင်နဲ့ ရစေသော်´


ဘယ်နှယ့် မင်းသမီးက လာကတည်းက ထောင့်မကျိုးဘူး..ဒီပုံသာဆို အငြိမ့် သမားစဉ် ပျက်ချေရဲ့။မင်းသမီးက လူရွှင်တော် လုပ်ပြီး လူရွှင်တော်လေးယောက် က ပြိုင်က ရမယ့် ပုံ..။ဦးသစ် သေချာ အနီးကပ် ကြည့်ရချေပြီ..။


လားလား ..မင်းသမီး အတုကြီး...။
`ဆောင်းချမ်းမိုး´ပဲ..။ သူက မင်းသမီး အ၀တ်တွေနဲ့ အတုတွေ ပါတပ်ဆင်ပြီး လာက နေပါလား..။ပရိသတ်ကတော့ မြရေလျဉ်ဆိုတာလည်း မမြင်ဖူး..ရွာက မီးစက်အားကလည်း သိတဲ့ အတိုင်း ဇာတ်စင်နားတောင် ခပ်ဝါးဝါးကိုး။...မင်းသမီးအစစ်လို့ချည်းထင်နေရှာတာ..။

မင်းသမီး အတုကတော့ ရှေ့ကပတ် နောက်ကပတ် ကာ ကွေးနေအောင် ကနေပြီ။ဒီတစ်ခါ ဦးသစ်နား ကပ်လာတော့ တိုးတိုးလေး ပြောသွားသည်..။

`မင်းသမီး က နှဲဆရာနဲ့လိုက်သွားပြီသူကြီး ရေ့ မင်မပျက်စေနဲ့ ..ဂိုးအွန် ´တဲ့..
ဖိုးသင်္ကြန်..၊ရေတမာနဲ့ တောင်ပေါ်သားတို့ကလည်း အကင်းပါးစွာ ဟန်မပျက်
`မြရေလျဉ် ရေလျဉ် ရေလျဉ် ..အရိုင်းသဘင်သည်လေးမို့ တို့များအားပေးချင် ..´
ဆက်လုပ်နေရသည်..။
တကယ်အားပေးချင်သည့် မြရေလျဉ်ကတော့ ..ခုနေဖြင့် ချောင်းရိုးကနေ စုန်ဆင်းပြီး ဘယ်ရွာရောက်နေပြီ မသိ...။
ဆောင်းချမ်းမိုး ကြည့်ရတာကလည်း ညလုံးပေါက် ကနိုင်ပုံမပေါ်..။သီချင်း ၄ ပုဒ်ဆုံးလျှင် ပစ်လဲတော့မည်..
ဘယ်လိုလုပ်ရပါ့..။

ကဲ မင်းသမီးလေးရဲ့ အက အလှလေးတွေ ပြီးတဲ့ အခါ ပီယ၀ါစာ ချစ်ဖွယ်သောစကား များကို ကြားချင်တယ် ဦးသစ်ရေ..
မှန်ပါ ဖိုးသင်္ကြန်ရေ...

မင်းသမီးလေးက ရှေ့သို့ တဖြေးဖြေး လှမ်းလာကာ လက်အုပ်ချီမိုး ကန်တော့ချိုးလေး စလေတော့သည်..။
လားလား အနီးကပ်ကြည့်မှ ငဆောင်းပိန်က လည်းအလာသား..။
မိတ်ကပ်ရဲရဲကြားမှာ မှ မျက်တောင်တုတွေ ဘာတွေနဲ့ မသိရင် ထိုင်းအခြောက် ပထမဆုရတဲ့သူတောင် ငိုလောက်တယ်နော်..။
မင်းသမီး အတုက မင်းသမီး အစစ်ထက်ချောနေသေးဗျား..။

စင်အောက်က လူပျိုသိုးကြီး ကိုဘိုတို့ဆိုတာ ဘုမသိဘမသိ လက်ဖျောက်တွေ မှုတ်နေတာ တရွှီးရွှီး..။

` အစ် ကိုတို့ရေ....ဒီဖက်က အထူးချစ်တဲ့ ဦးသစ်လားလို့´
`မှန်တာပေါ့ မြရယ်...လှ လှချည်လားလို့´

`ကိုရေတမာ...´
`ဗျာ ဗျ မြလေး ရေ..(ဝေါ့)´
`ဟင် ဘာဖြစ်တာလဲလို့ သူများကိုကြည့် ပြီး အန်တယ်လာ့ လူဆိုး´
အရေးထဲ မင်းသမီး က လာညုနေရာ ရေတမာ အတော် ကလိကလိ ဖြစ်လေသည်..။တွေ့မယ် ဆောင်းပိန် စင်အောက် ဆင်းမှ ဆုကြေးတွေ ကို အရက် ၀ယ်တိုက်ခိုင်းရမယ်။

`ကိုဖန်သကြိုး´
` ဖိုးသင်္ကြန်ပါဗျ မမမြ´
`ကျီစားတာပါကွယ်....မင်းကလည်း´
`အောင်မငီး ဒွက်ခွ.....ဒီညတော့ လူရွှင်တော်တွေ ကုပ်နေရမယ့် ည ထင်ပါ့´
`ဟဲ ဟဲ ဖိုးသင်္ကြန်ကတော့ ပြောရော့မယ်..ကဲ နောက်ဆုံးက ဘယ်သူလေးလဲ ဟဲ့....သေးလွန်းလို့ထောင့်ကပ်နေတာ ..ပေါ်ပေါ်လေးလားဟဲ့´

`မမ မမ မမမြ
အက ပထမ
ကပါကပါ မမရာ
ညညလသာသာ
ညအခါ ငါစာရ..
အကြော်သည် ကုလားမ ပေးတာဗျ..´


တောင်ပေါ်သားက မထင်ပဲ ထပျက်လေရာ ..ဦးသစ် တို့က အတိုင်အဖောက်ညီညီ ၀ိုင်းရိုက်ကြဟန်ပြုကြလေသည်..။
`ကဲ ကဲ
မင်းဂျီးတော် အကြော်သည် ကုလားမ က မင်း ကို စာပေးမလားဟ´
`ဟာ ဦးသစ် ကလည်းကျုပ်က စာပေးတယ်ပဲပြောတာ ..ဘာစာလဲ ပြောသလားဗျ..အဲဒါနောက်နေ့ သူ့ သမီးကျောင်းမတက်နိုင်လို့ ပေးခိုင်းတဲ့ ခွင့်တိုင်စာဗျ..တကတည်းး´
ဝိုင်းအုံက ရိုက်ကြလေသည်..။

`အစ်ကို တို့ရေ..ရှေးဦးစွာ ဂါရ၀ ပြုချင်တာကတော့ သမီးရဲ့ သင်ဆရာ လည်းဖြစ် ကျားစရာ ..အဲ ကြားစရာလည်းဖြစ်တဲ့ အကပညာကျော် ဦးဖိုးစိန်ပါ..။
`ဩော် မင်းသမီးရဲ့ ဆရာက ဖိုးစိန်ပဲကွ...ဆရာကောင်းတပည့် ကိုးကွ´
`နောက်သမီးဆိုမယ့် သီချင်းလေး ကိုရေးစပ်ပေးသူက ရွာစားလေး ကို ၀ိုင်တီယူပါ..´
`မိတ်ကပ် အလှ ဖန်တီးပေးပြီး လိုအပ်တဲ့ ကိရိယာတန်ဆာပလာဆင်သူကတော့ နွေးနေခြည်ပါ..´
`အ၀တ်အစားဒီဇိုင်း တီထွင်ပေးသူ ထင်းထင်းတေလာ ´နဲ့သမီး ရဲ့ အက အလှ ကို အားပေးကြတဲ့ဘလော့ဂါရွာသူရွာသား အပေါင်းကိုလည်းကျေးဇူးတော်အနန္တတင်ရှိပါကြောင်း ပြောကြားရင်း သမီး ဖျော်ဖြေချင်တဲ့ သီချင်းလေး က ...ဒီလိုပါတဲ့ရှင်´

`ကြားချင်ရင် ..ကုလား..ကုလားးး.....´
`ဟဲ့ကောင်မလေး ညည်းနော် ပေါက်ကရ´
`ဩော် ဦးသစ်ရယ် မီးက ဘာပြောလို့တုန်း

ကြားချင်ရင် ကုလားအရင် နားဆင် လို့ ပြောမလို့ပါ ..ဟွန့်´


.....................................................အပိုင်း (၄)မျှော်......................................................



ပွဲစမယ့်ည..

အရင်ဆုံး ပရိသတ်တွေရဲ့ မြင်ကွင်း..နဲ့ ပတ်ဝန်းကျင်အခြေအနေလေးတစ်ချက်ပြောပြမယ်..။
ထုံးစံအတိုင်းပေါ့လေ..ရွာသူရွာသားတွေ ကွမ်းတွေဝါးလို့ ပွဲကြည့်ဖျာတွေ လုကြ..မိန်းကလေးတွေကလည်း ပွဲခင်းမစခင် အတင်းတုတ်ကြပေါ့လေ..

အဓိက ကတော့ ရွာမှာ လတ်တလောမင်္ဂလာဆောင်မယ့် တောဂေါ်လီစိုင်းသာအေး အကြောင်းပဲ။ရွာတောင်ပိုင်းက မိကြယ် ကပဲဖွတာ။အမယ် ဒီသတင်းက ဂေါ်မစွံကိုဘိုတို့တော့စိတ်အလွန်ဝင်စားတဲ့ သတင်းဗျ။နောက်တစ်ခုက ထင်းထင်းတေလာ ကောင်းကြောင်း၊ ..ချုပ်ပြီးရင် လက်မလွှတ်နိုင်ကြောင်း၊
ပြောနေတုန်း မက်မက် ရောက်လာတယ် ။စကပ်လေး ကို ခါးက ကိုင်လို့..။လက်မလွှတ်နိုင်ဘူးဆိုတာ အဲလိုလေ၊ပွဲကလည်း စကာနီး
ထင်းထင်း ကလည်း လာချင်၊အပ်ထားတဲ့ မက်မက် တို့ လည်းဝိုင်းတောင်းတော့ စကပ် ကို ခါးမှာသားရေကြိုးထည့်ပေးဖို့ မေ့သွားသတဲ့..။ဒါကြောင့် မမရောင် က ခုနပြောနေတာ။ လက်မလွှတ်နိုင်ဘူး ဆိုတာ ...။
ဒီလို ဒီလို အစရှိသဖြင့် ရှော့သေးသေးလေး တွေကတစ်မျိုး..၊
ဒီကြားထဲ မေလေး ကိုယ်က ပိစိကွေး မိကြယ် ဖျာပေါ်ရောက်တာနဲ့ ပွစိပွစိငြင်းကြခုံကြ..၊
လူရွှင်တော်ကြီး ဦးသစ်ကလည်း တစ်မျိုးရယ်...မင်းသမီးတွေ အ၀တ်လဲနေတဲ့ ထရံနားကပ်ပြီး ပါးစပ်ကလည်းအော်သေးတယ်
`အားပါး´
နောက်လိုက် လူရွှင်တော်ငယ်လေးတွေ ဖြစ်တဲ့ ဖိုးသင်္ကြန် တို့ ကလည်း စိတ်ဝင်တစားနဲ့ မေးတယ်
`ဦးသစ် ဘာမြင်လို့လဲ´
`နင့် အဘ ထရံစ စူးတာဟ´

အဲလိုနော်.။


....ဒီလိုနဲ့ ပွဲက စရော...................


ဒလန့် ဒလန့် ဂျိမ်း..
ပလို့ဂျိ..

တီးတီးတီ ..တီးတီတီတော်........
ဦးသစ် ------`ဗုဒ္ဓံ ဓမ္မံ သံဃံ သုံးဖြာရတနာ၊ စိတ်ဝယ်ပိုက်ပါလို့၊ အမယ်မင်း စေရာတွေးရပါတော့မယ်၊
ရွှေဘဝင် လေယာဉ်ဆောင့်သလိုနှယ်၊ ပီပီပြင် ဝီထီ စိတ်ယိုင်တဲ့
ပန်းတို့သခင်၊ ပန်းဘုရင်တို့အကြောင်း.ဟောင်းဟာင်း ပန်းတို့သခင် အကြောင်းဟောင်...´

ရေတမာ-------`ခွန်းထောက်လွှာ ပဏာမနဲ့ စာသလို့ချွေလိုက်တာ ကိုကြီးသစ်လားဗျာ´
ဦးသစ်-------`မှန်ပါ ရေတမာရဲ့..´


ဦးသစ်-------`ကဲ ဒီလို နိဒါန်းပဏာမ စကားဟပြီးလို့မို့ အေးအေးမနေ၊ သဟာဆွေ ဟဒယမြူးရအောင်
ဤကဗျာ ဟိုဒီ မရောက်ကိုဖြင့်သညာဉာဏ်တံခါးလှစ်လို့ရယ်၊
(Typing မြန်မြန်နဲ့) အသာကြည် ရမ်းကာစပ်လိုက်မယ်၊
လာရော့လဟယ်..´

ဖိုးသင်္ကြန်-------`ကောင်းလိုက်တဲ့ စာသားဗျာ´.
ဦးသစ်-------ဖိုးသင်္ကြန်ရေ..
ဖိုးသင်္ကြန်----ဗျာဗျ ဦးသစ်..
ဦးသစ် ---------ပျော်တယ် မဟုတ်လားဗျာ..
ဖိုးသင်္ကြန် ----ပျော်တာပေါ့ ဦးသစ်ရယ်

`ဩော် တစ်နှစ်တစ်ခါ ရောက်လာနေကျ တော်သလင်းးးလ...လ..လ.´

ဦးသစ် စကားမဆုံး သတင်းစာလိပ်ဖြင့် ရေတမာက ချလိုက်ရင်း


` ဗြန်း ဗြန်း ဗြန်း ဟင် သူ့ အဘ တော်သလင်း ...သီတင်းကျွတ်လုပ်ပါဗျ..ခင်ဗျားက´
`မှားသွားလို့ပါကွာ..မင်းတို့ ကလည်း..´
`ဩော် တစ်နှစ်တစ်ခါရောက်လာနေကျ ခုလို သီတင်းကျွတ်ကာလ လေးမှာ ..ရွာသားတွေ စုစုစည်းစည်း နဲ့ ခုလို ကကြရတာ မပျော်ဘူးလားဗျာ´

ဒီအချိန်မှာ ပွဲဝင်ကြေး ဒေါ်လာ ၅၀ ပေးရလို့ မကျေနပ်နေတဲ့ တောင်ပေါ်သား က ယောင်ပြီး
`မပျော်ဘူးဗျာ´ ဟုအော်မိလေသည်..။

အမှန်က `ပျော်တော့ပါဗျာ ဘာညာ´
ရုတ်တရက် သူကြီး ဦးသစ်ကြောင်သွားတယ်။
ဘာပြောရမလဲ မသိတော့ဘူး။
သူကပါယောင်ပြီး

`ဟုတ်တာပေါ့ဗျာ ..ဘယ်ပျော်စရာကောင်းမတုန်းဗျနော်..´
သူကလည်း မနက်က မိန်းမ က သူအနုပညာပိုးထပြီး ဒီဇါတ်ကိုထွင်တာ ငွေခုနစ်သောင်းဆိုက်ရတာနဲ့ မကျေမနပ် လိမ်ဆွဲခံထားရတာကို သတိရသွားတာကိုး။

အင်း ဒီလိုသာ ထင်ရာပြောနေကြရင် ပွဲက ပျက်မယ်..မင်းသမီး အမြန်ခေါ်မှပါဆိုပြီး...ရေတမာက စကားလမ်းကြောင်းပြောင်းသည်..။
`ဦးသစ်ရေ..မင်းသမီးခေါ်ဗျာ..ခင်ဗျား အစွမ်း ကြည့်မယ်..´

`ဟဲ ဟဲ ရေတမာ ရ ကျုပ်က သူများလူရွှင်တော်တွေ
မင်းသမီးခေါ်တာ ကြည့် ပြီးရိုးသဗျာ..ဆန်းဆန်းလေးခေါ်ချင်တာဗျ´
`အလဲ့ ဘယ်လိုတုန်းဗျ´
` မင်းသမီး ဒီမှာ
ဧည့်သည်ရောက်နေတယ် ..ထွက်ခဲ့..´
` အင် အင် အင် ..သေစမ်းသေစမ်း ခင်ဗျား အဲဒါ မင်းသမီး ကို အသစ်အဆန်းခေါ်တာလားဗျ´
`တိဘူးလေကွာ ဘယ်သူနဲ့ မှ မတူအောင် ခေါ်တာကို´

ဦးသစ်က လက်ညှိုးလေးအား ပါးစပ်ထဲ ထည့်
၍မျက်လုံးလေးအား ပတ်ချာလည်ဝိုင်းလိုက်လေသည်..။

ပရိသတ်ကလည်းတွေးသည်..။ သူကြီး က ဘယ်ဆိုးလို့ လဲပေါ့..။



.......အပိုင်း (၃)မျှော်..အိပ်ချင်လာလို့ ..ဆောဒီး.....



ဘလော့ဂါတို့ရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ အတွက် အငြိမ့် ငှားပါတယ်တဲ့။ဦးဆောင်တဲ့ ကာလသားတွေက တော့ ကာလသားခေါင်း ကိုမိုးကုတ်ခေါ် သမားတော်ဦးဘိုကြီးကိုတောင်ပေါ်သား၊ကာလသားပေါက်စနောက်လိုက်တွေကတော့

ဖိုးသင်္ကြန်၊တလနွန်နဲ့ ရေတမာတို့ အဖွဲ့တွေပေါ့လေ။အားလုံးကလည်း သိတော်မူတဲ့ အတိုင်း လယ်ရှင်ယာရှင် သူဌေးသားတွေကလား။ငွေစလေးရွှင်တော့လည်း မြို့က နာမည်ကျော် မင်းသမီးချော `မြရေလျဉ်´ပါတဲ့ အငြိမ့် ကို မှ သွင်းချင်ပါတယ် လို့ သူကြီး ဦးသီဟသစ် ကို ဂျီကျတယ်။ဦးသစ်ကလည်း သူက သိပ်စိတ်မပါပေမယ့် သူကြီးကတော် မနှင်းဆီဖြူက ရွာမှာ ပွဲပြတ်နေတာ ကြာပြီ၊ကလေးတွေ အကြိုက် စီစဉ်ပေးလိုက်ဘာညာလေသံပစ် လိုက်တာနဲ့ ပြာပြာသလဲ ကို စီစဉ်တော့တာကိုး။(ဩော် ..သူကြီး ..သူကြီး)

တကယ်တမ်း ပွဲလည်း စကာနီးရော ..၀ါသနာမပါဘူးဆိုတဲ့ ဦးသစ်ကပဲ လူရွှင်တော် ၀င်လုပ်ချင်လာရော..။

ဒီတော့ ဥာဏ်နီဥာဏ်နက် ထုတ်တယ်။ရွာသားတွေ ၀ါသနာပါရင် စင်ပေါ်တက်ပြီးဖျော်ဖြေခွင့်ရမယ်။တစ်ယောက် ဖောင်ဖိုး ဒေါ်လာ ၅၀ ပေးရမယ်တဲ့။နဂိုကတည်းက အနုပညာပိုးက ရွနေတဲ့ ဖိုးသင်္ကြန်က အရင်စ ပြီး စာရင်းသွင်းတယ်လေ..။ W ကို မွေးနေ့လက်ဆောင်ဝယ်ပေးဖို့စုထားတဲ့ဒေါ်လာ ၁၀၀ ထဲကနေ စွန့်စွန့်စားစား ၅၀ ပေးပစ်လိုက်တာ .နည်းတဲ့ ၀ါသနာတော့ မဟုတ်ဘူးနော်..။တလနွန် ကလည်း မိညို တားတဲ့ကြားက စာရင်းလာသွင်းတယ်။သူကတကယ်တော့ သီချင်း ပဲ ဆိုချင်တာ။သူကြီးက `သိပ်တော့မသေချာဘူး..ကြုံရာ ကျရာ ကသရုပ်ဆောင်တာမျိုးလည်း ဖြစ်နိုင်တယ် ။အခမ်းအနားမှူးကနေ ..ပြဇာတ်မင်းသားအထိ နေရာရှိတယ်..ကံပဲ ´ ဆိုမှပဲ ဘာပဲဖြစ်ဖြစ် ဆိုပြီး မျက်စိမှိတ်စာရင်းပေးပြီး ပြန်သွားတယ်။ဒီလိုနဲ့ ပွဲက ရွာသားတွေပွဲ လို့ပဲ နောက်ဆုံးပြောရမှာပေါ့လေ..။

ဒီသတင်းကြားကတည်းက ရွာထဲက ကွမ်းတောင်ကိုင်.ပန်းတောင်ကိုင်.မက်မက်တို့ ၊ရောင်ပြန်တို့ ၊မေဇင် တို့တွေက ပွဲ ကို စိတ်ဝင်စားနေပြီ။ကိုယ့်ရွာသားတွေ ကို အားပေးမယ်ပေါ့..။ဝတ်ရမယ့် အ၀တ်တွေတောင် ရွာထဲက ထင်းထင်း တေလာ မှာ အပ်ပြီး ကြပြီ။ မြန်ကြပုံ။

ခက်နေတာ က အဆိပ်ခွက်နဲ့ ဆောင်းချမ်းမိုး ပဲ။သူတို့ က ပြဇါတ်မင်းသားလုပ်ချင်တာ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ က အဲဒီက ဇာတ်အဖွဲ့မှာပါလာတဲ့ .ပြဇာတ်မင်းသမီး ကြယ်ဖြူစင် ကို ကြိတ်ခိုက်နေကြတာကိုး။မင်းသမီး ကလည်း ရွာ ကို ပွဲကိစ္စနဲ့ လာရင်းတည်းရင်း က သူတို့ ကို ထင်းခွေရေခပ် မှာ အကူအညီတောင်းရပုံရပါတယ်။ လိုက်လျောညီထွေတော့ ပေါင်းရတာပေါ့..။

ဒီလိုသာ နေရာတိုင်းရွာသားတွေချည်း သရုပ်ဆောင်ကြ…၀င်နွှဲနေကြရင် တစ်ည ကို ၂၀ နဲ့ငှားလာတဲ့ ဇာတ်မင်းသား ရှင်ရဲထွဋ် တို့ ကို ပေးထားရတာက အလကားဖြစ်တော့မှာ..။နောက်ဆုံးတော့ သူကြီးဦးသစ်က ရှင်ရဲထွဋ်တို့ နဲ့ ညှိရတာပေါ့..။သူတို့ကလည်းအိုကေတယ်။ Tiger ဆယ်ကဒ် ၀ယ်ပေးထားရင် ရွာသားတွေ ကို လည်းမနှောင့်ယှက်ဘူး…၀င်လည်း မပါဘူး ..။ဒါ့ အပြင် သရုပ်ဆောင်တာပါ အပိုအနေနဲ့ သင်ပေးလိုက်မယ်တဲ့။။အိုကေချက်နော်။

အဲသလိုနဲ့ပေါ့လေ…ပွဲကမယ့်နေ့ ကိုရောက်လာတော့…..။

(အပိုင်း ၂ မျှော်)