ရေတမာ...ကဲ ဦးသစ် ကျုပ်ပဲခေါ်တော့မယ် ဗျာ...

ဦးသစ်.....ခေါ်စေဗျား...

ဘလော့တခွင် ပြိုင်ဆိုင်ကာ လင်းပါလို့၊ (ရေတမာလားဗျ)
အိုဘလော့တခွင် ပြိုင်ဆိုင်ကာလင်းပါလို့၊ ကြယ်စုံစီ ဗုစုခရုတွေနဲ့
(ဘယ်လိုကြီးလဲဟ)၊
ပြိုင်ကာလေ လိုက်မပေါပါဘု၊ တောင်ရှည်ဖြူ မြှောင်အောင်ကျိုက်လို့ရယ်၊ မာန်ဟုန်တင် ဖြဲကာဟောက်လိုက်မယ်၊ ကဲ မင်းသမီး ခုဆင်း
(ဝိုင်းရိုက်ကြသည့် အသံတွေက ဆူညံစွာ)
ကဲကဲ အတည်ခေါ်ပါတော့မယ်ကွယ်။ ဦိးသစ်ရေ။ နီနီမြင်....နီနီမြင်ရာ နှင်းဆီမမှတ်လေနဲ့၊ ဖြူဖြူစင် ကျုပ်နှမလိုပ၊ မူပိုကာ ကြွရွလှလေတဲ့ ရေရေလျဉ်ချောနှမ သူဇာကညာ...........မေ.....။


ထိုအချိန်တွင် ဇါတ်စင်နောက်မှ အိမ်ကလေး မီးလောင် အက နှင့် ထောက်ဆတ်ဆတ် ထွက်လာသူ က အများမျှော်လင့်နေသော မင်းသမီးပါတကား။...။

ဆိုတဲ့ သီချင်းလည်းကြည့်ဦး...
`စပါယ်ရာ တစ်ဝက် ဒရိုင်ဘာတစ်ဝက် အုံနာ ဗိုက်မှောက်သေပါစေတော်.. လူမင်းဒေ၀ါ နတ်မင်းရာဇာ နန္ဒာလှိုင်နဲ့ ရစေသော်´


ဘယ်နှယ့် မင်းသမီးက လာကတည်းက ထောင့်မကျိုးဘူး..ဒီပုံသာဆို အငြိမ့် သမားစဉ် ပျက်ချေရဲ့။မင်းသမီးက လူရွှင်တော် လုပ်ပြီး လူရွှင်တော်လေးယောက် က ပြိုင်က ရမယ့် ပုံ..။ဦးသစ် သေချာ အနီးကပ် ကြည့်ရချေပြီ..။


လားလား ..မင်းသမီး အတုကြီး...။
`ဆောင်းချမ်းမိုး´ပဲ..။ သူက မင်းသမီး အ၀တ်တွေနဲ့ အတုတွေ ပါတပ်ဆင်ပြီး လာက နေပါလား..။ပရိသတ်ကတော့ မြရေလျဉ်ဆိုတာလည်း မမြင်ဖူး..ရွာက မီးစက်အားကလည်း သိတဲ့ အတိုင်း ဇာတ်စင်နားတောင် ခပ်ဝါးဝါးကိုး။...မင်းသမီးအစစ်လို့ချည်းထင်နေရှာတာ..။

မင်းသမီး အတုကတော့ ရှေ့ကပတ် နောက်ကပတ် ကာ ကွေးနေအောင် ကနေပြီ။ဒီတစ်ခါ ဦးသစ်နား ကပ်လာတော့ တိုးတိုးလေး ပြောသွားသည်..။

`မင်းသမီး က နှဲဆရာနဲ့လိုက်သွားပြီသူကြီး ရေ့ မင်မပျက်စေနဲ့ ..ဂိုးအွန် ´တဲ့..
ဖိုးသင်္ကြန်..၊ရေတမာနဲ့ တောင်ပေါ်သားတို့ကလည်း အကင်းပါးစွာ ဟန်မပျက်
`မြရေလျဉ် ရေလျဉ် ရေလျဉ် ..အရိုင်းသဘင်သည်လေးမို့ တို့များအားပေးချင် ..´
ဆက်လုပ်နေရသည်..။
တကယ်အားပေးချင်သည့် မြရေလျဉ်ကတော့ ..ခုနေဖြင့် ချောင်းရိုးကနေ စုန်ဆင်းပြီး ဘယ်ရွာရောက်နေပြီ မသိ...။
ဆောင်းချမ်းမိုး ကြည့်ရတာကလည်း ညလုံးပေါက် ကနိုင်ပုံမပေါ်..။သီချင်း ၄ ပုဒ်ဆုံးလျှင် ပစ်လဲတော့မည်..
ဘယ်လိုလုပ်ရပါ့..။

ကဲ မင်းသမီးလေးရဲ့ အက အလှလေးတွေ ပြီးတဲ့ အခါ ပီယ၀ါစာ ချစ်ဖွယ်သောစကား များကို ကြားချင်တယ် ဦးသစ်ရေ..
မှန်ပါ ဖိုးသင်္ကြန်ရေ...

မင်းသမီးလေးက ရှေ့သို့ တဖြေးဖြေး လှမ်းလာကာ လက်အုပ်ချီမိုး ကန်တော့ချိုးလေး စလေတော့သည်..။
လားလား အနီးကပ်ကြည့်မှ ငဆောင်းပိန်က လည်းအလာသား..။
မိတ်ကပ်ရဲရဲကြားမှာ မှ မျက်တောင်တုတွေ ဘာတွေနဲ့ မသိရင် ထိုင်းအခြောက် ပထမဆုရတဲ့သူတောင် ငိုလောက်တယ်နော်..။
မင်းသမီး အတုက မင်းသမီး အစစ်ထက်ချောနေသေးဗျား..။

စင်အောက်က လူပျိုသိုးကြီး ကိုဘိုတို့ဆိုတာ ဘုမသိဘမသိ လက်ဖျောက်တွေ မှုတ်နေတာ တရွှီးရွှီး..။

` အစ် ကိုတို့ရေ....ဒီဖက်က အထူးချစ်တဲ့ ဦးသစ်လားလို့´
`မှန်တာပေါ့ မြရယ်...လှ လှချည်လားလို့´

`ကိုရေတမာ...´
`ဗျာ ဗျ မြလေး ရေ..(ဝေါ့)´
`ဟင် ဘာဖြစ်တာလဲလို့ သူများကိုကြည့် ပြီး အန်တယ်လာ့ လူဆိုး´
အရေးထဲ မင်းသမီး က လာညုနေရာ ရေတမာ အတော် ကလိကလိ ဖြစ်လေသည်..။တွေ့မယ် ဆောင်းပိန် စင်အောက် ဆင်းမှ ဆုကြေးတွေ ကို အရက် ၀ယ်တိုက်ခိုင်းရမယ်။

`ကိုဖန်သကြိုး´
` ဖိုးသင်္ကြန်ပါဗျ မမမြ´
`ကျီစားတာပါကွယ်....မင်းကလည်း´
`အောင်မငီး ဒွက်ခွ.....ဒီညတော့ လူရွှင်တော်တွေ ကုပ်နေရမယ့် ည ထင်ပါ့´
`ဟဲ ဟဲ ဖိုးသင်္ကြန်ကတော့ ပြောရော့မယ်..ကဲ နောက်ဆုံးက ဘယ်သူလေးလဲ ဟဲ့....သေးလွန်းလို့ထောင့်ကပ်နေတာ ..ပေါ်ပေါ်လေးလားဟဲ့´

`မမ မမ မမမြ
အက ပထမ
ကပါကပါ မမရာ
ညညလသာသာ
ညအခါ ငါစာရ..
အကြော်သည် ကုလားမ ပေးတာဗျ..´


တောင်ပေါ်သားက မထင်ပဲ ထပျက်လေရာ ..ဦးသစ် တို့က အတိုင်အဖောက်ညီညီ ၀ိုင်းရိုက်ကြဟန်ပြုကြလေသည်..။
`ကဲ ကဲ
မင်းဂျီးတော် အကြော်သည် ကုလားမ က မင်း ကို စာပေးမလားဟ´
`ဟာ ဦးသစ် ကလည်းကျုပ်က စာပေးတယ်ပဲပြောတာ ..ဘာစာလဲ ပြောသလားဗျ..အဲဒါနောက်နေ့ သူ့ သမီးကျောင်းမတက်နိုင်လို့ ပေးခိုင်းတဲ့ ခွင့်တိုင်စာဗျ..တကတည်းး´
ဝိုင်းအုံက ရိုက်ကြလေသည်..။

`အစ်ကို တို့ရေ..ရှေးဦးစွာ ဂါရ၀ ပြုချင်တာကတော့ သမီးရဲ့ သင်ဆရာ လည်းဖြစ် ကျားစရာ ..အဲ ကြားစရာလည်းဖြစ်တဲ့ အကပညာကျော် ဦးဖိုးစိန်ပါ..။
`ဩော် မင်းသမီးရဲ့ ဆရာက ဖိုးစိန်ပဲကွ...ဆရာကောင်းတပည့် ကိုးကွ´
`နောက်သမီးဆိုမယ့် သီချင်းလေး ကိုရေးစပ်ပေးသူက ရွာစားလေး ကို ၀ိုင်တီယူပါ..´
`မိတ်ကပ် အလှ ဖန်တီးပေးပြီး လိုအပ်တဲ့ ကိရိယာတန်ဆာပလာဆင်သူကတော့ နွေးနေခြည်ပါ..´
`အ၀တ်အစားဒီဇိုင်း တီထွင်ပေးသူ ထင်းထင်းတေလာ ´နဲ့သမီး ရဲ့ အက အလှ ကို အားပေးကြတဲ့ဘလော့ဂါရွာသူရွာသား အပေါင်းကိုလည်းကျေးဇူးတော်အနန္တတင်ရှိပါကြောင်း ပြောကြားရင်း သမီး ဖျော်ဖြေချင်တဲ့ သီချင်းလေး က ...ဒီလိုပါတဲ့ရှင်´

`ကြားချင်ရင် ..ကုလား..ကုလားးး.....´
`ဟဲ့ကောင်မလေး ညည်းနော် ပေါက်ကရ´
`ဩော် ဦးသစ်ရယ် မီးက ဘာပြောလို့တုန်း

ကြားချင်ရင် ကုလားအရင် နားဆင် လို့ ပြောမလို့ပါ ..ဟွန့်´


.....................................................အပိုင်း (၄)မျှော်......................................................



27 ယောက်ကဒီလိုဒီလိုပြောကြတယ်:

နွေးနေခြည် said...

ဟဟားးး ရေးတတ်လိုက်တာ.. အမရယ်...
၁ ၂ တော့ဖတ်ပြီးသား... ၄လည်း မျှော်နေမယ်..

:) :P :D

Unknown said...

ဟဲ့ မြန်မြန်လေးဆက်ရေးနော်............

Libratun said...

hahaha... good at vocab. :)

Mogok Thar said...

အဘက မျက်စိမှုန်နေပြီကွဲ့
သမီးက နှဲဆရာ ကိုအာပြဲ နောက်လိုက်သွားတော့ အဘ ရင်ကျိုးရပြီပေါ့။
ကာလသမီးတွေများ တယ်ခက်တာကလား။

ဆက်ရေးဗျို့။ အယးပေးနေတယ်။ တစ်ပါတ်တစ်ခါတောင် ဒီမင်းသမီးက ဇာတ် မကနိုင်ရှာဘူး။
မျှော်သူမောအောင် နှိပ်စက်ပါ့

မေဇင် said...

ကွယ်....ဆောင်းပိန်လေး...ကနေရင်းနဲ့ အမောဆို့ သေသွားရင် ရင်ကျိုးရချည်ရဲ့... မညှာမတာ အငြိမ့် ကခိုင်းရတယ်လို့ အေ...။း))

Mogok Thar said...

ခိုင်လုံသော သတင်းရပ်ကွက်မှ အတင်းစကား ကြားရသည်မှာ နှဲဆရာသည် “ မင်းကို ချစ်တဲ့သူ ” ဖြစ်ပြီး၊
အဖြစ်မှန်မှာ မင်းသမီးက နှဲဆရာ “ဂျေး” ကို အလိုမတူပဲ အတင်းမကာ ပြေးခြင်း ဖြစ်ပါကြောင်းးးးးးးး
ကံဆိုးသူ “နှဲဆရာ” အတွက် စိတ်မကောင်းခြင်းကြီးစွာဖြင့် လာရောက် ဖွလိုက်ရပါတယ်ခင်ဗျား

ပုံ...
ကာလသားခေါင်း

မြရေလျဉ် said...

ရက်စက်တယ်... ကိုမိုးကုတ်သား ရက်စက်တယ်

ကောင်းကင်ပြာ said...

ဆောင်းဆောင်းကို မင်သမီး လုပ်ခိုင်းတာတော့ ဟုတ်ပါတယ်၊ လဲသွားလို့ အမ သွားကြားထိုးစရာ မရှိရင် ဘယ်လိုလုပ်ရပ မလဲ ဟဲ...ဟဲ....ဟဲ....

ကြယ်ဖြူစင် said...

မင်သမီးရယ်.နှဲဆရာနဲ့မှလိုက်သွားရသလား..
ခိုင်လုံသောသတင်းရပ်ကွက်ကကြားရတဲ့သတင်း
အရ..နှဲဆရာကဘယ်သူ..အော်မေ့နေပြန်ပြီ..
မင်းသမီးအတုကလည်းကရင်းနဲ့အမောဆို့
မေ့လဲနေပြန်ပြီ..
အပိုင်း (4)မျှော်နေပါသည်........

တလနွန် said...

ဇာတ်ကဖို့ ယူထားတဲ့ ပိုက်ဆံနဲ့  အခုတော့ ခရီးစရိတ်လုပ်လို့  နှဲဆရာနှင့် ဂိုးကြပြီးပေါ့။ ကျုပ်တို့ ရွာက လူပျိုကြီးတွေ မသိသေးလို့ တော်သေးတယ်။ နို့ မဟုတ်ရင် ပွဲပျက်မယ်ထင်ပါရဲ့ ။

ဟဟ ဖတ်လို့ ကောင်းတယ်....

တောင်ပေါ်သား said...

း) လုပ်နေ လုပ်နေ လုပ်နေ မင်းသမီး မပါသေးဘူးလားဝေးးးးးးးးးး လုပ်ပါဟ ကဲ ပွဲတော်လေးစည်ကားဖို့ မင်းသမီးရေ တက်လှည့်ပါဟ ပွဲစင်ထက်ကို

သူတို့လုပ်တာ လူရွှင်တော် နာမည်တွင်နေပြီနော် သတိထားးးးးးးးးးးးးးးး ဟွန်းးးးးးးး


လေးစားလျက်
တောင်ပေါ်သား

ရေတမာ said...

ဘယ်တုန်းကတည်းက လိုက်ချင်နေလဲမသိဘူး။ ငါတို့ရွာရောက်မှ လိုက်ရလား။ လိုက်ရင်ရင် ငဒို့ရွာက လူနဲ့လိုက်တာမဟုတ်ဘူး။


ဖတ်လို့ကောင်းတယ် အပိုင်းလေး မြန်မြန်ဆက်

moekhar said...

ဟားဟား
မြင်ယောင်ပြီး ရီနေရတယ်ကွယ်
မျှော်နေမယ်နော် :P

Anonymous said...

အောင်မလေး ......... တော်လှချည်လား။ ရီရလို့ ရုံးမှာ လူမိသွားပြီ။ ပြေးပြီ
တာ့တာ

အဆိပ်ခွက် said...

အော် လိုင်းတွေပြောင်းကုန်ပြီ ထင်တယ်... စလုံးလာပြီ လူရွှင်တော် လာလုပ်ရသလားကွယ့်...
အော်.. အစ်ကိုရယ်... ဝါ. သနာလေးပါလို့ပါလို့ ပြောလိုက်လေ မလာ.. မထင်ပါနဲ့.. အို..ကယ်ကလေးမ... ထမိန်စ တက်နင်းလို့ မှောက်ထိုးလဲ အက ...အပိုင်း ၄မှာ ကပြပါလာဟင်
:P

Phyo Maw said...

ဟုတ်ကဲ့ အပိုင်း ၁ ၂ ၃ မဖတ် ဖြစ်သေးလို့
အပိုင်း ၄ ပဲ မျှော်နေပါတယ်

မေလေး said...

အော် ဖစ်ရတယ် အမေရေယာဉ်ရယ် လိုက်ပြေးစရာ ဒီလောက်ရှားရသလားးးးး
ဟူးးးးးးး
ခောတ်ကာလသားသမီးတွေ တကယ်မလွယ်ဘူးးးးး
ကဲကဲ မြန်မြန်ဆက်
စောင့်နေမယ် အပိုင်းးးးး ၎

သီဟသစ် said...

မင်းသမီး မင်းသမီး
နှဲဆရာခေါ်ပြီး အမြန်ပြန်လာပါ
ဖြစ်ပြီးကိစ္စခွင့်လွှတ်သည်

ဘုံးသွားတဲ့ ပိုက်ဆံကိစ္စ ကာလသားခေါင်း boss ကိုဘို ရှင်းလိမ့်မည်

ပုံ
ဦးသစ်

မြရေလျဉ် said...

ထွက် က လိုက်တာမှ သက်သာဦးမယ်
ခုတော့ဟာ အော်လိုက်ကြတာတွေ ဆိုတာ

ဆောင်းချမ်းမိုး said...

နေတိုးတို့ မင်းမော်ကွန်းတို့ မင်းသမီးလုပ် ကတာနဲ့ ငါကိုလဲ မင်းသမီးလုပ်ခိုင်းတယ်..။

မြရယ်.. အရင်တခါက လှည်းသမားနောက်
အခုတခါလဲ နှဲသမားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားပြန်ပီပေါ့..။

ကိုရင်နော်ခင်လေးငယ် said...

မင်းသမီး စာရေး တော်တော်ကောင်း..
ရေးထားလိုက်တာကလည်း မြူးမြူးသွက်သွက်နဲ့..
ကောင်းလိုက်တာ..

၁၂၃ အကုန်ပေါင်း ကြည့်လိုက်တယ်..
၄၅၆ ဆက်ကြည့်ဖို့ ဖျာဝယ်ပြီး ရှေ့ဆုံးတန်းကို လာခဲ့မယ်..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ဦးနော်၊ တီငယ်

Anonymous said...

ချမ်းချမ်းအတွက်
ကျနော်ရေးပေးလိုက်တဲ့ သီချင်းက
ဘာများပါလိမ့်

သြော်သြော် မောင်မောင်ဆိုရင်တော်တို့အမျိုး ခြေသလုံးရိုးကိုရှည် ဆိုတဲ့ သီချင်း

Sein Lyan Tun said...

မြရေ....

မြ....

မြရဲ့မောင်... တင်စရာ... အဲလေ... သင်ဆရာ

ကြားစရာ.... စားချင်စရာကြီး.. အော် ငါနှယ် မှားကုန်ပီးး...

မြရဲ့ မွေးစားဆရာရောက်လာပီလေ...

မြ ရဲ့ ဆရာ အရင်းခေါက်ခေါက်.. ဗိုက်ခေါက်တော့မထူပါ... ရောက်လာပီးလေ

နေမကောင်းလို့ မြကို စောင်ခြုံကွေးအက သင်ဖို့ လေ့ကျင့် အဲလေ... ပေါက်ကရတွေ ဖြစ်ကုန်ပီး...

ဒီတစ်ခါ ခုနှစ်ထွေ ကဝေ အကသင်ပေမယ့်

ပြင်ထားပေတော့ဗျို့...


မြက ဆရာတပည့်ပီသတယ်..

လက်ချိုးလက်ကွေးတွေတင်တော်တာမဟုတ်...

ကလောင်စွမ်းပါထက်ပါလာကွယ်...

ဆရာထက် သုံးလကြီးတယ်....

အတတ်နော်.. အတတ်...

ဟားးဟားးး

မျှော်နေတယ်..

စိတ်ညစ်နေတုန်းဖတ်လိုက်တာ.. ပျော်သွားပြုံးသွားတယ်..

နေမကောင်းလို့ အိမ်မလည်ထွက်ပေါ်လာမရှာနိုင်တာ ခွင့်လွတ်ပါ မြရေ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

စည်သူ said...

မြရောယျဉ်ရေ..အဲ..မှားလို့..ရေလျဉ်ရေ..

အကကောင်းလှချေား..ကောင်းမှာပေါ့လေ.. မင်းသမီးပဲ
၂ ဖတ်ပြီးမှ.. ၁ ကိုပြန်ရောက်သွားတယ်ဟ..
ပြန်ပြောင်းဖြစ်သွားတယ်..း)

နောက်ကမဲ့ ပွဲကျရင်လေ.. လူရွှင်တော် မငှားနဲ့တော့
မင်းသမီးရော.. လူရွှင်တော်ရော.. နှစ်မျိုးစလုံးကို
မင်းသမီးပဲ လုပ်လိုက်တော့ပေါ့..

ပိုက်ချံလည်း ပေးရတော့ဘူး..

သံလွင် HeRo said...

ဖျာတစ်ချပ်ဘယ်လောက်လဲဟင်...
အပိုင်းလေးကြည့်ဖို့အတွက်ဝယ်မလို့
ဦးနော်တို့မိသားစုဘေးကရအောင်ပေးပါဗျ...

ဆောင်းနှင်းရွက် said...

တော်တော်လည်း
ရွှေညဏ်တော် များ
ကွန့်မြူးပါပေတယ် ..>>>
သူကလည်း
ကိုးရီးယားကား
အားကျလို့
အပိုင်း , အပိုင်း လေးများနဲ့
လူကို ဆန့်တငင့်ငင့်
ဖြစ်တယ်နော် ..း)
သွား ..း)
လူဇိုး ..း)

ပုံ့မေ said...

ရေးထားတာ မိုက်တယ်ကွာ...... မျှောနေမယ် အစ်မရေ