တစ်ပင်ထဲပဲ နင်ပျိုးခဲ့တယ်
တစ်ပွင့်ထဲ..(ငါ့အတွက်) ပွင့်လို့..။
နှစ်တွေဝေးကာမှ
အမြစ်တွေကြားမှာ
နင် နောက်ထပ်အချစ်တွေ ပွားထားတာ ငါမြင်တယ်..။
မောင်ရေ..
မြေကြီးအောက်မှာတော့ လှိုက်မစားတော့ဘူး..။
နင်ချစ်တဲ့သူဆီ နင်ပဲလိုက်သွားပါ..။
ခုတော့လဲ
ပင်စည် ကို ချိုးပြီး နင်ရိုက်သွားရက်တယ်
မိုက်သလားလို့ မမေးဘူးကွယ်..။

ဒုတိယ ဖြစ်မှ နာကျင်ရတယ် ထင်သလား..။
ပထမ ဆိုတာလဲ ကြေကွဲစရာ ရာထူးတစ်ခုပါ.။

ကံကြမ္မာနဲ့ သစ္စာတရားကောင်းမှု
ငါကိုက တောင်းဆုနည်းသူ..။
ကဲ
သူတည်း နှစ်ယောက် ကောင်းဖို့ရောက်ဖို့
ငါတစ်ယောက်သာ
ပျက်လင့်ပါမယ်..
ရင်နာဖွယ် ကျိန်စာစူး
ငါရင်ဘတ်နဲ့ သေအောင်ရူးမယ်.။
နင့် အချစ်ပင် အမြစ်တွေကိုတော့ မတူးတော့ပါဘူးကွယ်..။
အားငယ်စွာချောက်ခြား
ပင်ယံထက်မှာလဲ..အမြှောက်စား မခံနိုင်ဘူး
ယောင်္ကျားဆိုရင် ကြောက်ပြီ..။
ဖောက်လီဆယ် တဲ့ နင့်အပြော
ငါထပ် လို့ရင်မမောချင်ဘူး..။
ပြောနေရင် ကြာပါတယ်..
သစ်ပင်ကို မီးရှို့.
သေအောင်သတ်ဖို့ကြိုးစား
အဲဒီ့ အချိန်မှာတောင်….

ငါကိုယ်တိုင်တောင် လောင်မြိုက်သွားတယ်..။
ချစ်ခြင်းရဲ့ ရိုက်ချက်ပြင်းပုံ။

(ချစ်အစ်မ မမရောင် အတွက် အားဆေး လက်ဆောင် အဖြစ် ခံစားရေးပေးတာပါ..
ဒီလောက မှာ ရှိသမျှ ကျားမ အားလုံး သစ္စာ တရား လက် ကိုင်ထားနိုင်ကြပါစေ။)

17 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Anonymous said...

ညီမလေးရယ် ........ ပြိုလဲကျနေတဲ့ အချိန်မှာ အခုလို ညီမလေးတွေ မောင်လေးတွေရဲ့ မေတ္တာဟာ အေးမြလှပါတယ်။ အရာရာကို ကျောခိုင်းနေရတဲ့ အချိန်မှာ ရှိသမျှ အင်အားလေးနဲ့ တည့်မတ်အောင် ရပ်တည်နေရတယ်။ ဘယ်လောက်ပဲ ရင့်ကျက်ပါစေ၊ ခံနိုင်ရည် မဲ့သွားခဲ့တာတော့ အမှန်ပါ။ ဘ၀ဆက်တိုင်းလည်း မဖြစ်ရပါစေနဲ့လို့ ဆုတောင်းနေမိတယ်။

ညီမလေးရဲ့ လက်ဆောင်အတွက် အတိုင်းမသိ ကျေးဇူးတင်ရှိပါတယ်။ မမ ကူးသွားတယ်နော်။

Unknown said...

သူများအတွက်ဆိုပေမဲ့ ကိုယ်ကိုတိုင်ဖြစ်သလိုခံစားပြီးရေးပေးနိုင်တယ်နော်။ နင်အရမ်းတော်တယ်။ကြိုက်တယ်။

တောင်ပေါ်သား said...

အစကတည်းက အပျိုးမှားတယ် တပင်တည်း သွားပျိုးတာကိုးးးးး အဟီးးးး စတာ

ခုပဲ မရောင်အိမ်မှာ မန့်ခဲ့တယ်ဗျာ ထပ်မပြောချင်တော့ပါဘူး အမြန်ဆုံး စိတ်ညစ်နေသူများ စိတ်ချမ်းသာပါစေလို့ပဲ..


လေးစားလျက်
တောင်ပေါ်သား

စည်သူ said...

အားငယ်စွာချောက်ခြား
ပင်ယံထက်မှာလဲ..အမြှောက်စား မခံနိုင်ဘူး
ယောင်္ကျားဆိုရင် ကြောက်ပြီ..။
ဖောက်လီဆယ် တဲ့ နင့်အပြော
ငါထပ် လို့ရင်မမောချင်ဘူး..။

အောင်မယ်လေးဟ........း(
မတိရင်တော့ တားတားတို့က တရဲကျနေတာပဲ..

အော်... မမရောင်က အဲလိုဖစ်နေတာလား
တားတားတိယို့နော်..

ပေါ့တော့ဘူးနော်...
တာတားပန်တော့မယ်နော်..
တာ့တာ.. အဟင့်.. အဟင့်

ပုံ့မေ said...

အစ်မ ကဗျာကောင်းတယ်။ မမရောင်ဆီလဲ ရောက်ခဲ့ပြီ။

ပြောတော့ပါဘူးကွယ်.... :D

ခြေအိတ် သိမ်းထားတယ်နော ....ခွိခွိ

သံလွင် HeRo said...

အစ်မဆူနာမီ.အဲဟုတ်ဝူး
အစ်မငလျင် မှားပြန်ပီ
အစ်မမြေငလျင်..လွဲကော
အစ်မမြရေလျင် ...အခုမှမှန်တော့တယ်
လျာကလိပ်သွားတော့ ၄ ခါလောက်ခေါ်လိုက်
ရတယ်...တွေ.ပုချိ
ကဗျာလေးကိုဖတ်ပြီး အစ်မကြီးရောင်အတွက်
ဆုတောင်းပေးသွားပါတယ်...
အလွမ်းဒဏ်ရာ
နှလုံးသားအနာတွေ
ပျောက်ပြီးတော့
အချစ်စစ်(သို့)
ပျော်ရွှင်မှုတွေကို
အမြန်ဆုံးရပါစေ

သံလွင် HeRo said...
This comment has been removed by the author.
မေလေး said...

ကဗျာလေးကောင်း၏။
သို့သော် သစ္စာမရှိတဲ့ယောင်္ကျားအတွက် မခံစားစေချင်ပါ
အချစ်ဆိုတာကို မယုံဘူးဟ။

Waing said...

ကဗျာလေးကမိုက်တယ် မာန်ပါတယ် မြရေ...

အိုင်လွယ်ပန် said...

ကဗျာ ဖတ်သွားပါတယ် ...

မိုးခါး said...

မိုက်တယ်ဟေ့
တော်ချက်
ဂရုမစိုက်နဲ့လို့ ချစ်မကို သွားအားပေးလိုက်ဦးမယ်
တာတက်း)

Sein Lyan Tun said...

ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့တဲ့

ကိုယ်တိုင်ခုတ်လိုက်ရတဲ့ သစ်ပင်ကို အငုတ်တောင်မထားနဲ့တော့လေ...


အငုတ်တွေ အမြစ်တွေ မြင်နေရင် ခုတ်တာ မစင်လို့ဆိုပြီး ပူလောင်နေရအုံးမယ်...


တတ်နိုင်ရင် အမြစ်ကနေတူးဆွ နှုတ်ထုတ် မီးရှို့ ပြစ်လိုက်

အဲ... လေပင့်သွားတာမဟုတ်ဘူးနော်

မခံစားစေချင်လို့

လောလောဆယ် ကိုယ်တိုင်လဲ ဇာတ်ဆရာအလိုကျ အဆွေးမင်းသားဖြစ်နေတုန်းမို့

ဟီးးး


မကြီးရောင် ပျော်ရွင်ပါစေ

ချစ်မြ လဲ ပျော်ရွင်ပါစေ


ချစ်ခင်စွာဖြင့်

ဖိုးစိန်

"မင်းကိုချစ်တဲ့သူ" said...

ကောင်းလိုက်တာဗျာ... "ပထမဆိုတာ ကြေကွဲစရာ ရာထူးတစ်ခုပါတဲ့" မှန်ပါ့... ဒါပေမဲ့ ဒီလိုတော့မပြောသင့်ပါဘူး...
ယောင်္ကျားမှာလည်း သစ္စာရှိတဲ့ ယောင်္ကျားတွေရှိတာပဲ...
လောကကြီးကို မျက်လုံးတဖက်မှိတ်ပြီးမကြည့်ပါနဲ့... :P
မရောင်ရေ အဆင်ပြေပါစေ...
ပျော်ရွင်ရာလမ်းကို အမြန်ဆုံးရောက်ပါစေ...
ဆုတောင်းပေးလိုက်တယ်...



မင်းကိုချစ်တဲ့သူ

မြရေလျဉ် said...

မမရောင်ရေ..ကျားတွေဖက်က ပွဲဆူနေပြီတော့
မီးမီးက ကာရံညီအောင်ရေးထာ
မီးအတိဝူး ဂယ်ပြောဒါ
မီးက လက်ချောင်ပဲ ပေးဂျင်ဒါ
ကျန်တာ တိဝူး

ဂယ် ဂယ်:D

nini said...

မှန်လိုက်တာကွယ်...ဒေါ်မြရေလျင်၊၊

Anonymous said...

အော် ဖြစ်ရမယ် .. ငါ့ညီမလေး မသိဘူးနော်။ ဟုတ်ပ။ အမကိုချစ်လို့ ကဗျာလေး လက်ဆောင်ပေးတာပါ။ ကျန်သောသူများ နားလည်ပေးပါ။း)

emayarKhin said...

ကဗျာလေးကောင်းတယ်...
သူများအတွက်ရေးတာတောင်
ဒီလောက်ကောင်းနေတာ.....
ကိုယ်တိုင်အတွက်ဆိုရင်တော့.....