ဥယျာဉ်တစ်ခုလုံး သူ့အတွက် ပျိုးချင်တာပါ
ဖြေမပြေနိုင်အောင် အငြိုးတွေနဲ့ အုပ်မိုးကြည့်ခံရတော့
သတ္တိတွေ တိုး ..တိုး
သွားတယ်
(ငါပြောချင်တာက တိုးတိတ်သွားတယ်လို့...)

အလင်းလေးလို
အိပ်မက်လို
တောက်ပတဲ့ ပန်းသီးလေးလို
နောက်ပြီး ...ချိုမြတဲ့ ပန်းတစ်ခင်းလို
စိမ်းလန်းတဲ့..စကားလုံးတွေလို

ပျော်ရွှင်စွာမျှော်တယ်.

ပျော်တော်ဆက်တတ်လာတာတောင် နှစ်တွေညောင်းချိပေါ့.
အလိုလို (ခေတ်မီမီပြောရင်အော်တို)
ငါက အော်ငိုကာနီးတိုင်း ရယ်တတ်လာတယ်..

သူမသိဘူး
နောက် သူ့ရဲ့ သူမ လဲ မသိခဲ့ဘူး
ငါရူးအောင်ချစ်ခဲ့ဖူးတာကို..

ဒီလိုအလိမ်ကောင်ပါကွယ်..
ဟန်ဆောင်ပန်ဆောင်နဲ့
မချစ်တတ်ချင်ယောင်ဆောင်ရတယ်

တစ်ခါတစ်လေ သူကိုယ်တိုင်ကတောင်
ကြောင်တောင်တောင် လို့
အထင်ခံရသူပါ..

အရူးကွက်မနင်းပါဘူး
အထူးလျှို့ဝှက်ချက်အနေနဲ့တော့

သူငယ်ချင်းတစ်ယောက်ကို သူငယ်ချင်းနဲ့မလောက်အောင် ပို ပို ချစ်ခဲ့တယ်.............


ဇာတ်သိမ်းတော့..

..
ဘယ်လိုဥယျာဉ်ပြန်ပျိုးပျိုး
ငါကိုက မိန်းမဆိုး ဖြစ်နေတယ်တဲ့ကွယ်....

12 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ဏီ(န်)ကင်း said...

စာသားလေးတွေက....လန်းတယ်လို့ပြောပါစေ။
အညွန့်အချိုးတွေမိုက်တယ်..
ခံစားချက်အနေနဲ့ကမိန်းခလေးတစ်ယောက်အတွက်
ထပ်တူထပ်မျှပါပဲ..သူတစ်ယောက်အတွက်တောင်..
ကော်ပီလုပ်ပြီးလက်ဆောင်ပေးလိုက်ချင်တယ်...
ဘယ်သူလဲမမေးပါနဲ့...ပြောပြဘူး...

မြရေလျဉ် said...
This comment has been removed by the author.
Mogok Thar said...

လောကတစ်ခုလုံး သူ့အတွက် ဖန်ဆင်းပေးခဲ့ချင်တာပါ
အတိတ်တွေ ဆွဲဆွဲထုတ်ပြီး ငြိုညင်ပြမှတော့
တန်ဖိုးတွေ.. တိုးလျှိုး
မှိန်ဖျော့.. သွားတယ်...

ကိုယ့်ဘဝ တစ်ခုလုံးလို...
ကိုယ့် အနာဂါတ်လို...
ကိုယ့် အရာရာအားလုံးလို..
နောက်.. မွှေးပျံ့နူးညံ့တဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ရင်ခုန်သံရဲ့ ရှင်သန်ရာလို...
သိမ်မွေ့စွာ စီးဆင်းတယ်။

ကွေ့ကောက်တဲ့ လမ်းတွေနဲ့အတူ လျှို့ဝှက်စွာ စီးဆင်းတတ်ခဲ့
ဒီလိုနဲ့....
ငါ နှုတ်ဆိတ်တတ်လာခဲ့တယ်...။

သူ... တွန့်ဆုတ်တွေဝေခဲ့ပြီ
နောက်.. သူ့အချစ်တွေ အရင်လို မဝေဆာတော့ဘူး
ငါ လျှို့ဝှက်ခဲ့တာ လိမ်ညာတာမှ မဟုတ်ခဲ့ပဲလေ...

ဒီလို အားနည်းချက်တွေနဲ့သူဆိုတာ ဖွင့်ဟခဲ့ပြီးသားပါကွယ်
ဟန်မဆောင်တတ်တော့...
ငိုချင်ရက် ပြုံးဖို့ခက်ခဲ့တယ်....

လွဲတတ်တဲ့ငါ့ကို.. သူကတောင်
ဟားတိုက်လှောင်ပြောင်
(တစ်ခါတစ်ခါ)..
လူ့အန္ဒကောင် ဖြစ်လို ဖြစ်ခဲ့....

မထူးဆန်းတော့ပါဘူး...
မခူးခြွေရက်တဲ့ပန်းတစ်ပွင့် အဖြစ်နဲ့သာ...

အများသူငါတွေထဲ...နင်လဲပျော်အောင် ငါ့အချစ်တွေကြွေပေးခဲ့တယ်..။

နောက်ဆုံးတော့....

ဘယ်လို သက်သေသစ္စာတည်တည်
အကြွေပန်း မျက်ရည်.. သူ မလွမ်းလေပြီ...။ ။


(မြရေ....
မြကဗျာလေး... ဖျက်သွားတာ လှောင်သွားတာ မဟုတ်ဘူးနော်.. အတည်ရေးခဲ့တာ...)

:-P

ချစ်ခင်လျက်

မိုးကုတ်သား

Unknown said...

ရည်ရွယ်ညွန်းဆိုရာများ ရှိလေရော့သလားကွယ်။

Ree Noe said...

အချစ်ဆိုတာ ပြောရခက်သား မြရယ်။

ချစ်တက်တဲ့ လူကတော့ အရှုံးလို့ သာမှတ်ထားကြပါ။

တောင်ပေါ်သား said...

တခါတလေတော့ ဒီလိုပဲဖြစ်တတ်ပါတယ် အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးကို ရွေးချယ်ပိုင်ဆိုင်ခွင့် ရပါစေ


လေးစားလျက်
တောင်ပေါ်သား

emayarKhin said...

အဲဒီလိုမျိုးကွာ..
စာသားတွေရယ်..
ကာရန်တွေရယ်...
အရမ်းကြိုက်တယ်...

သီဟသစ် said...

အင်း..

အတည်ကြီးရေးထားတော့လည်း အတည်ကြီး ခံစားသွားပါတယ်
:)

ခင်မင်စွာဖြင့်
ဦးသစ်

Unknown said...

လာဖတ်ဖြစ်ပါတယ်။ မမန့်ဖြစ်တာပါ မြရေလျဉ်ရေ----
စာသားတွေက ကောင်းလိုက်တာ။ သူကရော --အယောင်ဆောင်ထားတဲ့အချစ်တွေကို မသိချင်ယောင်ဆောင်နေခဲ့သလား။
ခက်သားလားကွယ်။

ဆောင်းချမ်းမိုး said...

part one
ခေါင်းစဉ်လေးကိုတော့ ပြောင်းသင့်တယ်
ရေစိမ်ထားတဲ့ ကြောင်တောင်တောင်လို့

ကဗျာလေးကကောင်းပါတယ်
ရေးတဲ့ကဗျာတွေထဲမှာ
ပြတ်ပြတ်သားသားရေးထားတဲ့ စာသားလေးတွေပါရင် ပိုကောင်းမယ်။

ဘာပဲပြောပြော ကဗျာအရေးကောင်းသူတစ်ယောက်ပါပဲ။

ခင်မင်လေးစားစွာဖြင့်

ဆောင်းချမ်းမိုး

ZT said...

စာသားတွေက တကယ် မိုက်တယ်။

တကယ်ချစ်ဖူးတဲ့သူ ချစ်တတ်သူဆိုရင် ထပ်တူထပ်မျှ ခံစားလို့ ရပါတယ်။

ညလင်းအိမ် said...

စာသားတွေ တော်တော်ကောင်းပါ၏....