…………………………………………(၁)……………………………………

ဘတ်စ်ကားမှတ်တိုင် ဆိုတာ သိတဲ့ အတိုင်း လူကများပါ့။ တစ်ကားတစ်စီးလာဖို့ကိုလည်း စောင့်ပေဦး။ အချိန်မှန်ထွက်တာ မဟုတ်တော့ ပို ဆိုးပေါ့။ အမယ် လာဖို့သာကြာတာ။လာမယ့်လာ ရင်လည်း ကိုယ်စီးချင်တဲ့ ကားမဟုတ်ဘူး။ ကိုယ်စီးချင်တဲ့ ကားဖြစ်နေရင်လည်း မပူနဲ့။လူက အပြည့်။

ပိုက်ဆံ မရှိလို့ စိတ်ညစ်ရခင်တုန်း လာလိုက်တဲ့ ကားတွေက လည်း နှစ်ဆင့်ပြောင်းစီးဖို့ လိုတာတွေချည်းပဲ။

မြောက်ဒဂုံကနေ သမိုင်းကို တိုက်ရိုက်ရောက်တဲ့ ၃၆ အနီက လိုရင်တော့ပေါ်မလာဘူး။၃၆ အစိမ်းချည်းပဲ ဆက်တိုက်လာနေတာ။ တင်းလာပြီ။အစိမ်းပဲ စီးပြီး တာမွေကိုတစ်ပတ် ပတ်ပြီး မြေနီကုန်းလိုက်သွားရမလို လို ဖြစ်လာပြီ။

သူငယ်ချင်းတွေနဲ့တွေ့ လို့ လက်ဖက်ရည်ဆိုင် ထိုင်ရရင်လည်း ပိုက်ဆံ ကုန်ဦးမှာပဲ။ ခု လို အချိန်မှာ ၁၀ လည်း ပိုက်ဆံ၊ ၁၀၀ ဆို ပို ပြီး ပိုက်ဆံ၊ ၁၀၀၀ ဆိုရင်လား ဟင်း ဟင်း ပိုက်ဆံ ပိုက်ဆံ ဆိုပြီး အော်ပြီးတောင် က နေလို့ ရတယ်။လူတွေများနော် ။မွေးကတည်းက စားချင် သုံးချင်စိတ်မပါအောင် ဆရာဝန်ကဆေး ၁ လုံး တစ်ခါတည်း ထိုးပေးလို့ ရရင် အပူလောဘတော်တော် ငြိမ်းမယ်။

(ဒါပေမယ့် အဲဒီ့ဆေးဖိုးကို တစ်သက်လုံးပြန်ဆပ်နေရအောင် ဈေးကြီးနေရင်လည်း မဖြစ်)

…………………..

ဟိုတွေး ဒီတွေး ..အဲဒီ့ အချိန်လေး..ပေါ့ ..။

ဘ၀မှာ ကိုယ်ဖြစ်ချင်တာလေးကို လက်ငင်းချက်ချင်း ကြုံ လိုက်ရရင် ဘယ်လိုနေလဲ။စဉ်းစားကြည့်နော်..။

ရှေ့မှာ ၁၀၀ တန် အခေါက်လေး ..အဲဒီ့ မလှမ်းမကမ်းမှာ နောက် ၅၀ တန်လေး။ တကယ်ကို နီးနီးလေး ။

ခြေထောက်နားမှာ..ငါ့ခြေထောက်နားမှာ။ စိတ်ကို မထိန်းနိုင်ဘူး ။ကောက်လိုက်မယ် ဟဲ့ ..လာလေ့..။

…………………………………………………………………

…………………………………………..

…………………………………..

…………… (၂)………………

စိတ်ထဲကနေ ကျိန်ဆဲမိတာများ အကြိမ်ရေ မရည်တွက်နိုင်ဘူး

ကိုယ့်ကိုကိုယ်လည်း သိမ်ငယ်သွားတယ်။ ပတ်ဝန်းကျင် ကလည်းမှောင်လို့။ မှတ်တိုင် ကလက်ဖက်၇ည်ဆိုင်ထဲက လူတွေ ခုနေပျောက် ကုန်ရင်ကောင်းမယ်။

ခုတော့ ငါ ဘာလုပ်ရပါ့ နော်။

ထူပိန်းနေတဲ့ မျက်နှာနဲ့ ပြီးခဲ့တဲ့ စက္ကန့် ၃၀လောက် က အဖြစ်က စိတ်ထဲ ပြန်ဝင် လာပြီး ရှက် ရှက်နေတယ်။

လူကြီးမင်း စဉ်းစားကြည့်။

အဲဒီ့ ပိုက်ဆံ အခေါက်လေးတွေကို ကောက်မယ်ပေါ့။ကျွန်မ လှမ်းတယ် လှမ်းတယ်..။

ကောက်….ပြီ .အဲဒီ့ အချိန် ..ငုံ့ကောက်တဲ့ ကျွန်မ မျက်စိအောက် ကို ဖိနပ်တစ်ဖက် ရောက်လာတာ..

အား ပါး ပါး ..

ပလတ်စတစ်ကောက်တဲ့ ကောင်လေးတွေ..

သူတို့ရောင်းချပြီး ရလာတဲ့ ပိုက်ဆံလား .သူတို့ အမေဈေးဝယ်ခိုင်းတဲ့ ပိုက်ဆံလားမသိဘူး ။

ကားစောင့် ရင်း ထွေပစ်နေကြတာ တဲ့ ..

ကျွန်မ ကို က ပိန်းတာ ပါ။ လောဘဇောတက်ပြီး ဘာမှ လည်းမစဉ်းစား မိ။ဘာမှလည်း မမြင်။

တွေးကြည့်

တစ်ယောက်ယောက်များ ဒီ အဖြစ်ကို အစအဆုံးမြင်ရင် သေပြီဆရာပဲ နော်။

……………………………

အဲ့ဒီ့နေ့ကပေါ့ ။ရှက်ရှက်နဲ့ လာတဲ့ ကားပေါ်ပြေးတက်တာ.၂၀၇ ကြီး ..

သွားမှာက သမိုင်း..ရောက်တာက ရန်ကင်း…ဆင်းမိတော့ ဆရာစံလမ်း။

ကုန်သွားတဲ့ ကားခက ၂၀၀ ။……….ဟွန်း။


( သက်ပိုင်သူ ရေ ငါ့တာဝန်ကျေပြီနော်)

8 ယောက်ကဒီလိုဒီလိုပြောကြတယ်:

GreenGirl said...

ဖြစ်ရမယ် သူငယ်ချင်းရယ်...
အခုတော့ ၁၀၀တန်လောက် လှည့်ကြည့်တော့မယ် မထင်ဝူးနော် :P

မြရေလျဉ် said...

အေးပေါ့
၁၀၀ တန်မြင်တိုင်း ရှက်နေတာကိုး..
အဲဒီ့တုန်းကတော့ ဒုက္ခပေါ့
ခုတော့ ..တကယ် ဟာသ။

တလနွန် said...

အမှတ်တရ ဟာသဆိုတော့ ကြုံဖူးကြမှာပဲ
ကျပ် တစ်ရာ ဆိုရင် မပြောလည်းရတယ်
$100 ဆိုရင် ပြောအုံးနော်

သက်ပိုင်သူ said...

သမီးရေ... အဘပေးတဲ့ 100 တန်ဆိုရင်ရော ယူဦးမလား.. ခွိ.. ခွိ

emayarKhin said...

ညီမလေးရေ.......ဒါလေးလဲဖတ်သွားတယ်.....
ဒါမျိုးတွေလဲဖြစ်တတ်ပါတယ်ပေါ့........

သဇင်ဏီ said...

=) ရှက်လိုက်တာဟာ...

NangNyi said...

ဟား ဟား ဟား ဟား လို့.. အာပြဲကြီးနဲ့ ရယ်သွားပါသည်

မိုးခါး said...

သိပါတယ်
ကောက်ပီး ပိုင်ရှင်ကို ရှာပေးမှာ မှတ်လား .. :P