ဟိုတလောက ပဲ သူ့ အလိုလို ၀င်ရောက်ခဲ့တယ်
ခွင့်လည်းမတောင်းဘူး
ချစ်လားမမေးဘူး။

` ကံ´ ကို ကြို မမြင်နိုင်ဘူး..တဲ့
ဒါပေမယ့် `ကံ´ ကို ကြို ပြင်ကြရအောင်တဲ့
ကတိတွေတောင်ပေးလို့..။

ဒီလိုဆွေးလိမ့်မယ်..ကိုယ်မသိပါဘူး..´မောင်´ ရယ်.။

ငါဆုပ်ကိုင်ဘူးတဲ့ သစ္စာ တချို့
ငါဆုပ်ကိုင်ဘူးတဲ့ ..မျှော်လင့်ချက်တ၀က်
ပြီး..ငါလေ ဆုပ်ကိုင်ပြီး ဆိုရွတ်ခဲ့ဘူးတဲ့ ..မြေစိုင်ခဲ နဲ့ သစ္စာဆုတောင်းတစ်ခု
ဘယ်သူ့ အတွက်ပြုခဲ့လဲ.
ရှင်းလို့ မပြချင်တော့ပြီပဲကွယ်..

ငါလေ.
်နင့်မေမေကို ငါ့မေမေလိုချစ်တယ်
နင့် ယုံကြည်ချက်ကို ငါ့ ယုံကြည်ချက်လိုချစ်တယ်
နင့်ကို ဘယ်လောက်ချစ်လဲ..ဒါဆို နင်မေးဖို့ မလိုဘူးဟယ်.

်နင်လေ ငါ့ကို အရင်က အရမ်းချစ်ဘူးခဲ့တယ်..
ငါလေ.အဲဒီ့အတွက်နင့်ကို ထာဝရ ပြန်ချစ်တယ်..

နားလည်မှုဆိုတာ ..ဘာလဲကွယ်.

ဝေးကွာသွားတဲ့ ´ ကြယ်´..
ခုတော့ ´ကြယ်မလေး´ ကို ထားခဲ့ပြီပေါ့ကွယ်...

7 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ပိုင်ဖြိုးကို said...

နင့်ဖေဖေကို ငါ့ဖေဖေလို ချစ်တယ်လို့တော့ ထည့်မရေးဘူး။ :P

မြရေလျဉ် said...

အဲလိုသာဆို
နင့်ဘကြီးကို ငါ့ဘကြီးလို ချစ်တယ် တို့
နင့်ဂျီးတော်ကို ငါ့ ဂျီးတော်လို ချစ်တယ် တို့ပါ ပါလာရဦးမယ်
သူ ကလည်း အမျိုးကများများ :P

သက်ပိုင်သူ said...

ဟာ... ဟ... နာသာဆိုရင်.... နင့်ဖေဖေကို ငါ့ဖေဖေလို ချစ်တယ်လို့ပြောမှာ

အိုင်လွယ်ပန် said...

အရင်လက်တွေ ပြန်တွေ့နေရပြီ ...
နင့်မိန်းမကို ငါ့ယောက်ျားလို ချစ်တယ်ဆိုလို့ကတော့
ကားပြီပဲ :P ....
ဆက်ရေးဟာ...အားပေးတယ်

emayarKhin said...

ကြယ်မလေးအတွက်ဆုတောင်းပေးပါတယ်.....
အမြန်ဆုံးအဆင်ပြေပါစေ...........

တီချမ်း said...

ကိုရင်နော်ကတော့ပြောတယ်
ကြယ်ကြွေလေးကြေကွဲတဲ့
ကံကောင်းပါစေ ကြယ်မလေးရယ်

မိုးခါး said...

တဆွေလုံးတမျိုးလုံးကို ချစ်တော့တာပါပဲလား .. လွန်တယ်ကွယ် :D