ဘယ်သူကများ ကိုယ့်အတွက်ဆိုတဲ့ တကူးတကခင်းကျင်းမှုတွေနဲ့ စောင့်နေမှာလဲ။
ကိုယ်နဲ့ မင်းကြား ကို အချိန်ကိုက်လာပေးနိုင်တာ လွဲချော်မှုပဲရှိတယ်။

စာတစ်စောင် ပေတစ်ဖွဲ့ မရေးခဲ့ လို့ စိတ်မနာပါနဲ့….
ငါအပါအ၀င် ….အားလုံး
ဘာမဆို ကူညီပါ့မယ်ဆိုတဲ့ …အားလုံး
သစ္စာ မှန်ရင် ပြန်ဆုံမယ်ဆိုတဲ့ …အားလုံး
ကြယ်ကြွေဆုတောင်း ..အားလုံး
ယုံကြည်မှု …………….အား လုံး
အဆင်သင့် မဖြစ်ဘူးလို့ပဲ ပြောနိုင်အောင်
အဆင်သင့် ခေါင်းရှောင်နေကြတယ်။

ကြေကွဲတယ်ဆိုတာ ဘာမှမခက်ပါလားနော်..။

ပြုဖူးတဲ့ အမှားကို ထပ်တလဲလဲပြန်ချေ
အဲတော့ဘာတွေဖြစ်သလဲ..
မှားပြီးပဲ ထပ်မှားတယ်..
ဘယ်မှာလဲ..သွားစရာလမ်း..။

ငါ့ ကို ခွင့်လွှတ်ပါ..
တကယ်တမ်း နှုတ်ကလည်းပြောရော ..
တစ်စက္ကန့်လားကြာတယ်။
ဒီစကားလေးပြောဖို့တော့ ရှစ်လ တိတိကြာပါတယ်..။
ငါ..ဟယ် ..တော်တော်တွေဝေတတ်ပါလား..
ရင်ကွဲတာလေ..
ဓားရှတာမှ မဟုတ်တာ ..မင်းဘယ်မြင်တတ်ပါ့မလဲ..
အသဲထဲမှာတော့ အညိုမည်း စွဲ ..လို့..။

ဒီကဗျာကို ဖတ်ပြီး ပြုံး
တစ်ခုခုလည်း ဆုံးဖြတ်ပါ.
ငါကတော့ နိတ္ထိ..ဘာမှ ကို မရှိတော့ဘူး
ဓါတ်သိတွေ ပြောစကားအရ ..သတ္တိ ကြောင်တာလည်းပါမှာပေါ့..
နောင်ခါလာ နောင်ခါဈေး..
အဲဒီလိုပေါ့ပေါ့လေး မတွေးတတ်တာလည်းအားနည်းချက်
ချစ်နေရရုံ သက်သက်နဲ့တော့
မင်းကို ..လက်မဲ့ ..မဖြစ်ချင်တာ ယုံပေးပါ။
ငါဟာ ..ထုံဆေးတစ်ဖုံနဲ့ ကြုံသလို နေပျော်နေရတဲ့..ခပ်ညံ့ညံ့ အန္ဓ တစ်ကောင်လေ..။
သေမှာလည်းကြောက်
ကြေမှာလည်းကြောက်
လေဟာနယ်ထဲ လမ်းလျှောက်နေသူပါ…

ဘာပဲပြောပြောပါလေ….
ချစ်နေရုံသက်သက်..ချစ်နေရရုံ သက်သက်နဲ့တော့
မင်းကို ..လက်မဲ့ ..မဖြစ်ချင်ဘူးကွယ်….။

6 ယောက်ကဒီလိုဒီလိုပြောကြတယ်:

ပိုင်ဖြိုးကို said...

ချစ်နေရရုံလေးပဲ ကောင်းပါတယ်ဟာ၊ ချစ်ခွင့်ရှိနေတာ ကိုကျေနပ်လိုက်စမ်းပါ။

သက်ပိုင်သူ said...

တကယ်တမ်း နှုတ်ကလည်းပြောရော ..

တစ်စက္ကန့်လားကြာတယ်။

ဒီစကားလေးပြောဖို့တော့ ရှစ်လ တိတိကြာပါတယ်..။

ငါ..ဟယ် ..တော်တော်တွေဝေတတ်ပါလား..

အင်း.. ဟုတ်တယ်.. စကားတစ်လုံး ပြောဖို့ ကြိမ်ဖန်များ စွာ .. လေ့ကျင့်ယူခဲ့ရတာလည်း ရှိတယ်

ရင်ကွဲတာလေ..

ဓားရှတာမှ မဟုတ်တာ ..မင်းဘယ်မြင်တတ်ပါ့မလဲ..

အသဲထဲမှာတော့ အညိုမည်း စွဲ ..လို့..။

အဲဒါလေးလည်း ကြိုက်တယ်
ကောင်းတယ် သယ်ရင်းရေ....

Rita said...

ဖတ်ပြီး ကြိုက်သွားတယ်
:)

တလနွန် said...

ကဗျာလေးက ကောင်းတရ် အမရေ။

Unknown said...

ကဗျာကအရမ်းကောင်းတယ်။ တကယ်ခံစားနေရတာလားဟင်?

emayarKhin said...

အမြဲတမ်းနောက်တီးနောက်တောက်
နေတတ်တဲ့သူတွေအတွက်....တကယ်တမ်း
ခံစားရတဲ့အခါ..သူများထက်ပိုပြီးခံစားရ
မယ်ဆိုတာကိုသိနေတယ်....ညီမလေးရေ...
ငိုနေသေးလား...ပြီးရင်ရယ်သံသေးကြားချင်
သေးတယ်......အဆင်ပြေပါစေ......