ကျွန်မသည်မြွေတစ်ကောင်ဖြစ်သည်။
အဆိပ်ရှိသလား မရှိသလား ကျွန်မ မသိသေးပါ။
ရှူးရှူးရှားရှားဒေါသဖြစ်တတ်သော ၊ တစ်ဖက်လူ ကို နာကျင်ခံစားရစေသော....လူတကာရွံမုန်းသော ကျွန်မ..သည် ဘာမြွေဖြစ်သနည်း။
သေချာတာကတော့ မြွေတွေ က သူတို့ ကို မထိသမျှ မသိသလိုနေတတ်ပါသည်။

အေးစက်စက်မျက်လုံးသေ နှင့်ကျွန်မသည် ချစ်သူ ကိုပျော်ရွှင်အောင် မလုပ်နိုင်သော မြေဖြစ်သည်။
ကဗျာ များဖတ်နေရရင် မလှုပ်နိုင်အောင် ငြိမ်နေသော ကျွန်မသည်အစာဝနေသောမြွေဖြစ်သည်။
လိမ်လည်မှု တစ်ခုခု ကို သိတာနှင့် ချက်ချင်းစိတ်ဆိုးသော ကျွန်မသည် ဒေါသကြီးသောမြွေ ဖြစ်သည်။



ချစ်တတ်သော မြွေရော မြင်ဖူးကြပါရဲ့လား။ မမြင်ဖူးလောက်ပါ...ဒီတော့ ကျွန်မသည်လည်း အသိအမှတ်ပြုခံရစရာ လမ်းမရှိပါ။ချစ်သူ ကို အလွန်သ၀န်တိုသော ကျွန်မသည် အငြိုးကြီးသော မြွေ လည်းဖြစ်လာနိုင်သည်လည်း မဟုတ်လား။

ချစ်သူ သည် ကျွန်မမေးသော မေးခွန်းတစ်ခုခု ကိုမဖြေနိုင်လျှင် မြွေပဲ ဟု ခေါင်းကုပ်ကာပြောတတ်ပါသည်။
ကျွန်မအပေါ် လိမ်လည်ထားသော ကိစ္စ ရှိနေလျှင်လည်းးအကြောင်းသိ သူငယ်ချင်း များ က မြွေဖမ်းပြန်ပြီလား ဟု သူ့ကိုမေးလေ့ ရှိပါသည်။
နောက်ဆုံးလမ်းခွဲတော့ ကျွန်မ ကို ချစ်ရတာ မြွေပွေး ကို ခါးပိုက် ပိုက်ထားရသလို ဖြစ်လို့ ဟု အကြောင်းပြပါသည်။

ဟုတ်ပါသည်။ကျွန်မသည် မြွေစစ်စစ် ဖြစ်ပါသည်။
ချစ်သူကို နားလည်မပေးသောမြွေ ..၊အရေခွံ တွေခဏခဏ လဲတတ်သောမြွေ။
ငါ့ ကို မထားခဲ့နဲ့နော်......ပြောလိုက်ကာမှ ချစ်သူ ကို တမင်ထားခဲ့သော မြွေ။
ကျွန်မ ကိုယ်တိုင်ပေါက်သတ်ခဲ့ သူ သည် ကျွန်မရဲ့ ချစ်သူ စစ်စစ် ဖြစ်နေပါသည်။
ဒီလိုဆို အလမ္မါယ်ဆရာကိုပေါက်သတ်သောမြွေလည်းဖြစ်သည်ပေါ့..။
ဟုတ်သည်။ သူ သင်ပေးသော ချစ်ခြင်းကကွက်တွေ..ညှို့ချက်တွေ။
သူ့လက်မှာ ယဉ်ပါးခဲ့သော မြွေ။
လိမ္မာသော မြွေ။သခင့် အပါးက ရိုကျိုးသောမြွေ။
ဒီလိုမြွေလည်း ဖြစ်ခဲ့ ဖူးပါသည်။


အခုတော့ ကျွန်မရဲ့ အဆိပ်တွေနဲ့ အတူ သူမေ့မြောနေခဲ့ပြီ။
ဝေဒနာ အလူးအလဲနဲ့ အဆိပ်မူးနေပြီ။
အဆိပ်ကိုဘာနဲ့ ဖြေရသလဲ။အဆိပ်ကို အဆိပ်နှင့် ပဲဖြေရပါသည်တဲ့။


ဟော အခုတော့
ကျွန်မသည် ကိုယ့်လျှာကိုယ်ပြန်ကိုက်ပြီး ကိုယ့် ကို ကိုယ် သတ်သေဖို့ ကြိုးစားနေသောမြွေ ဖြစ်နေပြန်ပါပြီ။
ကျွန်မ ကိုယ်က အဆိပ် သည် ချစ်သူ အတွက်ဖြစ်စေ။
ကျွန်မ ကိုယ်က အဆိပ်သည်ချစ်သူ အသက် ကို ရှင်စေ။..................................................
..........................................................................................................................................


မျက်ဝန်းထဲမှာ အလင်းရောင်တွေမှုန်သီနေတုန်း ဒီအခိုက်အတန့်လေးမှာ ကျွန်မ ဘာမြွေလဲ..သိလိုက်ရပြီ....။


ကျွန်မသည် အငြိုးကြီးသော မြွေ..။
အဆိပ်ပြင်းသောမြွေ.။ဒေါသကြီးသောမြွေ ..ဒါတွေမှန်သည်။
ဒါပေမယ့်တစ်သက်လုံးတွင် ကျွန်မသည်.ကိုယ့် ချစ်သူ အတွက် ဆို ရန်သူမှန်သမျှကို သူ့ ကိုယ်စား လက်စားလိုက်ခြေရင်း အသေခံတတ်သော ..ငန်းတော်ကျား..တစ်ကောင် ဖြစ်နေသည်ကို သူအားမပြောပြဖူးကြောင်း သတိရလိုက်မိသည့် အချိန်သည်........။

.....................................................................................................................................................................................
ကျွန်မသည် ..မြွေပဲဖြစ်နေပြန်ပါသည်.။မြွေတစ်ကောင်၏မှတ်တမ်းတွင် ပေးဆပ်မှု ဆိုသော မှတ်ချက်သည် အလွန်ယုံရန်ခက်၍လား။အငြိုးနှင့် အဆိပ် အတွက်ပေးလျော်ရသော ကြေး က အရမ်းများ ၍လား။ကိုယ့်လျှာကိုယ်ပြန် ကိုက်လိုက်ခြင်းဖြင့် လည်း အပြစ်က မကျေအေးခဲ့ပါ..။

ဘာပဲ ဖြစ်ဖြစ် သူ့ ကို တော့ ကျွန်မ မရှိသည့်နောက်ပိုင်းတွင် နောက်ထပ် ကျွန်မမဟုတ်သော အခြားမြွေမလေးများဖြင့် အလမ္မါယ် မကစားစေချင်သည်ကတော့ မြွေတစ်ကောင်၏နောက်ဆုံးအတ္တ ဖြစ်လိမ့် မည်...ဟု ထင်ပါသည်။

5 ယောက်ကဒီလိုဒီလိုပြောကြတယ်:

Unknown said...

nice post. I like. Cheers, fri.

Unknown said...

ငါကတော့နင်ကို မြွေတစ်ကောင်လို. ဘယ်တော.မှ မြင်မှာမဟုတ်ဘူး ဘာဖြစ်လို.လဲဆိုတော. ................

တလနွန် said...

အစ်မရေ အရမ်းကောင်းတဲ့ ပိုစ့်ပါ။
အရမ်းချစ်တတ်တဲ့ မြွေတစ်ကောင်ကိုတော့ တွေ့ ဖူးသွားပါပြီး။

ခင်မင်ခြင်းနှင့်
တလနွန်

သက်ပိုင်သူ said...

တိုးတက်လာပီ.. တိုးတက်လာပီ.. ကားပေါ်ကို..

အဟိ..
ကောင်းတယ် သူငယ်ချင်းရေ..
တကယ်ကောင်းတာ.. ငါတော့ကြိုက်သွားပီ
နောက်ဆို မြွေသားမစားတော့ဘူး

NangNyi said...

ကျမကတော့ မြေခွေး.. မမြရေလျဉ်က မြွေဆိုတော့ “သူတော်ချင်းချင်း သီတင်းလွေ့လွေ့”လို့ ရတာပေါ့နော့..း)