ဘုရား
ဆူညံလွင့်ရှ ၀ုန်းကနဲ ပေါက်ကွဲ မီးတောင်တစ်ခုလိုပဲ
စဉ်းစားကြည့်..
ကိုယ့်ကိုယ်ကို အရိပ်လိုကြည့်နေတဲ့သူ
ကံကြမ္မာက စာရင်းလိမ်တာသိချိန် ဘယ်လိုနေမလဲ..

ဆူညံလွင့်ရှ ပြင်းစွာပေါက်ကွဲ
မီးတောင်လိုပါပဲ။

ငယ်ချစ်ရေ..
လူတွေဟာ ဘ၀ကို အဆာမပြေတဲ့ အချိန် နဲ့
လောက ကို အစာမကြေတဲ့ အချိန်တွေမှာ
ဒီဝေါဟာရ ကို သတိရတတ်ကြတယ်ထင်ပါတယ်။

နှောင်း ..ပြီး..မှား..
ပြင်ခွင့်မရှိနောင်တတွေကြား
မင်းမျက်ဝန်းစကားကိုခိုးနားထောင်ရတဲ့ဘဝ
အရင်လို ခဏ ပြန်ဖြစ်ပါရစေလား။

အဲ့ဒီ့ဘ၀.
နွေလေရူးနဲ့ တဖြူးဖြူး သင်းပျံ့
လူငယ်ရနံ့နဲ့ ကံ့ကော်ကာလမှာ
ငါတို့..ဖြူစင်မှုတွေ
စံပယ်လို ဖူး ခဲ့ကြတယ်။

ဒီလိုနဲ့ပဲ
အသစ်တစ်ဦးစီနဲ့ ..ယစ်မူးသွားတဲ့ အထိ
ငါတို့သိတာက ..ကြည်ကြည်လင်လင်။
နင်ကလည်း ငါ့ကို ကြည့်
ငါကလည်း နင့် ကို ကြည့်ရင်း
ဝေးတယ်ဆိုတာ ကိုတောင် မသိခဲ့ကြဘူးနော်။

ပျော်ရွှင်ပါစေ..ဒီဆုတောင်းနဲ့နေ့တွေသာဟောင်းဟောင်းလာတယ်
သံယောဇဉ် အကြောင်းကတော့ ကောင်းနေဆဲပေါ့..။

ထပ်ခေါ်ဦးမယ်လေ..
ငယ်ချစ်ရေ...

ငါတို့ နှလုံးသားကို ပြဒါးပါတဲ့မှန်လေးတွေပေးပါ။
ဘယ်ညာတော့လွဲနေရဲ့
အနည်းဆုံးတော့
အသည်းတွေထဲက ကွဲကြေဆဲ ဝေဒနာ
နင်ရယ်ငါ ပြန် ရှာရအောင်လေ

အချိန်တွေပြောင်း..
လည်တွေလည်းစောင်းနေပါပြီ..
ငါစောင့်နေရတော့ ညောင်းတယ်ကွယ်..။

ဟောင်းနေတဲ့ ပြက္ခဒိန်ကို ပြန်ကြည့်
ငါ့ ကို ငါ မသိခဲ့တာ..ငါးနှစ်ရှိပြီ။
စဉ်းစားကြည့်
ကိုယ့်အတ္တကို အရိပ်လို နေတဲ့ကောင်
ကံကြမ္မာက စာရင်းဖြောင်
ချစ်ခြင်းက အကြောင်ရိုက်ခံခဲ့တဲ့ အခါ ဘယ်လို နေမလဲလို့ပေါ့.........။

6 ယောက်ကဒီလိုဒီလိုပြောကြတယ်:

အိုင်လွယ်ပန် said...

အလဲ့

ဖရိန်ကို အရင်ကတည်းကကြိုက်တာဟ .....

ပြန်လည်ဆန်းသစ်လိုက်တာပေါ့ .....

ကောင်းပဗျာ .....

သဇင်ဏီ said...

ငယ်ချစ်...ငယ်ချစ်..ငယ်ချစ် မို့မေ့မရနိုင်ပါ..
နောက်ဆုံးစာသားလေးက ထိတယ်ဟ

ပိုင်ဖြိုးကို said...

ငယ်ချစ်ဆိုတာကိုက ......
ပြောတာ့ပါဘူးဟာ .....

သက်ပိုင်သူ said...

ကောင်းတယ် သူငယ်ချင်းရေ
အဆာမောကချိန်လေးကို သတိရသွားတယ်
ဘာရယ်မဟုတ်း)

လွမ်းသုရင် said...

ဟိုက်ရှားပါး... မြရေလျဉ် ပုံမှန်ပြန်ဖြစ်လာပြီ။ နင်ရေးတဲ့ ကဗျာဆိုရင် ငါကအကုန်ကြိုက်တယ်။

Unknown said...

ပျော်ရွှင်ပါစေ..ဒီဆုတောင်းနဲ့နေ့တွေသာဟောင်းဟောင်းလာတယ်သံယောဇဉ် အကြောင်းကတော့ ကောင်းနေဆဲပေါ့..။အရမ်းကြိုက်တယ်။