စ လယ် ဆုံး သုံးပါးလုံးတော့ မင်းသိဖို့ လိုလာပြီ။

ကိုရီးယားကားလို အလယ် က ဖြတ်ကြည့် ပြီး ငါဗီလိန် လို့ မင်းမပြောပါနဲ့..


ဓားကိုင်ထားတိုင်း လူသတ်သမားတဲ့လား..

အသေးစား ခွဲစိပ်မှု အတွက် ငါ အလုပ်ရှုပ်နေတာပါ။


အိပ်ဆေး ဆို ပြီး သောက်သေရ မှာကြောက်သလား

နှာစေးပျောက်ရုံ သက်သက်ပဲ ငါ့ ကိုသုံးပေါ့။


ဒီညီမျှခြင်းရဲ့ နှစ်ဖက်မှာ နားလည်မှု ကို ထပ်ပေါင်းထည့်ပေးပါ..

ငါမညာဘူး လို့ နင်သိမယ်။


အချစ်မရှိဘူး လို့ ငါ့ ကို နင် မနေ့က စွပ်စွဲတယ်

အဲဒီ့မတိုင်ခင် တစ်နေ့ က နင့် အတွက် ငါသွေးလှူခဲ့ပါတယ်..


ပေးတတ်တာလည်း ဒီလောက်ပဲ..

မသိတတ်တာလည်း ဒီတစ်ယောက်ပဲ..

အတည်ပေါက်နဲ့..တစ်ချီလောက်တော့ ထားခဲ့ချင်တယ်

နောက်ဆုံး တစ်ခွန်း.......

`ဒီတစ်ခေါက်တော့ ဆင်ခြင်ပါ။´

10 ယောက်ကဒီလိုဒီလိုပြောကြတယ်:

တလနွန် said...

ကောင်းတရ် အမရေ
ကာရန်တွေ မြူးနေတာပဲ
“အချစ်မရှိဘူး လို့ ငါ့ ကို နင် မနေ့က စွပ်စွဲတယ် အဲဒီ့မတိုင်ခင် တစ်နေ့ က နင့် အတွက် ငါသွေးလှူခဲ့ပါတယ်..
ပေးတတ်တာလည်း ဒီလောက်ပဲ.. မသိတတ်တာလည်း ဒီတစ်ယောက်ပဲ.. အတည်ပေါက်နဲ့..တစ်ချီလောက်တော့ ထားခဲ့ချင်တယ် နောက်ဆုံး တစ်ခွန်း....... `ဒီတစ်ခေါက်တော့ ဆင်ခြင်ပါ။”
ကို သဘောကျတရ် ......တစ်ပုဒ်လုံးကောင်းတရ်

puluque said...

တစ်ပုဒ်လုံးကောင်းတယ်ဗျာ..အကြိုက်ဆုံးက တော့ နောက်ဆုံးအပုဒ်လေးပဲ "ပေးတတ်တာလည်း ဒီလောက်ပဲ.. မသိတတ်တာလည်း ဒီတစ်ယောက်ပဲ.. အတည်ပေါက်နဲ့..တစ်ချီလောက်တော့ ထားခဲ့ချင်တယ် နောက်ဆုံး တစ်ခွန်း....... `ဒီတစ်ခေါက်တော့ ဆင်ခြင်ပါ။” ...မိုက်တယ်ဗျာ။ ဒီတစ်ခါတော့ ခွင်လွှတ်လိုက်တယ် ထင်ပါတယ် ဟုတ်လား မချောစုခင်( ဟီးဟီး စိတ်ဆိုးနဲ့နော်...)

သက်ပိုင်သူ said...

သီးကို ပြောတာလား
သည်းကို ပြောတာလား...
သီးမခံနိုင်ဘုးဆိုတော့... အင်း...
စဉ်းစားလိုက်ရတယ်....

သက်ပိုင်သူ said...

ကိုကိုဂွေးတော့... သေတော့မှာပဲ...
သူများ သားသမီးကို ချောစုခင်တဲ့... ဟွန့်
သိရင်လည်း တိတ်တိတ်နေတာ မဟုတ်ဘူး.....
ခိ... ခိ

အိုင်လွယ်ပန် said...

လုပ်လှချည်လား .....

Unknown said...

ကောင်းတယ်ယောင်းမရေ။

လွမ်းသုရင် said...

လုပ်လှချည်လား... တကယ်ကိုကောင်းတာပါ။ ကောင်းတယ်ဆိုတာထက် ဘာစကားလုံးကို ထပ်ပြောရမှန်းမသိအောင်ကောင်းတာ။ နင့်အသံလေးနဲ့ဖတ်သလို နားထဲမှာ ကြားကြည့်တော့ ပိုပြီးကောင်းသွားတယ်...

ဖိုးသင်္ကြန် said...

Greengirl ပြောသလိုပဲ။ နင်ရုပ်နဲ့ဖတ်ပြနေတဲ့ပုံ တွေးကြည့်လိုက်တာ
အင်း
တော်တော်သနားသွားတယ်။
(ကောင်လေးဘက်က)
:P

Unknown said...

la da phoe tha gyan!

သဇင်ဏီ said...

ကဗျာကတော့ခပ်ရင့်ရင့်ပဲနော်..
မိုက်တယ်.. =)