ငါသိပ်လှနေတဲ့ ည ပေါ့..
သေချာခြင်းနဲ့ ရင်တွေခုန်
ကိုယ့် ကံကိုယ် လည်း မယုံရဲပါဘူး..


ဆို ငို ပြော ..အလွမ်းအဆွေးနဲ့ အသော မှာ
အားလုံးရဲ့ အပြောအရ
ဩော ချရအောင် သတင်းကြီး..
ငါ က မင်းသမီးလေ..

ဆိုတော့ ကာ ...
အကုန်လုံးရဲ့ ထင်ကြေးအရ ..
ဒီနှစ်မှာတစ် ပြေး.အကယ်ဒမီလေးတော့ ရလောက်တယ်

ချစ်သူမောင်ရေ..
နင့် ရင်ထဲ က ရွှေစင်ရုပ်ဟာ ငါ့ အတွက်ဟုတ်ရဲ့လား
ဘေးနားမှာ ဂျာနယ်သမားတွေ ၀ိုင်း ..လို့..

အားလုံးကို ပြုံးပြုံးလေးတုံ့ပြန်..
သဇင်တွေပန်ထားတာ လည်းဝေနေပြီ..


...
တိတ်...
ဟော..နားထောင်ကြပါ
ကြေညာလိုက်တဲ့ အခါ..............

ကျွန်မနာမည်ဆိုတာ ဘယ်မှာလဲ..
အကယ်ဒမီကို လွဲပါသတဲ့..။

ဒါပေမယ့် လည်း မင်းသမီး
မျက်နှာကို ပြုံးဖြီးလို့ အမုန်းမကြီးကြောင်းကို..ဟန်ဆောင်ပြ
ရွှေစင်ရုပ်ကိုလည်း ပြန်လှောင်ရသေးတယ်..

ရင်ထဲမှာတော့ ဗလောင်ဆူ
ချစ်သူ ဆု ကို ဘယ်သူ မှ မယူကြပါနဲ့
ကျွန်မမှာ ရူးမတတ်..
အရုပ်လို ကြိုးပြတ်လို့..
မှတ်မှတ်ရရကြေကွဲ
လွဲချော်ခြင်းနဲ့မှ တည့်တည့်စူး
ဒီလိုနဲ့ အချစ်ဟာ ဦးကျိုးခဲ့ပေါ့..။

5 ယောက်ကဒီလိုဒီလိုပြောကြတယ်:

သက်ပိုင်သူ said...

ကောင်းတယ်ဟေ့.... ဘာတဲ့ ရွှေစင်ရုပ်တုတဲ့...
ရွှေရည်စိမ်ရုပ်တုတော့ င့ါမှာ ရှိတယ်.. .ယူမလား.. ဟီး

တလနွန် said...

“ဒါပေမယ့် လည်း မင်းသမီး
မျက်နှာကို ပြုံးဖြီးလို့ အမုန်းမကြီးကြောင်းကို..ဟန်ဆောင်ပြ
ရွှေစင်ရုပ်ကိုလည်း ပြန်လှောင်ရသေးတယ်..”

ဒီအပိုဒ်လေးကို အရမ်းသဘောကျတရ်။ ရွှေစင်ရုပ် ကို
ထိုက်ထိုက်တန်တန်နှင့် တစ်နေ့ ရရှိပါစေလို့ ဆုတောင်း
ပေးပါတရ်။

ပိုင်ဖြိုးကို said...

ဘာရင်ရှုပ်စရာ ရုပ်ရှင်နဲ့လဲဟင် ..... ဟီးဟီး

Unknown said...

like tal kwarr!

puluque said...

ဖတ်လိုကောင်းပါတယ်။ ကဗျာလေးက လှတယ်ခင်ဗျ။
“လွဲချော်ခြင်းနဲ့မှ တည့်တည့်စူး
ဒီလိုနဲ့ အချစ်ဟာ ဦးကျိုးခဲ့ပေါ့..။” ဟုတ်လားဗျ....