တစ်ခုခု ဖြစ်နေပြီလို့ သိလိုက်တဲ့အချိန်မှာ
တစ်ခုခုက ထပ်ပျက်ပေါ့..
မနေ့က မနက် အိပ်ရာထတဲ့ အထိတော့ အားလုံးက အကောင်း
မက်နေကျ အိပ်မက်ကလဲ မဟောင်းသေးဘူး။


ကံဆိုးကံကောင်း နဲ့ တစ်ချပ်မှောက်ခဲ့တာ မဟုတ်တော့
ရှုံးထွက်ပွဲပေမယ့်
ရုန်းထွက်ဖို့က ချီတုံချတုံ
မာန်ဟုန်ပြင်းပြင်းနဲ့
မျှော်လင့်ခြင်းတွေပြည့်မီဖို့ ပြန်ဆက်
ချစ်သက်လက်ဆောင်ကိုတောင်ထုပ်ပိုးလို့..။

ဒီလိုပါပဲ ..ဘ၀သံသရာရယ်
အချစ်ကို ၀ဋ်နာကံနာ လို့ ငါ(ခုထိတော့)တစ်ခါမှမသတ်မှတ်သေးပါဘူး..။
ဘယ်သူမပြု မိမိမှုပေါ့
ဒုတိယံပ္ပိကြေကွဲနေ့ညတွေကတော့
လမ်းဘေးမီးပွိုင့်တွေလို စိမ်းရာက ၀ါ
နောက်ဆုံးတောီ့ သွားတော့မှာပါ။

လမ်းဆုံးကို ငါသိတယ်
ကျေးဇူးပြုပြီး လမ်းထပ်မပြကြပါနဲ့..

ရယ်သံတွေတိတ်တိတ်လာတဲ့ ငါ့ရင်ကွဲနေ့တွေမှာ
ငါ့ဖာသာငါပဲ တစ္ဆေလုပ်ပြန်ချောက်မယ်..။
ချစ်နေဆဲပဲ လို့တော့ ပြော ပြောပြီး မနောက်ပါနဲ့ဟယ်။

အမှတ်တရ ကို တဆိတ် Sign out လုပ်ပေးပါ
အတိတ် ဆိုတာ သေဆေးလား..။
ဒီလိုနဲ့
အဖြေပေးမခံရတဲ့ ပုစ္ဆာတွေကတော့ ခုထက်ထိ ငုတ်တုတ်..။
တစ်ခါတစ်လေတော့
အမှတ်အတေးတွေနဲ့ လာလာ လှုပ်တယ်..။
ပေးဖူးတဲ့နားလည်မှုတွေ အရင်းပြုတ်..
ငါကိုယ်တိုင်ဆုပ်မိခဲ့တဲ့ ဆူး.......
မစားပါဘူး..
ရူးမယ်ဆိုတာ သိတယ်..
ရူးမယ်ဆိုတာပဲ ကြိုသိလိုက်တော့တယ်..။
ရူးလိမ့်မယ်လို့ ကြို သိထားလိုက်ပါတော့ တယ်။

6 ယောက်ကဒီလိုဒီလိုပြောကြတယ်:

မိုးခါး said...

ဆက် အိပ် ကွာ ...

noblemoe said...

ရေးတတ်လိုက်တာ
အချစ်ကို ၀ဋ်နာကံနာ လို့ ငါ(ခုထိတော့)တစ်ခါမှမသတ်မှတ်သေးပါဘူး..။
ဒါဆို ကျေးဇူးဆပ်တယ်လို့ မှတ်လိုက်ညီမလေးး)
နှစ်သစ်မှာ သာယာချမ်းမြေ့ပြီးပျော်ရွှင်ပါစေနော်
မိုး

ဆောင်းနှင်းရွက် said...

ခံစားချက်တွေ ပေါ့ ...
ပျော်ပျော်နေနော် ..
မပျော် တဲ့ ပုံစံ ဖြစ်နေမှာ စိုးလို့ .. :P

Mogok Thar said...

လှောင်နေတဲ့ နိမိတ်

(ဆက်အိပ်လို့တော့ တစ်ချို့က အားပေးတယ်)

အဲဒီနိမိတ်ကို....

ကောင်းတဲ့ အတိတ်အဖြစ်သာ

ပြောင်းယူနိုင်ပါစေ...

သဇင်ဏီ said...

i like this poem...

ညလင်းအိမ် said...

အချစ်ကို ၀ဋ်နာကံနာ လို့ ငါ(ခုထိတော့)တစ်ခါမှမသတ်မှတ်သေးပါဘူး..။
ဘယ်သူမပြု မိမိမှုပေါ့
ဒုတိယံပ္ပိကြေကွဲနေ့ညတွေကတော့
လမ်းဘေးမီးပွိုင့်တွေလို စိမ်းရာက ၀ါ
နောက်ဆုံးတော့ နီ သွားတော့မှာပါ။

ကောင်းတယ် ရေးထားတာ ....