ဟန်နီ
တစ်ဘ၀လုံးလို့ပြောဖူးသလိုလိုပဲ
ဟန်နီ
အရုဏ်တက်တိုင်းကို ငါအရင်လို မကြိုဆိုတတ်ခဲ့
ဟန်နီ
ကြင်နာတာတွေ ခပ်ဝေးဝေးမှာ
နာကျင်တာတွေ နီးနီးလာတယ်
ဟန်နီ
ကျွန်မ လက်တွေ မြှောက်ပြလိုက်တိုင်းမှာ
အဓိပ္ပါယ် နှစ်မျိုးကတွဲကပ်ပါခဲ့
လာပါလို့လဲ ခေါ်ချင်တယ်
ပြန်ပါလို့လဲ ပြောချင်တယ်
ဟန်နီ
မုန်တိုင်းစဲချိန်ရောက်လာပေမယ့်မုန်တိုင်းကျချိန်ကဒဏ်ကြောင့်
ငါနေရောင်ကိုစွန့်ရလိမ့်မယ်..။
ဟန်နီရေ..................
ခပ်ကျယ်ကျယ်အော်မယ်ပြင်ကာမှ
အသံတွေက တိုးတိတ်
ကျွန်မတစ်ဘ၀လုံး
ပျော်ရွှင်ခြင်းက ထာဝရအိပ်စက်သွားတော့မယ်....



9 ယောက်ကဒီလိုဒီလိုပြောကြတယ်:

မေဇင် said...

ဟန်နီ....စိတ်ကိုလျှော့....ဟန်နီ ... မုန်တိုင်းစဲ ပြီပဲ..ဘာလိုသေးလဲ...း))

သဇင်ဏီ said...

read tal :)
wish u all the best my fri...

noblemoe said...

ညီမလေးရေးးးးးးးး
မုန်တိုင်းတွေစဲသွားရင် လေပြေလေညင်းလေးတွေရောက်လာမှာပါ။
အသက်ရှင်နေသမျှတော့ ပျော်ရွှင်ခြင်းတွေ၊ဝမ်းနည်းခြင်းတွေဆိုတာတလှည့်စီခံစားကြရမှာပါပဲ။ဒါကြောင့်ပျော်ရွှင်ခြင်းတွေဟာ ထာဝရအိပ်စက်မှာမဟုတ်ပါဖူးကွယ် ဝမ်းနည်းခြင်းထာဝရအိပ်စက်ပြီး ပျော်ရွှင်ခြင်းတွေထာဝရရှင်သန်နိုင်ပါစေကွယ်
ဘဝမှာသာယာချမ်းမြေ့မှုတွေနဲ့ အတူပျော်ရွှင်ပါစေနော်
မိုး

Mogok Thar said...

ဟန်နီ... ဟန်နီ..
ဘဝမှာ လေပြည်တွေလဲ ရှိရဲ့..
မုန်တိုင်းတွေလဲ ရှိခဲ့...
ဘဝမှာ
အာရုဏ်တက်ချိန်တစ်ခုထဲ ရှိခဲ့တာမဟုတ်ဘူးလေ..
ပီးရင်.. ဆည်းဆာချိန်.... ဆိုတာ လာအုံးမယ်...
နေ့တွေမှာ နေရောင်လာမယ်...
နွေးထွေးချိန်လဲ ရှိမယ်.. ပူလောင်ပြင်းပျချိန်လဲ ရှိမယ်..
လသာတဲ့ညတွေလဲ ကြုံမယ်.. လမိုက်ညတွေလဲ ရှိတယ်...
အလင်း.. အမှောင်...
အဆိုး.. အကောင်း.. .တွေကြားမှာ...
ပျော်ရွှင်မှု.. စိတ်ငြိမ်းအေးမှုတွေ....ရှင်သန်နေပါစေ......

မေသူ said...

အရုဏ်ကို မလာပါနဲ့ ...မကြိုလဲ လာနေမှာ...

နေ့ သစ်တနေ့ အမြဲရောက်လာမှာပဲပေါ့...

ပြီးသွားတဲ့ နေ့ တနေ့ အတွက် တမ်းတနေလို့ လဲ အကျိုးမရှိသလို၊ ရွံ့ မုန်းနေလို့ လဲ အကျိုးမရှိဘူး။

မုန်တိုင်းကျလာရင် ဒီမုန်တိုင်းက လွတ်အောင် ဘယ်လို ရုန်းမလဲပဲ စဉ်းစားပေါ့...
ကိုယ့်ကိုပျော်ရွှင်စေမဲ့ လက်ရှိအရာကို ဖုန်တက်နေရင် ဖုန်သုတ်လိုက်... ရှင်းရှင်းလင်းလင်းမြင်၊ ပွင့်ပွင့်လင်းလင်းဖြစ်နိုင်အောင်။ ခပ်ကျယ်ကျယ်အော်ချင်လား... အော်ပစ်...
သွယ်ဝိုက်ပြီး ရင်မဆိုင်နဲ့ ... =)

Sein Lyan Tun said...

ဟန်နီဆိုတာ ပေါ်ပေါ်ကို ခေါ်တာဆိုတော့

ဒီကဗျာက ပေါ်ပေါ် အတွက်များရည်ရွယ်သလားပဲ။

အင်း စဉ်းစားစရာ


အင်း ရင်လေးစရာ

မိုးခါး said...

မနောက်တော့ပါဘူး
စပဲ စသွားတော့မယ် :P
အစကတော့ ဒီလိုပေါ့
နောက်တော့ ...... :P

ညလင်းအိမ် said...

း)))

ဟန်ကြည် said...

အတွေးလေးလှလိုက်တာ။ကိုယ်တိုင်က Realism သမားဆိုပေမယ့် Modern ကဗျာလှလှလေးတွေကိုလည်း မြတ်နိုပါတယ်။ မကြာမကြာ လာကြည့်ဖြစ်တော့မယ်ထင်ပါရဲ့...