ထူးထူးထွေထွေ မရှိဘူး
ပိုမကောင်း ပိုမဆိုး
ရိုးရိုးလေးနေ့...။
ထူးထူးထွေထွေ မရှိဘူး..
ခါတိုင်းလို အိပ်မက်ဆိုး မမက်တဲ့နေ့ ...။
ထူးထူးထွေထွေ မရှိဘူး
ခါတိုင်းလို တောင်ပြေးမြောက်ပြေး
သစ်ခြောက်ပင်ဆွေးလို
သေမယ့်နေ့ကိုလဲ မငေးရဘူး..။
ထူးထူးထွေထွေ မရှိဘူး
ရင်ထဲက ပူသလိုလို
ငိုချမရလို့ ဆွေးသလိုလို
မူးမိုက်မတတ် ခွေကျနေသလို
ဘာဆိုဘာမှ မရှိဘူး..။
ထူးထူးထွေထွေ မရှိပါဘူးဆို..
မရှိပါဘူး ထူးထူးထွေထွေ
စိတ်တွေပဲ တေလေ
တေတယ် လေတယ်..
ပေတယ်
အမေရယ်.. ၀င်စိတ်မပူပါနဲ့..
ကျွန်မမှာ ဘာမှ ထူးထူးထွေထွေ မရှိတော့တာ ကြာပါပြီ..။
Subscribe to:
Post Comments (Atom)
3 ယောက်ကဒီလိုဒီလိုပြောကြတယ်:
"ထူးထူးထွေထွေ မရှိပါဘူးဆို..
မရှိပါဘူး ထူးထူးထွေထွေ
စိတ်တွေပဲ တေလေ
တေတယ် လေတယ်..
ပေတယ်
အမေရယ်.. ၀င်စိတ်မပူပါနဲ့..
ကျွန်မမှာ ဘာမှ ထူးထူးထွေထွေ မရှိတော့တာ ကြာပါပြီ..။ "
ကြိုက်တယ်။ အဲ့ဒီအတိုင်းပဲ ကြာခဲ့ပါပြီ...
ထူးထူးထွေထွေတော့မဟုတ်ဘူး။ အဟတ်....း))
တကယ်ကြီးလား..
ထွေထွေထူးထူးတော့ရှိတယ်ပေါ့...
Post a Comment