ကျွန်မကယောက္ခမဆိုတာကို မမြင်ဘူးခင်ထဲက လန့်တာနော်။ဓါတ်ပုံလေးမြင်မှပဲ…(ပိုလန့်..)အဲ စိတ်သက်သာတာ။
ကျွန်မ`ယောက္ခမ`ကမျက်နှာတော့ ချိုတယ်လေ.။ကြားရင် ငါက မျက်နှာလေးတော့ချိုတယ်ဆိုတော့ အူကပုပ်နေလို့လားမေးဦးမယ်….:P
ဟုတ်တယ်။တကယ်မျက်နှာချိုတာပါဆို..။လက်ကရွှေလက်ကောက်ကြီးကလည်း ၀င်းလို့ ထင်းလို့။ပြုံးပြုံးကြီးရပ်နေတာ…(ဓါတ်ပုံထဲ မှာလေ)
ကျွန်မကတော့ အများသိတော်မူကြတဲ့ အတိုင်းရှပ်ပြာပြာနဲ့လေ။အမေကဆို ´ယောက္ခမအိမ်ရောက်ရင် မိဘမျက်နှာပျက်မယ့်သမီးလေး´ လို့ ထောမနာ ပြုထားရှာတာ။အမေပြောသလို ယောက္ခမအိမ်ရောက်တော့ မျက်နှာမပျက်ပါဘူး..။မရောက်ခင် ..´မောင်´ကမိတ်ဆက်ပေးဖို့ ခေါ်သွားပေးတဲ့နေ့ကတည်း ပန်းအိုးလေးတစ်လုံးလားကွဲတာ။တော်သေးတာ က အဲ့ဒီ့ ပန်းအိုးက သူ့မေမေရဲ့ favourite ဆိုလား….။ဒီ့ထက်တော်သေးတာက အဲဒီ့ကတည်းက သူ့မေမေက ကျွန်မကို ကြည့်မရတော့တာတဲ့ရှင်။
အမယ် …အဲလိုတွေသာပြောတာ.ကျွန်မမှာ နံမည်ကြီး အားသာချက်တစ်ခုရှိပါသေးတယ်နော်။အဲဒါကတော့ ဟင်းချက်ကောင်းတာပဲ။အမေကလည်း ဒီတစ်ချက်တော့ ကျွန်မကို ယုံတယ်။အားလည်းပေးတယ်။ဒီလိုနဲ့ယောကျာင်္းရရင်ဒါလေးပဲအားကိုးပြီးနေရတော့မယ် ဆိုပြီး..သူ့ကို လက်ထပ်လိုက်တာပါပဲ။
ဟဲ ဟဲ…ကိုယ့်လက်ရာကိုယ် ´ ချစ်သည်းပိုင်´ဟင်းချက်နည်းလို့ နာမည်ပေးထားတာ `မောင်`ရော.သူ့အမေရောဘယ်သိပါ့မလဲ။ ကျွန်မ ´ချစ်သည်းလေး´နဲ့ သူ့အမေ ´ချစ်သည်းကြီး´ ကို ဒီနည်းနဲ့ ´ပိုင်´အောင်လုပ်မယ်ပေါ့။အားခဲလာတာ..တကယ်တမ်းလည်းကျရော..
ကျွန်မရဲ့ မေမေသစ်က အိုင်ဒီယာ ဘယ်လောက်လန်းတယ်ဆိုတာ အဲဒီ့ကျမှ သိရတော့တာပဲ။
သူကတစ်အိမ်လုံးကိုမေးတယ်။ဘာစားမလဲ ဒီနေ့ပေါ့..။တစ်အိမ်လုံးကပြောတာတွေကလည်း တစ်ယောက်ကို အသားတစ်မျိုးစီနော်။သူက ´အေး´ဆိုပြီး ကျွန်မကိုဈေးကို လွှတ်ပါတယ်။ကျွန်မကတော့ ဒီလောက် ဟင်းအမည်တွေအများကြီး ငါ လက်စွမ်းပြမယ်ပေါ့.။ဝယ်လာခဲ့တယ်။
အိမ်ရောက်လို့ မီးဖိုထဲလည်းဝင်မယ်လုပ်ရော..သူချက်မယ်တဲ့။စိတ်ဓါတ်နည်းနည်းကျသွားပေမယ့် `ရပါတယ်´ပေါ့။´ချက်ပေါ့`။အငြင်းမပွားပါဘူး။သူ့ အိမ်ကိုး။အဲ ..သူကဆက်ပြောတယ်..။
´ဇာခြည်´က Bio နဲ့ကျောင်းပြီးထားတာဆိုတော့ ..နောက်ဆိုရင် ကြက်သား.၀က်သားကိုင်တာ အကုန်လုပ်ရမယ်တဲ့`ပန်းပင်လည်းရေလောင်းရမယ်`တဲ့
ကျွန်မ ငိုချင်သွားတယ်။သူက Account နဲ့ ပြီးတဲ့ `မလဲ့´ကို ငွေကိုင်တဲ့။ အမယ်..IT နဲ့ပြီးတဲ့..´မေစန္ဒာ ကျ စာပို့တဲ့ အလုပ်တို့ .မီတာBillဆောင်တာတို့ ..ဖုန်းBill ..အင်တာနက် Bill ဆောင်တာတို့ လုပ်ရတာတဲ့နော်..
ချွေးမတွေကို plan ချတာတော်လိုက်တာ..။စိတ်ထဲကနေတွေးမိတာ က ငါ law တို့ Civil တို့ ယူခဲ့မိရင်ဒုက္ခလို့…
တော်ကြာlaw ယူမိလို့ ..ရပ်ကွက်ထဲ သူရန်ဖြစ်ရင် ကိုယ်ကသူ့ဖက်က လိုက်ရှင်းပေးရမယ်ဆို ဘယ်လို လုပ်မလဲ။
Civil ယူမိလို့ ခေါင်မိုးပေါ်တက်ပြီး အိမ်ပြင်ရမယ်ဆိုလည်း မနိပ်ဘူးနော်..
အဲဒီ့လိုနဲ့ သူဟင်းတွေချက်တယ်။သူချက်ရမှာတွေ ကြည့်ပြီး ဒီမနက်ငါ ဘယ်အချိန်ထမင်းစားရမှာလဲလို့ စိတ်ပူမိသေးတယ်။ အမဲသား၊၀က်သား၊ငါးဖယ်၊ကြက်သား၊..ငါးသလောက်လည်းပါသေးတယ်။အကုန်ချက်မှာဆိုပဲ။
အရည်သောက်က ချဉ်ပေါင်ဟင်း.။ကျွန်မလည်း(ယောက္ခမရဲ့ ဖော်မြုလာအရ) ကိုယ့်ပညာအဆင့်အတန်းနဲ့ ညီတဲ့ သားငါးကိုင်ခြင်း အလုပ်ပြီးပြီဆိုတော့ မီးဖိုထဲကထွက်ခဲ့တယ်။နောက် မိနစ် ၂၀လောက်နေတော့ ´ထမင်းပွဲပြင်ကြ.စားလို့ရပြီ ´တဲ့။အံ့ဩလိုက်တာ။ဒီခဏလေးအတွင်း ဟင်း၆မျိုးကျက်အောင်ချက်လိုက်တယ်ဆိုတာ တီဗွီမှာလာလာနေတဲ့ Yan Can Cook အစီအစဉ်က လူကြီးတောင် အဲလောက်မမြန်နိုင်ဘူး။ ဒါတောင် ဟိုက ချက်ပြီးသားတွေ ရိုက်ပြနေတာနော်.။`အကုန်ကျက်ပြီလားမေမေ´ဆိုတော့ ´အေး´တဲ့..။
လား လား ထမင်းစားမှသိတယ်။သူက ဂက်စ်မီးဖို ကို ၂ဖိုဖွင့် ၊ ဟင်း၂အိုးထဲနဲ့ချက်တာနော်။တစ်အိုးက အရည်သောက်ဟင်းပေါ့..နောက်. ဟင်းအိုး၁အိုးထဲမှာ..အမဲသား၊ကြက်သား၊၀က်သား၊ငါးဖယ်တွေ အကုန်ရောချက်တာ။ငါးသလောက် ပါနော်..။
ပြီး ကိုယ်မှာတဲ့ အသား ကိုယ်ရွေးစားရတာတဲ့…ဂက်ဖိုးရောလူရောသက်သာအောင်လေတဲ့ ရှင်းပြသေးတယ်။နောက်အမြဲအိမ်မှာအဲလိုချက်တယ်..အကျင့်ရအောင်လုပ်ထားလို့ သားတော်မောင်လုပ်သူကထပ်ကွန့်သေးတယ်။
နောက်နေ့ သူ့အမေ မရှိတဲ့အချိန်…
´ အဲဒီ့လောက် လန်းတဲ့ အိုင်ဒီယာ ရှင့်အမေနဲ့ ကျမှတွေ့ဖူးတာ ´လို့ပြောတော့ အမေချစ်သားကြီးက သိပ်ကြည်ပုံမပေါ်ပါဘူး ရှင်. ဟား ဟား ဟား………..။
Subscribe to:
Post Comments (Atom)
13 ယောက်ကဒီလိုဒီလိုပြောကြတယ်:
အမယ်.. ငါ့သယ်ရင်း... ယောက္ခမတွေ ဘာတွေရလို့... ဟား ဟား။.... ဖိုးသင်္ကြန်တော့ ဒီတစ်ခါ ငတ်ပြီ... နင်ချက်တာ မစားရတော့မှာ ပြောတာပါ..
မလဲ့ ၊မေစန္ဒာ၊
သူတို့တောင်ပါတယ်ဟ။
ပြောင်ရှင်းရေ
ကြည့်ရှောင် ၊ အခပ်မသင့်ရင်
သူ့ Blogမှာ မင်းသားဖြစ်သွားနိုင်တယ်
ဇာတ်လမ်းလေးကလန်းတယ် ..မျောသွားတာပဲ
ဆက်ရန်......မရှိတော့ဘူးလား
ဟာသလည်းဖြစ်တာပဲ....နော်
အင်း ဟုတ်ပ ဟုတ်ပ ....
ကော်ဖီသောက်ရင်တောင်
ခွက်ဖိုးသက်သာအောင် အမှုန့်တွေ ပါးစပ်ထဲထည့်
ရေနွေးလောင်းချမလားပဲ ....
နင့်ယောက္ခမ နဲ့တော့ ဟုတ်နေပြီ ....
အိ ငါတော့ ငွေကိုင်ဖြစ်ရော... ရက်စက်ပါ့ :(
တော်ပါတယ် သူငယ်ချင်းရယ် :P
ဆက်ရေးနော် အားပေးပါ့မယ်
ငွေတွေကိုင်ရင်းနဲ့ :D
ဇာခြည်တောင် မလွတ်ဝူး နောက်ဆို ဘယ်ဒူတွေပါလာဦးမလဲ မသိ ????
ငါသာ မင်းသားဖြစ်ရင်... မင်းသမီးတွေအားလုံးက ငါ့ကို ၀ိုင်းကြိုက်ကြ.. ငါ့ကြောင့်ရန်တွေဖြစ်ကြ.. ထောင်ကျ....
ကောငိးပ့ါကွာ
ယောက္ခမရှိခိုး သွားမကျိုးတဲ့၊ ထိုင်ပြီးတော့သာ
ဦးသုံးကြိမ်ချလိုက်တော့ .... ဟား ဟား။
တော်တော်တော်တဲ့ညီမလေးယောက္ခမပါလားနော်
ဒီလိုယောက္ခမျိုးရခဲတယ်ညီမလေးရေ......
အဟဲ..
ဒီလိုယောက္ခမျိုးမတွေ့ပါရစေနဲ့ :P
ဒါလည်း အီလည်လည်နဲ့ ရယ်ရတာပဲ..
အဟင့်...နိုချင်တွားတရ်..
ညီမလေးက ထမင်းလည်းမချက်တတ်..ဟင်းလည်းမချက်တတ်..
ရယ်ရတယ်... တော်တော်တွေးတတ်တယ်နော်.... :)
မြင်ယောင်လိုက်တယ် ... ????????????????????????????????????????????????????????????????????????????????????????????????????
Post a Comment